အမှန်တော့ နှလုံးရောဂါရှိသူတွေဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို ရင်ဘတ်လေးဖိဖိပြီး အေးဆေးနားနေရတဲ့၊ လူတကာအလိုလိုက်ခံရနေတဲ့ ကံကောင်းသူတွေမဟုတ်ကြပါဘူး။ ကုသထိန်းချုပ်လို့ရတဲ့ အဆင့်လေးတွေကနေ ဗုံးတစ်လုံးလို အချိန်မရွေးထပေါက်ကွဲနိုင်တဲ့အဆင့်လည်းဖြစ်သွားနိုင်ပါတယ်။
ရုပ်ရှင်ထဲမတော့ နှလုံးရောဂါဆို ရင်ဘတ်အောင့်တယ်၊မောတယ်။ တကယ်တမ်းက အမျိုးသမီးတွေမှာ သိသိသာသာနှလုံးရောဂါလက္ခဏာပြတာ နည်းပါတယ်၊ သိသာတာက အသက်ရှူမဝ၊ မွန်းကျပ်တဲ့ဝေဒနာကိုခံစားရတာပါ။မေးရိုး၊ ခါး ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်မှုခံစားရနိုင်တယ်။နောက်ပြီး မအီမသာဖြစ်တာ၊ခေါင်းမူးတာ စတဲ့လက္ခဏာတွေပါဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးကြွက်သားအားနည်းတဲ့ရောဂါပါ။ ဒီရောဂါအခြေအနေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေရုတ်တရက်ထွက်လာတာကြောင့်၊ ဥပမာ အသည်းကွဲတာ၊ အိမ်ထောင်ကွဲတာ၊ မိဘဆွေမျိုးနဲ့မိသားစုဝင်ဆုံးပါးတာ လိုမျိုး စိတ်ထိခိုက်ခံစားရတဲ့ကိစ္စတွေကြုံလာရပြီးနောက် ဒီဝေဒနာဖြစ်လာတတ်ပါတယ်။ ဒဏ္ဍာရီတွေ၊ ဇာတ်တွေထဲမှာ ရင်ကွဲနာကျတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်နိုင်ပါတယ်။ နှလုံးရဲ့တစ်စိတ်တစ်ပိုင်းက ကြီးလာပြီးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုကနေပြင်းထန်တဲ့ရင်ဘတ်အောင့်ခြင်းဖြစ်လာနိုင်ပေမယ့် အမြန်ဆုံးကုသနိုင်ရင် လုံးဝသက်သာလာနိုင်ပါတယ်။
လေးဖက်နာအဆစ်ရောင်ရောဂါလိုမျိုး ကိုယ့်မှာရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေပိုမြင့်ပါတယ်။ရောင်ရမ်းမှုဆိုင်ရာရောဂါတွေကိုသေချာဂရုစိုက်ပေးပါ၊ စတီးရွိုက်ဆေးတွေကိုရှောင်ပါ။ နှလုံးရောဂါအန္တရာယ်ပိုများစေနိုင်ပါတယ်။
စိတ်ကျခြင်းကြောင့် နှလုံးရောဂါအန္တရာယ် နှစ်ဆတိုးစေနိုင်သလို အမျိုးသမီးတွေမှာလည်း အမျိုးသားတွေထက် နှစ်ဆအန္တရာယ်ပိုများပါတယ်။ စိတ်ဓါတ်ကျနေတာကြောင့် တက်ကြွလှုပ်ရှားမှုနည်းနိုင်သလို ကိုယ့်ကျန်းမာရေးလည်းဂရုမစိုက်နိုင်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေကြောင့် နှလုံးကိုဒဏ်ပိစေနိုင်တာကို သတိထားပါ။
အမျိုးသမီးတွေမှာ ဆီးချိုဖြစ်လာရင် နှလုံးရောဂါဖြစ်နိုင်ခြေနှစ်ဆပိုများပါတယ်။သွေးတွင်းသကြားမြင့်တက်ခြင်းကြောင့်သွေးထဲကအောက်စီဂျင်ပေးပို့မှုကိုနှေးစေပြီးသွေးကြောတွေကျဉ်းလာစေနိုင်တာက အကြောင်းရင်းတစ်ခုပါ။နောက်ထပ်အကြောင်းရင်းတစ်ခုက ဆီးချိုအမျိုးသမီးတွေဟာ ပိုဝလေ့ရှိပြီးသွေးတိုးနဲ့ ကိုလက်စထရောလည်းများလာနိုင်ပါတယ်။ ဒါ့ကြောင့် အရာရာထိန်းညှိနေထိုင်တာ အကောင်းဆုံးပါ။
ကိုယ်အလေးချိန်များနေတဲ့အမျိုးသမီး(အထူးသဖြင့် ဗိုက်အဆီရှိနေတဲ့)တွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဒါပေမယ့် ပိန်ရင်တော့ မဖြစ်နိုင်ဘူးပြောလို့မရပါဘူး။ လူကမဝပေမယ့် ကိုလက်စထရောမြင့်နိုင်တယ်၊သွေးတိုး တက်နေနိုင်တယ် ဆိုတော့ နှလုံးရောဂါအတွက် ဆက်နွှယ်နိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။
ကိုယ့်ရဲ့အမေ သို့မဟုတ် အစ်မက ၆၅ နှစ်အောက်အရွယ်မှာ နှလုံးရောဂါဖြစ်ခဲ့တယ်ဆိုရင် ဒါမှမဟုတ် အမေကလေဖြတ်ခဲ့တယ်ဆိုရင် ကိုယ်ဟာ သူများတွေထက် နှလုံးရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။ ကိုယ့်မှာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း ဒါမှမဟုတ်လေဖြတ်တာတွေမဖြစ်မနေဖြစ်လာတော့မှာလို့ မဆိုလိုပေမယ့် မိသားစုမျိုးရိုးရှိတယ်လို့ သိထားပြီး ကာကွယ်ဖို့အဆင့်တွေလုပ်ဆောင်ရတော့မှာပါ။
သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုနေပြီး အဆီချေးတွေဖြစ်လာမယ်၊ အချိန်ကြာလာတာနဲ့အမျှ မာလာပြီးသွေးကြောတွေပိတ်ဆို့စေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောအခြေအနေကိုသွေးစစ်ပြီးသိရှိနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေ နည်းသွားစေဖို့ အဆီနဲ့အချိုကိုလျှော့စားပါ၊လေ့ကျင့်ခန်းလုပ်ပါ၊ ဘီယာတွေ၊ဝိုင်တွေသိပ်မသောက်ပါနဲ့။
လတ်လတ်ဆတ်ဆတ်တွေစားပါ၊ ကယ်လိုရီနည်း အငန်နည်းပြီး အဆီနည်းတာတွေစားပါ။ နှလုံးအတွက် ဝိတ်လျှော့ပါ။ ကျန်းမာကျစ်လျစ်တဲခန္ဓါကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ကိုယ်ဝန်ဆောင်ကာလမှာ နှလုံးက ပိုအလုပ်လုပ်တဲ့အတွက် နှလုံးနဲ့သွေးကြောတွေကို ဝန်ပိစေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါ ပိုပြီးဒဏ်ပိပါတယ်။ နှလုံးခုန်မမှန်၊ အဆို့ရှင်ပြဿနာရှိတတ်တဲ့ အမျိုးသမီးတွေဟာ အသက်ရှူမဝတာ၊ နှလုံးခုန်မြန်တာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်မဖြစ် သတိထားသင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။