backup og meta

စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလားနှလုံးရောဂါလား….

ရင်တွေ တုန်လိုက်တာ နှလုံးရောဂါ ဖြစ်နေပြီထင်တယ်။ အခုတလော ရင်တွေ အရမ်းတုန်တာပဲ ဆိုသူလေးတွေရှိလား………… ဒါဆိုရင် ရင်တုန်နေတာ နှလုံးရောဂါ ရှိနေလို့လား အခြား ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။

ရင်တုန်တိုင်း နှလုံးရောဂါလို့ ဆိုလို့ မရပါ။

ရင်တုန်နေတိုင်း နှလုံးရောဂါ ဖြစ်နေပြီလို့ တထစ်ချ မယူဆစေချင်ပါဘူး။ ရင်တုန်လာပြီဆိုရင် စိတ်ဖိစီးစရာတွေ ရှိနေတာလား။ လတ်တလောမှာ ပူပင်စရာတွေ များနေလား။ ကိုယ်က ဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲ ဆိုတာကို အရင်ဆုံး ဆန်းစစ်ကြည့် စေချင်ပါတယ်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရင်တုန်စေတဲ့ အကြောင်းအရင်းက နှလုံးရောဂါကြောင့် ဆိုတာအပြင် ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်လို့ပါ။

နှလုံးရောဂါကြောင့် ရင်တုန်တာနဲ့ စိတ်ပူပင်စရာ များတာကြောင့် ရင်တုန်တာ ဘာကွာလဲ။

နှလုံးရောဂါကြောင့် ရင်တုန်တာနဲ့ စိတ်ပူပင်စရာ များတာကြောင့် ရင်တုန်တာ ဘာကွာလဲ။

စိတ်ပူပင်မှုကြောင့် ဖြစ်တဲ့ ရင်တုန်တာ နဲ့ နှလုံးရောဂါကြောင့် ရင်တုန်တဲ့ လက္ခဏာ အများစုက ခပ်ဆင်ဆင်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ရောဂါ လက္ခဏာတွေက ကွာခြားပါတယ်။

ဒီ အခြေအနေ ၂ ရပ်ကို ခန္ဓာကိုယ်က တုံ့ပြန်ပုံခြင်းလည်း ကွာခြားနိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်တာ၊ ရုတ်တရက် နှလုံးရပ်တာကြောင့် ရင်ဘတ်အောင့်တာ ရင်တုန်ရတာက နှလုံးသွေးကြောတွေဆီကို သွေး မစီးဆင်းနိုင်တာကြောင့် ခန္ဓာကိုယ်မှာ အောက်ဆီဂျင် ကျလာတာကြောင့်ပါ။ နှလုံးရောဂါ အခြေအနေတစ်ခုခု ကြောင့် ရင်တုန်တာ ရင်ဘတ်အောင့်တာက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပေမယ့် စိုးရိမ်စရာတွေ များတာကြောင့် ရင်တုန်တာ ရင်ဘတ်အောင့်တာမျိုးက အသက်အန္တရာယ်ကို မထိခိုက်စေနိုင်ပါဘူး။

စိတ်ပူပင်လို့ ရင်တုန်လာတာလား … နှလုံးရောဂါလား….

စိတ်ပူပင်လို့ ရင်တုန်လာတာလား ... နှလုံးရောဂါလား....

ဒီအခြေအနေ (၂) ရပ်စလုံးကြောင့်

  • ရင်ဘတ်အောင့်တာ
  • အသက်ရှူရ ခက်တာ
  • အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ
  • စိတ်ထဲမှာ စိုးရိမ်စိတ် များတာ၊ စိတ်ဓာတ် ကျတာလိုမျိုး ခံစားရတာ
  • ခေါင်းထဲမှာ ပေါ့ပေါ့​ကြီးနဲ့ မူးနေတာ
  • မူးဝေနေတာ
  • နှလုံးခုန် မြန်တာ
  • ခြေလက်တွေထဲမှာ အားနည်းတာ
  • ခြေလက်တွေထဲမှာ ထုံကျဉ်တာတွေ ခံစားရနိုင်ပါတယ်။

ဒီ အခြေအနေ (၂) ရပ်ကြားက ကွာခြားချက်က ဘာလဲ………

စိတ်ပူပင်တာကြောင့် ဖြစ်ဖြစ် ခံစားရတဲ့ လက္ခဏာတွေက တူပေမယ့် အခုလိုလေးတွေတော့ ကွာခြားနိုင်ပါတယ်။

  • စိတ်ပူပင်တာကြောင့် ရင်ဘတ်အောင့်တာက ရင်ဘတ်ထဲမှာ စူးခနဲ အောင့်ပြီး တစ်နေရာထဲက ဖြစ်နေနိုင်ပါတယ်
  • နှလုံးရောဂါကြောင့် ဆိုရင်တော့ တစ်နေရာထဲက စူးအောင့်နေတာမဟုတ်ဘဲ ရင်ဘတ်တစ်ခုလုံးမှာ တဆစ်ဆစ်နဲ့ အောင့်တာမျိုး ဖြစ်နေနိုင်ပါတယ်
  • စိတ်ပူပင်မှုကြောင့် ရင်ဘတ်အောင့်တာ၊ ရင်တုန်တာက စိတ်ပိုင်းဆိုင်ရာ နာကျင် ထိခိုက်မှုတွေကနေ အစပြုတယ်
  • နှလုံးရောဂါကြောင့် ရငဘတ်အောင့်တာက ရုပ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုတွေကနေ အစပြုနိုင်တယ်
  • စိတ်ပူပင်မှုကြောင့် ရင်တုန်တာက အော့အန်တာမျိုး ဖြစ်ခဲပါတယ်
  • နှလုံးရောဂါကြောင့် ရင်တုန်တာက နောက်ကျော၊ ပခုံးတွေမှာ နာကျင်မှု ခံစားရနိုင်တယ်
  • စိတ်ပူပန်မှုကြောင့် ရင်တုန်တာက နောက်ကျော၊ ပခုံးတွေမှာ နာကျင်တာမျိုး မရှိပါဘူး

ဒီလက္ခဏာတွေ ခံစားလာရပြီဆိုရင် အကောင်းဆုံးက ကိုယ်ခံစားနေရတာဟာ စိတ်ပူပင်မှု များတာကြောင့်လား။ နှလုံးရောဂါ ခံစားနေရတာလားဆိုတာကို သေချာ စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Anxiety or Heart Problem? https://www.floridamedicalclinic.com/blog/anxiety-or-heart-problem/ Accessed Date 4 February 2021

Is It Anxiety or Heart Disease? Sometimes It’s Hard to Tell the Difference https://www.everydayhealth.com/columns/jared-bunch-rhythm-of-life/is-it-anxiety-or-heart-disease-sometimes-its-hard-to-tell-the-difference/ Accessed Date 4 February 2021

ယခုပုံစံ

03/02/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement