backup og meta

ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

    လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်မှုပုံစံ မတူကြပါဘူး။ တချို့ဆို စအိပ်စက တစ်ပုံစံ၊ ညလယ်ရောက်တော့ တစ်ပုံစံ မနက်လင်းတော့ တစ်ပုံစံ ဖြစ်နေတာမျိုးတွေတောင် ရှိကြပါတယ်။ ဒီလို အိပ်စက်တဲ့အခါ အိပ်ပျော်စေတဲ့ ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြတာ မှန်ပေမယ့် အိပ်စက်မှု ပုံစံ မမှန်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဒီတစ်ခေါက်တော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    အိပ်စက်မှုက အနားယူမှု တစ်ရပ်ပါ

    အိပ်စက်တာက ခန္ဓာကိုယ်ကို အနားယူတာပါ။ ညအိပ်ရာဝင်ချိန်မှာ အကြောတွေကို ဖြေလျှော့ပြီး အိပ်စက်တာက အိပ်ရေးဝဝ အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစွာနဲ့ နိုးထနိုင်မှာပါ။

    တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီရှိအောင် အိပ်စက်မှ ပြည့်ဝတဲ့ အနားယူမှုကို ရရှိမှာပါ။ တကယ်လို့ ညတိုင်းလိုလို ၆ နာရီ မပြည့်ဘဲ အိပ်စက်တာ ရက်သတ္တပတ် ၂ ပတ်လောက် ကြာလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရော စိတ်ပါ အနားယူနိုင်တဲ့ အိပ်စက်မှု ဖြစ်စေဖို့ ညစဉ် ၆ နာရီ အနည်းဆုံး အိပ်ချိန် ရှိအောင် ဂရုစိုက်ပါ။

    ကျန်းမာစေဖို့ အိပ်ပါ

    အိပ်စက်မှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ ကိုယ်ခံအား ကောင်းစေသလို နာတာရှည် ရောဂါတွေ ကင်းစေပါတယ်။ စိတ်ဖိစီးမှု ကင်းစေသလို တက်ကြွလန်းဆန်းစေပါတယ်။

    အနာကျက် မြန်စေဖို့၊ အသားအရေ ကျန်းမာဖို့၊ အဝမလွန်စေဖို့လည်း ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ အိပ်ချိန် ပြည့်ဝတဲ့သူတွေ အိပ်ရေးဝဝ မအိပ်သူတွေထက် စိတ်ရောကိုယ်ပါ ကျန်းမာကြပါတယ်။

    ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

    ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

    လူတွေက အိပ်စက်တဲ့အခါ ပက်လက်အိပ်ကြတာရှိသလို မှောက်ရက် အိပ်တာ ဘေးစောင်းအိပ်တာဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြပါတယ်။ အိပ်စက်မှုပုံစံ တစ်ခုချင်းစီအလိုက် ကျန်းမာရေးအပေါ် ကောင်းကျိုး သက်ရောက်တာ ရှိသလို ဆိုးကျိုး သက်ရောက်တာလဲ ရှိပါတယ်။ ဒီတော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား ………

    ပက်လက် အိပ်တယ်

    ပက်လက်အိပ်တဲ့အခါ ကျောရိုးရဲ့ အနေအထားကို မှန်စေပြီး ကိုယ်အလေးချိန်သက်ရောက်မှုကို တစ်ကိုယ်လုံးမှာ ညီညီမျှမျှ ဖြစ်စေပါတယ်၊၊ ဇက်နဲ့ ကျောနာတာကိုလည်း သက်သာစေပါတယ်၊၊ နှာခေါင်းပိတ်တဲ့အခါ ခေါင်းအုံးမြင့်မြင့်လေးနဲ့ ပက်လက်အိပ်ပေးရင် သက်သာစေပါတယ်၊၊

    ပက်လက်အိပ်တဲ့အတွက် မျက်နှာနဲ့ ခေါင်းအုံးမထိလို့ အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်၊၊ အမျိုးသမီးတွေအတွက်လည်း သင့်တော်တဲ့ အိပ်စက်မှုပုံစံပါ။ အကြောင်းကတော့ ပက်လက်အိပ်တဲ့ လေဒီလေးတွေက ရင်သားတင်းရင်းပြီး ရင်သားလျော့ရဲတာမျိုး မဖြစ်စေလို့ပါ၊၊

    ပက်လက်အိပ်ဖို့ မသင့်တော်တဲ့သူတွေကတော့

    • ကိုယ်ဝန်ဆောင်တွေ
    • ဟောက်တတ်တဲ့သူတွေ
    • ခါးနာတဲ့သူတွေ (ခါးနာပေမယ့် ပက်လက်အိပ်တဲ့အခါ ဒူးခေါက်ကွေးအောက်မှာ စောင်ထူထူ ခံထားရင် သက်သာစေပါတယ်၊၊)
    • ရင်ပူတတ်တဲ့သူတွေ
    • အဝလွန်တဲ့သူတွေ
    • သက်ကြီးရွယ်အိုတွေကတော့ တခြားပုံစံပြောင်းပြီး အိပ်သင့်ပါတယ်၊၊

    ဘေးစောင်းအိပ်တာက လူတော်တော်များများ အအိပ်များတဲ့ အိပ်စက်မှုပုံစံပါ။ ဘေးစောင်းအိပ်တာ အအိပ်မတတ်ရင် လက်မောင်းနဲ့ ခြေထောက်ကို ဝန်ပိပြီး နာကျင်စေနိုင်ပါတယ်။ ခေါင်းအုံးနဲ့ မျက်နှာနဲ့ ဖိမိတာကြောင့် အရေးကြောင်းဖြစ်လွယ်စေပါတယ်၊၊

    ဒါပေမယ့် ဒီလိုအခြေအနေတွေ ရှိရင်တော့ ဘေးစောင်းအိပ်တာက ပိုသင့်တော်ပါတယ်၊၊

    • ကိုယ်ဝန်ဆောင်တွေ (ကလေးဆီကို သွေးကောင်းကောင်းရောက်စေဖို့ ဘယ်ဘက်စောင်းအိပ်ပါ၊၊)
    • ရင်ပူတတ်တဲ့သူတွေ
    • ခါးနာတတ်တဲ့သူတွေ (ဒူးကြားမှာ စောင် ဒါမှမဟုတ် ခေါင်းအုံး ခံထားပါ)
    • ဟောက်တတ်သူ၊ အိပ်နေရင်း အသက်ရှူရပ်သွားတဲ့သူ
    • အသက်ကြီးတဲ့သူ (အသက်ကြီးလာရင် ကျောရိုးတွေ ပုံပျက်လာတာကြောင့် ခါးနာလွယ်ပါတယ်၊၊)

    မှောက်ရက် အိပ်တယ်

    မှောက်ရက် အိပ်တာက အိပ်ပျော်စေတာ မှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ လည်ပင်းနဲ့ ဇက်ကြော နာကျင်စေသလို ကျောရိုးကို ထိခိုက်စေနိုင်ပါတယ်။ အရေးကြောင်းတွေ ဖြစ်လွယ်စေပြီး ရင်သားနာကျင်စေနိုင်ပါတယ်။ ဗိုက်ကို ဖိထားသလို ဖြစ်တာကြောင့် ဗိုက်အင့်တာမျိုး ဖြစ်စေပါတယ်။

    ဟောက်တာသက်သာပေမယ့် နံရိုးတွေကို ဖိထားတာကြောင့် အားစိုက်အသက်ရှူရပြီး အိပ်ရေးဝဝ အိပ်ရမှာ မဟုတ်ပါဘူး၊၊

    ခဏအိပ်တာလောက်က အကြောပြေစေပေမယ့် တစ်ညလုံး မှောက်ရက် အိပ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

     ကဲ ……. ကျန်းမာတဲ့ အိပ်စက်မှု ဖြစ်အောင် ပုံစံမှန်မှန် အိပ်ကြစို့လား ………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement