backup og meta

မီးညောင်လေးတွေရဲ့ ပိုင်ရှင်တွေသာ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး

တမြောင်မြောင်နဲ့ အော်ပြီး လက်ကို ဖက်ဖက် ကိုက်တတ်တဲ့ မီးညောင်လေးတွေကို အသည်းစွဲ ချစ်တတ်သူလား။ အမြီးလေး တထောင်ထောင်နဲ့ ပွတ်သီးပွတ်သပ်ချွဲတိုင်း စားချင်တာကို ချကျွေးနေရတဲ့ ချစ်မဝလေးတွေက အမောပြေစေရုံ၊ ချစ်မဝစရာ ကောင်းရုံတင် မဟုတ်ဘဲ သူတို့ကို ချစ်တဲ့ သင့်ကို ကျန်းမာရေး ကောင်းစေဖို့လည်း ထောက်ပံ့ပေးပါသတဲ့နော်။

မီးညောင်လေးတွေရဲ့ ပိုင်ရှင်တွေသာ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး

မီးညောင်လေး ရှိသူတွေသာ ရနိုင်မယ့် ကျန်းမာရေး

အသည်းစွဲ ချစ်ရတဲ့ အိမ်မွေး တိရစ္ဆာန်လေးက မီးညောင်လေးပါ ဆိုရင်တော့

စိတ်ဖိစီးမှု ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေတယ်

တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကြောင်လေးတွေနဲ့ ကစားပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းစေပါတယ်။ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းတာက စီရိုတိုနင် ဟော်မုန်းကို မြင့်တက်စေပြီး စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ကျဆင်းစေနိုင်လို့ပါ။

ကျန်းမာစေတယ်

ယုံချင်ယုံ မယုံချင်နေပါ။ ကြောင်လေးတွေ မွေးထားတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးပါတယ်။ ကြောင်လေးတွေက အသက်ရှည်ရှည်နေနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်သူလေးတွေပါ။

ကြောင်လေးတွေက ရုတ်တရက် နှလုံး ရပ်တာ ဖြစ်နိုင်ခြေကို ကျဆင်းစေသလို ဓာတ်မတည့်မှု ဝေဒနာ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကိုယ်ခံအားစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးပါသေးတယ်။ ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင် ပါသေးတယ်။

နှလုံး ကျန်းမာစေတယ်

လေ့လာမှုတွေအရ ကြောင်လေးတွေ မွေးထားတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ကြောင်လေးတစ်ကောင် မွေးထားတာက နှလုံးရောဂါ အမျိုးမျိုး ခံစားရနိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။

အရိုးအဆစ်တွေကို ကျန်းမာစေတယ်

ကြောင်လေးတွေကို ကုတ်ပေးတဲ့အခါ စိတ်ကျေနပ်မှု ရရှိတာကို ဖော်ပြတဲ့ အနေနဲ့ သူတို့ပေးတတ်တဲ့ အသံလေးက အရိုးနဲ့ကြွက်သားတွေ ကျန်းမာစေဖို့ ထိခိုက်ထားတာမျိုး ရှိရင် မြန်မြန် သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးပါတယ်။

စိတ်ကျေနပ်မှု ရတဲ့အခါ ကြောင်လေးတွေ ပေးတတ်တဲ့ အသံလေးကကြိမ်နှုန်း ၂၀ ကနေ ၁၄၀ HZ ရှိပါတယ်။ လေ့လာမှုအရ ကြိမ်နှုန်း ၁၈ ကနေ ၃၅ HZ အတွင်းရှိတဲ့ အသံတွေက အရိုး၊ အဆစ်တွေ ထိခိုက်ဒဏ်ရာ ရထားတဲ့အခါ သက်သာစေဖို့အထောက်အပံ့ပေးနိုင်တယ်၊လို့ တွေ့ရှိရပါတယ်။ ကြောင်လေးတွေ ပေးတတ်တဲ့ အသံတွေက လူတွေကို ကျန်းမာစေပါတယ်။

ကောင်းကောင်း အိပ်ပျော်စေတယ်

ယူကေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ကြောင်လေးတွေကို ပိုင်ဆိုင်ထားသူတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်တတ်ကြတယ်၊ လို့ ဆိုပါတယ်။ ကြောင်လေးတွေက ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ ပေးနိုင်သူလေးတွေဆိုလည်း မမှား ပါဘူး။

ဒါတွေတင် မကပါဘူး။ ကြောင်လေးတွေက သင့်ကို စွဲဆောင်မှု တိုးစေသလို ကြွက် အပါအဝင် ကိုက်ဖြတ်စား သတ္တဝါတွေကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေ ဘေးကနေလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေစေဖို့လည်း အကောင်းဆုံး ကူညီအဖော်ပြု ပေးနိုင်သူလေးတွေပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Scientifically Proven Health Benefits Of Being a Cat Owner https://www.goodnet.org/articles/7-scientifically-proven-health-benefits-being-cat-owner Accessed Date 30 July 2020

5 Unexpected Benefits Of Having A Cat https://www.victorpest.com/articles/unexpected-benefits-of-having-a-cat Accessed Date 30 July 2020

ယခုပုံစံ

17/02/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။