backup og meta

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား …… နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာmoisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ……

မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် အသားအရေ ထိန်းသိမ်းတာက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေများ သက်ရောက်မှု ရှိနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

စိတ်ခံစားမှု ကောင်းစေတယ်

အသားအရေ ထိန်းသိမ်းတာက အရေပြားကိုတင် သက်သောင့်သက်သာ ဖြစ်စေတာ မဟုတ်ပါဘူး။ စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို အထီးကျန်ဆန်တာ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ မပျော်ရွှင်မှုတွေကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ကင်းစေဖို့ ညစဉ် အသားအရေ ထိန်းသိမ်းမှု လုပ်ပေးပါ။ Mask ကပ်တာ၊ Exfoliateလုပ်တာလိုမျိုးကိုတော့ ၃ ရက် တစ်ကြိမ် ဒါမှမဟုတ် ၁ ပတ် တစ်ကြိမ်လောက်တော့ လုပ်ပေးပါ။

စိတ်ပူပန်မှုတွေကို လျော့ကျစေတယ်

တစ်နေ့တာရဲ့ စိတ်ပူပန်မှုတွေ၊ စိုးရိမ်မှုတွေကို ပြေလျော့ချင်တယ်ဆိုရင် ညအိပ်ရာမဝင်ခင်မှာ အရေပြားကို သန့်စင်ပြီး Toner သုံးတာ၊ moisturizer  လိမ်းတာမျိုးတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှု ကင်းစေတယ်

အသားအရေ ထိန်းသိမ်းတဲ့အခါ မျက်နှာကို နှိပ်နယ်ပေးရပါတယ်။ ဒီလို နှိပ်နယ်ပေးတာက ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒီလို နှိပ်နယ်ပေးတာက အရေးအကြောင်းကင်းစေပြီး အရွယ်တင်နုပျိုစေသလို လန်းဆန်းတဲ့ ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။

ပျော်ရွှင်စေတယ်

အသားအရေ ထိန်းသိမ်းတာက ဝါသနာ တစ်ခုခုကို တစိုက်မတ်မတ် လုပ်နေသလိုပါပဲ။ ဒီလို လုပ်ဆောင်မှုကြောင့် အာရုံစူးစိုက်မှု ကောင်းလာသလို အလုပ်တွေကို စွဲစွဲမြဲမြဲ လုပ်တတ်လာစေပါတယ်။ ဒီလို ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုကို ကင်းစေပြီး ပျော်ရွှင်မှုကို ခံစားရစေမှာပါ။

ဒီလို အသားအရေ ထိန်းသိမ်းနည်းလမ်းတွေကို မျှဝေပေးခြင်းကလည်း အသိမိတ်ဆွေတိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်

အသားအရေ ထိန်းသိမ်းပေးတာက ကြည်လင်တဲ့ အသားအရေကို ရရှိစေနိုင်ပြီး လူအများကြားမှာ ကြည့်ကောင်းနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေမှာပါ။ အရေပြားပြဿနာ ကင်းပြီး ကြည်လင်တဲ့ အသားအရေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်မယ့် အကောင်းဆုံး အချက် တစ်ခုပါ။

ကဲ ….. skincare တာက အသားအရေကိုတင် လှပ ကျန်းမာစေတာ မဟုတ်ဘဲ စိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်တဲ့။ ဒီတော့ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ လား ……..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Reasons Maintaining a Skin-Care Routine Is Good for Your Mental Health https://www.everydayhealth.com/skin-beauty/5-reasons-maintaining-a-skin-care-routine-is-good-for-your-mental-health/ Accessed Date 1 February 2022

ယခုပုံစံ

21/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီဥတုပြောင်းလဲခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement