backup og meta

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး သွေးခဲနိုင်ချေ မြင့်မား ။ ။

အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သွေးခဲနိုင်ချေပိုမြင့်မားတယ် ။ deep vein thrombosis လို့ခေါ်တဲ့သွေးပြန်ကြော သွေးခဲပိတ်ခြင်း ရောဂါ ဖြစ်နိုင်ချေ ပိုများတယ်ဆိုရင် အံ့သြသွားမလား။ ဒီကိစ္စက အမှန်ပါ။ နာတာရှည်သွေးပြန်ကြော ရောဂါတွေ၊ သွေးခဲတဲ့ ပြဿနာတွေအမျိုးသားတွေမှာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ တွေ့ရပိုများပါတယ်။

သွေးခဲတာ ကြောက်စရာလိုလို့လား။

ထိခိုက်ဒဏ်ရာ တစ်ခုခုရလို့ သွေးထွက်တဲ့အခါ ကိုယ်ခန္ဓါက သွေးခဲစေပြီး သွေးတိတ်ေအာင် လုပ်ရပါတယ်။ ဒါကကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပေမယ့် deep vein thrombosis လို့ခေါ်တဲ့ သွေးပိတ်ကြောပိတ်တဲ့ ပြဿနာမှာတော့ ဒီသွေးခဲတဲ့ ကိစ္စက တရားခံပါ။ ဒါတင်မက ခဲနေတဲ့သွေးခဲလေးတွေပြုတ်ထွက်ပြီး အဆုတ်သွေးကြော နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် ပိုပြီး ပြဿနာကြီးသွားပါပြီ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပြဿနာတွေက မိန်းကလေးတွေမှာမှ ဘာ့ကြောင့် ပိုဖြစ်ရတာလဲ

အမျိုးသမီးတွေမှာ သွေးခဲနိုင်တဲ့ ပြဿနာတွေ ဖြစ်ရတာ ဒါတွေကြောင့်ပါ။

( ၁ ) ကိုယ်ဝန်

ကိုယ်ဝန်စဆောင်ထားတဲ့အချိန်ကစပြီး မီးဖွားခါနီး အချိန်အထိ ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ ကိုယ်ခန္ဓါအခြေအနေများကြောင့် အခြားသူများထက် သွေးခဲနိုင်ချေ ၅ ဆပိုပြီးမြင့်နေပါလိမ့်မယ်။ ကြီးလာတဲ့ သားအိမ်ကသွေးကြောတွေကို သွားဖိတာကြောင့်ရယ်၊ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ နားနားနေနေ နေတာက ပိုများတာရယ်ကြောင့်လည်း ပါတာပေါ့။ ဆရာဝန်ဆီသွားပြဖို့ရောလိုလားလို့ သိချင်တဲ့သူတွေ ရှိနေမှာပါ။

  • သွေးခဲခြင်းနဲ့ဆိုင်တဲ့ရောဂါတွေ ၊ သွေးခဲတဲ့ပြဿနာတွေ အရင်တုန်းက ဖြစ်ခဲ့ဖူးရင်
  • တစ်ချိန်လုံး အိပ်ရာပေါ်မှာ လှဲနေရတဲ့သူဖြစ်နေခဲ့ရင်
  • ဗိုက်ခွဲမွေးဖို့ စီစဉ်ထားရင် ဆရာဝန်ဆီ သွားပြပြီး ဆေးကုသမှု ကြိုတင်ခံယူဖို့၊ DVT ကို ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါတယ်။
  • ဆရာဝန်ပေးတဲ့သွေးကျဲဆေးတွေလည်းသောက်မယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေလည်း လုပ်ပေးမယ်၊ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ DVT ဖြစ်ဖို့ ကြောက်စရာမလိုတော့ပါဘူး။

( ၂ ) သားဆက်ခြားနည်းများ ။

သားဆက်ခြားနည်း

သားဆက်ခြားနည်းတွေထဲမှာမှ အီစတိုဂျင်ဟော်မုန်း ၊ ဟော်မုန်းနှစ်မျိုးစပ်ပါတဲ့ သားဆက်ခြားနည်တွေက DVT ဖြစ်နိုင်ချေပိုများပါတယ်။ ဟော်မုန်းပေါင်းထားတဲ့ သားဆက်ခြားနည်းတွေက DVT ဖြစ်နိုင်ချေ ၃ ဆ ပိုမြင့်ပါတယ်။ ဒီတော့ ဒီလို ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းကို ရှောင်သင့်တဲ့သူတွေ ရှိပါတယ်။

  • ကိုယ်ခန္ဓါ အဝလွန်နေတဲ့သူတွေ
  • အသက် ၃၅နှစ်အထက်ရှိနေပြီး
  • တစ်နေ့ကို စီးကရက် ၁၅ လိပ်ထက်ပိုသောက်နေတဲ့အမျိုးသမီးတွေ
  • သွေးတွင်းကိုလက်စရောများနေပြီး
  • သွေးတိုးရောဂါ ရှိနေတဲ့ အမျိုးသမီးတွေက ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေကိုသုံးရင် DVT ပိုဖြစ်နိုင်ပါတယ်။

အီစတိုဂျင် ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့သားဆက်ခြားနည်းတွေကို ရွေးသုံးပါ။

( ၃ ) ဟော်မုန်း အစားထိုးကုသခြင်း ( Hormone Replacement Therapy)

တစ်ချို့သွေးဆုံးသွားပြီးနောက်ပိုင်း သွေးဆုံးချိန် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဟော်မုန်းအစားထိုးကုသခြင်းကို ခံယူနေတဲ့ အမျိုးသမီးကြီးတွေရှိပါတယ်။ ဟော်မုန်းအစားထိုးဆိုတော့ အီစတိုဂျင်ရော ပရိုဂျက်စတုန်းရော ၂ မျိုးလုံး ပါမှာ ဖြစ်တာကြောင့် DVT ဖြစ်နိုင်ချေ များပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ အဝလွန်နေတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အမျိုးသမီးတွေ ၊နှလုံးရောဂါ ရှိတဲ့အမျိုးသမီးတွေနဲ့ အရိုးကျိုးနေတဲ့ အမျိုးသမီးတွေက ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ ဒီတော့ ဟော်မုန်းအစားထိုးကုသခြင်းကြောင့် ရလာမယ့် ကောင်ကျိုး ဆိုးကျိုးတွေကို သေချာ ချိန်ဆပြီးတော့မှ ကုသသင့်မသင့် ဆရာဝန် နဲ့ တိုင်ပင်ဆုံး ဖြတ်ပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/dvt/blood-clot-symptoms#1

Accessed Date 27.8.2019

https://www.webmd.com/dvt/choose-compression-stockings#1

Accessed Date 27.8.2019

ယခုပုံစံ

08/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း)

Deep Vein Thrombosis (သွေးပြန်ကြော သွေးခဲပိတ်ခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement