backup og meta

အိပ်ချိန်ပြည့်ပြည့်ဝဝမအိပ်ရင် သင့်မျက်နှာ ဒီလိုတွေ ပြောင်းလဲလာပါလိမ့်မယ် ။ ။

အိပ်ချိန်ပြည့်ပြည့်ဝဝမအိပ်ရင် သင့်မျက်နှာ ဒီလိုတွေ  ပြောင်းလဲလာပါလိမ့်မယ် ။ ။

မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ အလှကို အထင်ရှားဆုံး ဖော်ပြပေးနိုင်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် လှပတဲ့ မျက်နှာတစ်စုံ ပိုင်ဆိုင်အောင် ပိုက်ဆံအကုန်ခံပြီး skin care တွေလုပ်၊ အချိန်ကုန်ခံပြီး မိတ်ကပ် တွေလိမ်း၊ စိတ်အညစ်ခံပြီးအစားအသောက်တွေ ဆင်ခြင်ကြတာ လူတိုင်းပါ။ ဒါပေမယ့် လူတိုင်းမေ့နေတတ်ကြတဲ့ မျက်နှာအလှအပေါ် သက်ရောက်တဲ့အရာ နောက်တစ်ခုရှိပါသေးတယ် ။ အဲဒါကတော့ အိပ်ချိန်ပါ။

ဘယ်လောက်ပဲ မှုန်နေအောင် မိတ်ကပ်တွေ လိမ်းထားထား ညဘက်အိပ်ရေး ဝဝ မအိပ်ထားတဲ့ မျက်နှာတစ်ခုက ဘယ်လိုမှ အစွမ်းကုန် ကြည်လင်တောက်ပနေမှာ မဟုတ်ပါဘူး။ နောက်ပြီး တစ်နေ့တာလုံး ပြင်ပက အရာတွေနဲ့ ထိတွေ့နေတဲ့ မျက်နှာအသားအရေလေး အနားယူဖို့လိုအပ်သလို အိပ်နေတဲ့အချိန်ဆို မျက်နှာအတွင်းပိုင်းက ဆဲလ်တွေ အသစ်ပြန်ဖြစ်လေ့ရှိတာကြောင့် အရွယ်တင်နုပျိုချင်တဲ့သူတိုင်း ပြည့်ဝတဲ့ အိပ်ချိန် တစ်ခု သတ်သတ်မှတ်မှတ် ရှိဖို့လိုပါတယ်။ ။

အိပ်ချိန် မပြည့်ဝတာကြာလာရင် မျက်နှာမှာဘာတွေ ပြောင်းလဲလာမလဲ ။ ။

အိပ်ချိန် မပြည့်ဝတာက မျက်နှာအသားအရေအတွက်ရော ကျန်းမာရေးအတွက်ရော ဘာတစ်ခုမှ ကောင်းကျိုး မရှိတာ သေချာပါတယ်။ ဘာတွေပြောင်းလဲသွားမလဲဆိုတာ ဆက်ကြည့်ရအောင် ။

( ၁ ) မျက်နှာ အသားအရေကိုခြောက်သွေ့စေပါတယ် ။

ညတိုင်းနီးပါးလောက် အိပ်ရေးပျက်တဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး အသားအရေ စိုပြည်မှု မရှိတော့တဲ့အပြင် မျက်နှာကလည်း ညစ်နေပြီး တဖြည်းဖြည်းနဲ့ ရင့်လာပါလိမ့်မယ်။ အသားရေရဲ့ pH ပမာဏပါ ကမောက်ကမဖြစ်သွားတဲ့အတွက် အသားရောင် မညီညာဘဲ နီတစ်ကွက် ဖြူတစ်ကွက်ဖြစ်နေပါလိမ့်မယ်။

( ၂ ) မျက်ကွင်းတွေ ညိုနေပါလိမ့်မယ်။

ကြားဖူးတယ်မလား။ အိပ်ရေးမဝရင် မျက်ကွင်းညိုတတ်တယ်ဆိုတဲ့ စကားကိုလေ။ ဒါအမှန်ပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးပျက်တဲ့အခါ မျက်လုံးက သွေးကြောတွေ ကျယ်လာတဲ့အတွက် မျက်ကွင်းအောက် ခရမ်းပုပ်ရောင်လိုမည်းနေရခြင်းဖြစ်ပါတယ်။

( ၃ ) မျက်အိတ်လည်း ဖောင်းနေတတ်ပါတယ်။

အိပ်ရေးပျက်တဲအခါ မျက်လုံးက သွေးကြောတွေ ကျယ်လာတာကြောင့် မျက်လုံးအောက် အရည်တွေစုသွားစုပြီး တဖြည်းဖြည်းနဲ့ မျက်အိတ်ဖောင်းတဲ့ ဝေဒနာခံစားရတတ်ပါတယ်။ မှောက်အိပ်တတ်တဲ့ သူတွေမှာပိုဖြစ်တတ်ပါတယ်။

( ၄ ) ဝက်ခြံဖုတွေလည်း ထွက်လာပါလိမ့်မယ်။

အိပ်ရေးပျက်တဲ့အခါ ထွက်လာတဲ့ ဖိစီးမှုက သင့်ကို ဝက်ခြံပြဿနာပိုဖြစ်စေတတ်ပါတယ်။ အရင်တည်းက ကိုယ်က ဝက်ခြံပြဿနာရှိတဲ့သူဆိုရင် ပိုဆိုးလာပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးပျက်ရင် မျက်နှာပေါ်က အဆီဂလင်းတွေပို အလုပ်လုပ်ရပြီး အဆီပြန်တာများတတ်လို့ပါ။

( ၅ ) အရေးအကြောင်း တွေ လည်း ပေါ်လာပါလိမ့်မယ်။

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ကော်လာဂျင်ထွက်တဲ့ ပမာဏလည်း ကျသွားတဲ့အတွက် အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။ ပိုဆိုးတာက ကောင်းကောင်း အိပ်မထားတော့ ခဏခဏ သမ်းရင်းကနေ အရေးအကြောင်းတွေ ပိုပေါ်ပါလိမ့်မယ်။

( ၆ ) ရုပ်ကိုလည်း ရှိရင်းစွဲ အသက်ထက်ပိုရင့်စေပါတယ်။

အိပ်နေတဲ့အချိန်မှာ ကိုယ်တွင်းကဆဲလ် အဟောင်းတွေ ပျက်စီးပြီး ဆဲလ်အသစ်တွေထွက်တဲ့ဖြစ်စဉ် ကိုယ်တွင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ချိန် မဝတဲ့အခါကျတော့ ဆဲလ်အသစ်ထွက်တဲ့ ဖြစ်စဉ်တွေ နှေးကွေးသွားတဲ့အတွက် မျက်နှာက ရှိရင်းစွဲရုပ်ထက် ရင့်နေပါလိမ့်မယ်။ ။

အိပ်ရေးပျက်တယ်ဆိုတာ လုံးဝကို ကျန်းမာရေး အတွက်မကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ခုပြောထားတဲ့ မျက်နှာအသားအရေ ပေါ်မှာတင် မဟုတ်ဘဲ အခြား ကျန်းမာရေးကို ထိခိုက်စေတဲ့ဆိုးကျိုးတွေ လည်း အများကြီးရှိတဲ့အတွက် လူတိုင်း တစ်နေ့ကို ၇နာရီ – ၉နာရီ ကြား အိပ်ချိန် ရှိဖို့ လိုအပ်ပါတယ် ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.purefiji.com/blog/lack-sleep-skin-beauty/

Accessed Date 31.5.2019

https://www.cosmopolitan.com/style-beauty/beauty/advice/a42908/ways-sleep-can-mess-with-your-face/

Accessed Date 31.5.2019

https://health.clevelandclinic.org/happens-body-dont-get-enough-sleep/

Accessed Date 31.5.2019

ယခုပုံစံ

18/02/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးပျက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်

ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement