သူများတွေ စိတ်ဓါတ်ကြံ့ခိုင်သူ အဖြစ် ရပ်တည်နေတာကိုကြည့်ပြီး အားကျနေတာလား။ ကိုယ်တိုင်ကော စိတ်ဓါတ်ကြံ့ခိုင်သူ မဖြစ်ချင်ဘူးလား။ စိတ်ဓါတ်ကြံ့ခိုင်မှုကမွေးရာပါအရည်အချင်းမဟုတ်ပါဘူး။မွေးမြူရတာပါ။ စိတ်ဓါတ်ကြံ့ခိုင်သူအဖြစ်ရပ်တည်ဖို့ စိတ်အားထက်သန်နေပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အကူဖြစ်မှာပါ။
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့ ပျိုးထောင်သင့်တဲ့ အကျင့်တွေက
တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာနေပေးပါ –ကိုယ်တကယ်ဖြစ်ချင်နေတဲ့ဆန္ဒတွေကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ဆိုရင် အရင်ဆုံးအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုစဉ်းစားရမှာပါ။ တိတ်ဆိတ်မှုက အကြံဉာဏ်ကောင်းတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာ အချိန်ကုန်ဆုံးပေးပါ။
တစ်ပတ်မှာ ကိုယ့်အတွေးတစ်ခုလောက်တော့ အကောင်အထည်ဖော်ပေးပါ – တစ်ပတ်မှာ ကိုယ်ဆန္ဒရှိတဲ့ကိစ္စရပ်တစ်ခုလောက်ကို အကောင်အထည်ဖော်ပေးပါ။ ဒါမှလည်း ကိုယ်ရဲ့ စိတ်ရှိတာကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်ဆိုပြီး စိတ်ခွန်အားရလာမှာပါ။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ် ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါကျန်းမာကြံ့ခိုင်စေဖို့နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
စာအုပ်တွေဖတ်ပါ – ဗဟုသုတတွေ အများဆုံးရနိုင်မယ့် အရင်းအမြစ်ပေါ့။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်စေမယ့်အရာပါ။ ဒါကြောင့်နေ့တိုင်းစာဖတ်ဖြစ်အောင်ကြိုးစားပါ။
အခြားသူတွေရဲ့ အကြံပေးချက်ကို နားထောင်ပါ – ကိုယ်တိုင်မကြုံဖူးပေမယ့် အခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူလို့ရပါတယ်။ ဒါကြောင့် အခြားသူတွေက သူတို့ရဲ့ အတွေ့အကြု့ဗတွကိုပြောပြလာတဲ့အခါ နားထောင်ပေးလိုက်ပါ။
မိသားစုဝင်တွေနဲ့သူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးပါ – နေ့စဉ်အလုပ်များနေတာကြောင့် အလုပ်တွေပြီးအောင်ကြိုးစားလုပ်မှတိုးတက်မယ်ဆိုတဲ့စိတ်နဲ့ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မေပးမိတာမျိုးရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ခင်မင်ချစ်ခင်ရသူတွေနဲ့ အချိန်တွေကိုအတူကုန်ဆုံးတာ ရင်ဖွင့်တိုင်ပင်တာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီးအောင်မြင်မှုတွေရရှိစေတဲ့အချက်တစ်ခုလို့သိရပါတယ်။
တရားထိုင်ပါ -နေ့စဉ်ပုံမှန် အနည်းဆုံး ၁၅ မိနစ်လောက်တရားထိုင်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီး စိတ်စွမ်းအင်ကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်မသက်မသာဖြစ်တာ၊ကြောက်စိတ်နဲ့ စိတ်ဆတ်တာတွေကိုလျော့ပါးသက်သာလာစေပြီးတွေ့ကြုံလာရတဲ့ အခြေအနေတွေကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။
ပြဿနာတွေကိုဖြေရှင်းပါ –ပြဿနာဆိုတာမျိုးက ကြာလေလေကြီးထွားလာလေလေပါ။ ဒါကြောင့်ပြဿနာတစ်ခုဖြစ်လာတဲ့အခါမြန်မြန်လေးဖြေရှင်းပါ။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ပြဿနာေ့ဖြရှင်းနိုင်စွမ်းကိုတိုးလာစေပြီးနေ့စဉ်ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းတိုးလာမှာပါ။
ဒေါသကိုထိန်းချုပ်တတ်ဖို့ကြိုးစားပါ – ယနေ့ခေတ်မှာ လူတော်တော်များများက တိုးတက်မှုရရှိစေဖို့အတွက် အလုပ်တွေကိုကြိုးစားလုပ်ကိုင်ရင်းစိတ်ပျက်စရာ၊ စိတ်အခန့်မသင့်စရာတွေနဲ့ကြုံလာရတဲ့အခါ အလွယ်တကူပဲဒေါသတွေထွက်ကြတာမျိုးရှိပါတယ်။ တကယ်တော့ဒေါသကိုထိန်းချုပ်ပြီး စိတ်အေးအေးနပြတွေးတောဆုံးဖြတ်မှာ အဖြေမှန်ကထွက်တာပါ။ဒေါသကိုထိန်းချုပ်နိုင်မှုကလည်းနောင်တတရားကင်းစေပြီး စိတ်ဓါတ်ခိုင်မာစေဖို့ လိုအပ်တဲ့အဆင့်တစ်ခုပါ။
စိတ်ကို အအားမပေးပါနဲ့ – စိတ်ဆိုတာမျိုးက အအားရရင် အပျက်သဘောအတွေးတွေကိုတွေးပြီး စိတ်ဓါတ်ပျော့ညံ့မှုကိုဖြစ်စေဖို့လမ်းစရှာတတ်ပါတယ်။ ဒါကြောင့် စိတ်ကို အအားမထားပါနဲ့။ အားလပ်ချိန်တွေကို စာအုပ်ဖတ်တာ၊ ဗဟုသုတရစေမယ့် အရာတွေကိုရှာမှီးတာနဲ့ ဝါသနာပါရာတစ်ခုခုကိုလုပ်နေပါ။
အပျက်သဘောဆောင်တဲ့လူတွေကိုရှောင်ပါ – ပတ်ဝန်းကျင်ကလူတွေကလည်း စိတ်အခြေအနေပေါ်မှာတော်တော်လေးလွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်ပြီး အကောင်းမြင်တတ်သူတွေကိုပဲထားပါ။
သူငယ်ချင်းနည်းရင်နည်းပါစေ။ အပျက်သဘောဆောင်တဲ့သူတွေကို အနီးမှာမထားပါနဲ့။ စိတ်သဘောထားကောင်းမွန်ခိုင်မာတဲ့သူတွေအနားမှာရှိနေတာက သူတို့ဆီက သင်ယူစရာတွေကို သင်ယူပြီး ကိုယ့်ကိုကိုယ်အကောင်းဆုံးဖန်တီးနိုင်မှာပါ။
[embed-health-tool-bmi]