နေ့နဲ့ည အိပ်ချိန် မှားနေတဲ့သူတွေ သတိပြုသင့်တဲ့ ကျန်းမာရေး အန္တရာယ် .။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခုခေတ် လူနေမှု ပုံစံအရ ညဘက်စောစော အိပ်ကြတဲ့ အလေ့အကျင့်က တော်တော်ကြီးကို ရှားသွားပါပြီ။ အရင်တုန်းကဆို ည ၉ နာရီကား ပြီးတာနဲ့ မီးပိတ် အိပ်ကြပေမယ့် ခုကတော့ ည ၉ နာရီကားဆိုပြီး သတ်သတ်မှတ်မှတ် မရှိလောက်အောင် ၂၄ နာရီ ကြိုက်တဲ့အချိန် အင်တာနက်ပေါ်မှာ ရုပ်ရှင်တွေ တက်ကြည့်ရုံပါပဲ။ ဒီလိုနဲ့ပဲ အိပ်ချိန်တွေ အကုန်လုံး ကပြောင်းကပြန်ဖြစ်ကုန်ပြီး နေနဲ့ည မှားကုန်ကြပါတယ်။ ဒီလို အိပ်ချိန် နေ့နဲ့ ည မှားနေရင် ဘယ်လို ကျန်းမာရေးပြဿာနာတွေ သင်ကြုံလာနိုင်သလဲ ။ ။

ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ။

ညဘက် အိပ်ရာဝင်တာ နောက်ကျတဲ့သူတိုင်း ညဘက် ဗိုက်ဆာတဲ့ အရသာကို သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ဆို ကိုယ်ခန္ဓါက အိပ်စက်အနားယူရမယ့်အချိန်မှာ နိုးကြားနေရတဲ့အတွက် ပုံမှန်ထက်ပိုပြီး energy တွေ လိုအပ်တာကြောင့် ညဘက်မအိပ်တဲ့သူတွေက ညဉ့်နက်ပြီဆိုတာနဲ့ အစားစားချင်နေရတာဖြစ်ပါတယ်။ အားမရှိသလိုခံစားရတော့ အစားတွေပိုစားမိပြီး ဝလာရတာပေါ့။

ကြွက်သားထုကြီး တဖြည်းဖြည်း လျော့လာပါတယ်။

ညဘက် အနားယူရမယ့် အချိန်မှာ မအိပ်သေးတဲ့အခါကျတော့ လိုအပ်တဲ့ energy ကို ကြွက်သားတွေကနေ ယူရပါတယ်။ ဒီလိုနဲ့ တစ်ချို့ ညဘက် မအိပ်တဲ့သူတွေ ပိန်နေရတာဖြစ်ပါတယ်။

ဆီးချိြုဖစ်နိုင်ချေပိုများပါတယ်။

ဘာအစားမှ မစားဘဲ အိပ်စက်အနားယူရမယ့်အချိန်မှာ လူကနိုးကြားနေတော့ ညဘက်အနားယူရမယ့် ကိုယ်တွင်းက အစိတ်အပိုင်းတွေ ကြာလာတာနဲ့ ထိခိုက်လာပါတယ်။ ဒီလိုနဲ့ ဗိုက်ဆာလို့ဆိုပြီအင်ဆူလဘဲ စားလိုက်မိတဲ့ အစားအစာတွေကနေ ထွက်လာတဲ့ သကြားဓါတ် တွေကို အင်ဆူလင်က ကောင်းကောင်းမထိန်းနိုင်တော့လို့ ဆီးချိုဖြစ်နိုင်ချေ ပိုများရတာပါ။

ညဘက် အိပ်တဲ့ စက်ဝန်းလည်း ပုံပျက်သွားပါတယ်။

ဒီလို ညဘက် တော်တော်နဲ့ မအိပ်တဲ့သူတွေဟာ ကြာလာတာနဲ့ နေ့နဲ့ည မှားလာပြီး ညဆို ဘယ်လိုအိပ်အိပ် အိပ်မပျော်တော့တာတွေ စဖြစ်လာပါတော့တယ်။

နောက်နေ့မှာ လန်းဆန်းမှု မရှိတော့ပါဘူး။

ညဘက်ကို ကောင်းကောင်းအိပ်မထားတဲ့သူတစ်ယောက်ဟာ နောက်နေ့သစ်ကို အားအင် အပြည့်နဲ့ စတင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ ဘာမှလည်း မလုပ်ချင်တော့ဘဲ တစ်နေ့လုံး ထိုင်နေတဲ့ အချိန်က ပိုများနေလို့ အစောတည်းက မရှိတဲ့ ကြွက်သားတွေ အားနည်းလာပြီး သင့်နှလုံး ကျန်းမာရေးလည်း ထိခိုက်လာပါလိမ့်မယ်။

ဦးနှောက်စွမ်းဆောင်ရည်လည်း ကျဆင်းလာပါလိမ့်မယ်.

အိပ်စက်ပြီး အနားမယူရတဲ့ သင့်ဦးနှောက်လေးဟာ ကြာလာတာနဲ့ အမျှ ပင်ပန်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း တွေးခေါ်နိုင်စွမ်းတွေ ကျဆင်းလာပါတော့မယ်။

အစာအိမ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ် ။ ။

ကိုယ်တွင်းက အစာခြေစနစ်နဲ့ အခြား ကိုယ်တွင်းက အရည်သွင်းအရည်ထုတ် စနစ်တွေ အားလုံးဟာ ညဘက်အိပ်စက်ချိနိဆို အနားယူကြရပါတယ်။ ဒါကို ကိုယ်က ညဘက် မအိပ်လိုက်မိတဲ့အခါ အစာအိမ်အက်ဆစ် တွေက တစ်ချိန်လုံး ထွက်နေတာကြောင့် ညဘက် မအိပ်တဲ့ သူတွေက အစာအိမ်ရောဂါ ဖြစ်နိုင်ချေ ပိုများနေရတာဖြစ်ပါတယ်။

ကျောင်းစာလည်း ကောင်းကောင်း မလိုက်နိုင်တော့ပါဘူး။

ညဘက် မအိပ်ဘဲနဲ့ ပညာရှိဖြစ်တာ ဇီးကွက်ပဲ ရှိတယ် ကလေးတို့ရေ။ ညဘက် ကို အိပ်ချိန်ပြည့်ပြည့်ဝဝ မအိပ်ထားတဲ့ကလေးတစ်ယောက်ဟာ ကျောင်းစာမှာ အာရုံစူးစိုက်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

စိတ်ဓါတ်ကျဆင်းခြင်းနဲ့ စိတ်ဖိစီးမှု များခြင်းရဲ့တရားခံပါ။ ။

ညဘက်တွေကို တော်တော်နဲ့ မအိပ်ဘဲ နေတာကြာလာရင် စိတ်ဓါတ်ကျဆင်းခြင်းနဲ့ စိတ်ဖိစီးမှု ဝေဒနာတွေ နောက်က လိုက်တာတတ်ပါတယ်။

ကဲ ညဘက် ညဉ့်နက်အောင်နေရင် ကိုယ်ပြန်ရမယ့် ဆိုးကျိုးတွေ ဒီလောက်များနေတာ ဘာလို့ အိပ်ရာ စောစော မဝင်ရမှာလဲနော်။ ပုံမှန် သတ်မှတ်ထားတ့ အိပ်ရာဝင်ဖို့အသင့်တော်ဆုံးအချိန်တော့ ၁၀ နာရီပါတဲ့ပရိသတ်ကြီးရေ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water သောက်ရတယ်မဟုတ်လား။ ခုလည်းဆိုရှယ်မီဒီယာကြောင့် စိတ်တွေပင်ပန်းနေချိန်မှာ Digital Detox လုပ်ကြည့်ပါလား

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read