ခုလိုညတွေဆို ဘာရယ်မဟုတ် ဖုန်းတွေသုံးလိုက်၊ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်၊ ပူလို့ဆိုပြီး ထထိုင်လိုက်၊ အိပ်မရဖြစ်လိုက်၊ အိပ်မရလို့ဆိုပြီး လုပ်စရာမရှိ ဖုန်းပြန်ကြည့်လိုက်၊ မျက်စိကြောင်လိုက်၊ အိပ်မရလိုက် လုံးလည် ချာလည် လိုက်ရင်း မိုးလင်းခဲ့ရပေါင်းများပါပြီ။ တစ်ည နှစ်ညဆိုရင် မသိသာပေမယ့် နည်းနည်း ရက်ဆက်လိုက်ပြီဆိုရင် နေရတာ မကြည်တော့ပါဘူး။ ညမှာ မအိပ်ထားလည်း မနက်ဆို လုပ်စရာရှိတော့ ထရတာပါပဲ။ ဒီလိုနဲ့ ရက်တွေများလာပြီး အကျင့်တွေပျက်လာတော့ နေရတာ ငြီးစီစီဖြစ်လာပါတယ်။ တကယ်တော့ ဒါဟာ အိပ်ရေးပျက် လို့ပါ။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ကွယ်မှာ နေရတာ မကြည်တာတင်မဟုတ်။ ရေရှည်ဆို ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။