နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 24, 2020 . 3 mins read
Share now

ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေက သိပ်ကို အသုံးတည့်လာပါတယ်။ လူနေမှုဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာသလို တဖက်မှာလည်း စမတ်ဖုန်းနဲ့ ဆက်နွယ်နေတဲ့ ရောဂါဘယတွေကလည်း အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။

ဒီလို စမတ်ဖုန်းတွေနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေပါတယ်။

ဥပမာတစ်ခုပြောရရင်တော့ Selfie Syndrome ပေါ့။ ရောက်လေရာအရပ်မှာ ဖုန်းလေးဖွင့်ပြီး Selfie ဆွဲနေပြီဆိုရင် ဒီပြဿနာကို သတိထားဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒါက Selfie Syndrome ဖြစ်နေတာဖြစ်နိုင်လို့ပါပဲ။

ယျေဘယျအားဖြင့် Selfie ရိုက်တာကို လှချင်ပချင်တဲ့ အမျိုးသမီးငယ်လေးတွေ အများဆုံးပြုမူကြပါတယ်။  ဒီလိုပြောလို့ အမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေရော မရိုက်ဖူးလားလို့တော့ မမေးပါနဲ့။ သူတို့လည်း လုပ်ကြတာပါပဲ။ အရေအတွက် အနည်းငယ်သာ နည်းပါးတာပါ။

ဒီလို နေရာတကာ Selfie ဆွဲနေတဲ့သူတွေကို Selfitis လို့ခေါ်ပါတယ်။ Selfie ပုံလေးတွေ အမျိုးမျိုးရိုက်ပြီးရင် Instagram ၊ Facebook ၊ Snapchat ၊ Twitter စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်တင်ကြပါတော့မယ်။

အကြမ်းဖျဉ်းအားဖြင့် Selfie ဓာတ်ပုံတွေ ရိုက်ကူးနေတာဟာ လှချင်လို့၊ ဆိုရှယ်မီဒီယာတွေပေါ်တင်ချင်တာကြောင့်လို့ ဆိုလို့ရပေမယ့် တကယ်တမ်း သတိထားကြည့်မယ်ဆိုရင် ကိုယ်ဘာကြောင့် Selfie ရိုက်နေတယ်ဆိုတာကို သတိမထားမိကြတာများပါတယ်။ ရိုက်နေကြမို့ စွဲလမ်းသွားရင်း ရောက်လေရာအရပ်မှာ Selfie တွေ ဆက်တိုက်ဆွဲနေမိတော့တာမျိုးပေါ့။

ဘယ်လောက်ပြင်းထန်တဲ့ Selfie Syndrome မျိုးခံစားနေရသလဲ

American Psychiatric Association ကတော့ တစ်နေ့ကို Selfie ပုံ ၃ ပုံထက်ပိုရိုက်မိနေသူတွေကို သာမန်အခြေအနေလို့ မသတ်မှတ်ပါဘူး။ ဒါ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိနေတဲ့ အနေအထားမျိုးလို့ ဆိုပါတယ်။ တစ်ချို့ စိတ်ကျန်းမာရေးပညာရှင်တွေကတော့ ဒီလိုစွဲလမ်းမှုမျိုးကို Selfie Syndrome လို့ ခေါ်ကြပါတယ်။

တချို့တွေက Obsessive Selfie-Taking လို့ သုံးနှုန်းကြတာမျိုးလည်း ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာတော့ Digital Narcissism (ဒစ်ဂျစ်တယ် အတ္တပေမဝါဒ) လို့လည်း ခေါ်ဆိုကြပါသေးတယ်။

Selfie Syndrome ဆိုတဲ့ အမည်က လူသိနည်းလှပေမယ့် သေချာလေ့လာကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ Selfie ရိုက်ရတာကို အနုစားစွဲလမ်းနေသူတွေချည်းတင် လူပေါင်း သန်းရာချီရှိနေတာပါ။ ဒီလောက်ဆို Selfie Syndrome ရဲ့ ကျယ်ပြန့်မှုကို မြင်နိုင်မယ်ထင်ပါတယ်။

မနက်အိပ်ယာနိုးရင်လည်း Selfie ၊ အပြေးလေ့ကျင့်လည်း Selfie ၊ လေ့ကျင့်ခန်းလုပ်လည်း Selfie ၊ တစ်ခုခုစားလည်း Selfie ၊ တစ်ယောက်ယောက်နဲ့တွေ့လည်း Selfie နဲ့ နေရာတကာ Selfie နေပြီဆိုရင်တော့ သင့်မှာ Selfie Syndrome ရှိနေတာသေချာနေပါပြီ။

ဒါတင်မကပါဘူး အချိန်တိုင်းဖုန်းကိုင်ထားပြီး ဘယ်နေရာရောက်ရောက် Selfie ဆွဲဖို့ စိတ်အားထက်သန်မှုကလည်း အပြည့်ရှိနေတတ်သလို ပုံတွေ ရိုက်ပြီးရင်လည်း မလှရင် မကျေနပ်သေး၊ Effect အမျိုးမျိုးထည့်ပြီး မလှလှအောင် ပြင်ဆင်ချယ်သဖို့ကိုလည်း စိတ်ဆန္ဒပြင်းပြနေတတ်ကြပါသေးတယ်။

လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ဖို့ စိတ်အားထက်သန်တယ်ဆိုတာက တကယ်တော့ ရီချင်စရာ စွဲလမ်းမှုတစ်မျိုးပါ။ ကိုယ့်ပုံကို မှန်ထဲကြည့်ပြီး ခကြာခဏ ပန်းချီဆွဲလေ့ရှိတဲ့ ဗင်းဆင့် ဗန်ဂိုးဟာ Selfie Syndrome ရဲ့ အစောဆုံးလူနာဖြစ်ဖွယ်ရှိတယ်လို့ နောက်ပြောင်ပြောဆိုတာမျိုးလည်းရှိပါတယ်။

American Psychiatric Association ကတော့ “Selfitis” လို့ ခေါင်းစဉ်တပ်ခံထားရသူတွေတိုင်းမှာ Selfie Syndrome ရှိနေကြတယ်လို့ ဆိုထားပါတယ်။ Selfitis တစ်ယောက် ဘယ်လောက် စွဲလမ်းမှုပြင်းထန်နေလဲဆိုတာကို အဆင့် ၃ ဆင့်နဲ့ ခွဲခြားပါတယ်။

ဒါတွေကတော့ Borderline၊ Acute နဲ့ Chronic တို့ပါပဲ။

သင်ဟာ တနေ့ကို Selfie ဓာတ်ပုံ ၃ ပုံထက်ပိုရိုက်တယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်တော့ တင်လေ့မရှိဘူးဆိုရင် သင်က borderline လယ်ဗယ်ပါ။

ဒီလိုမှမဟုတ်ပဲ ပုံတွေလည်း ရိုက်တယ်၊ တစ်နေ့ကိုလည်း ၃ ပုံထက်မနည်း ဆိုရှယ်မီဒီယာပေါ်တင်တယ်ဆိုရင်တော့ သင်က acute လယ်ဗယ်ပါ။

တားမရဆီးမနိုင် အချိန်တိုင်း Selfie ရိုက်နေပြီး တစ်နေ့ကို ပုံ ၆ ပုံထက်မနည်း ဆိုရှယ်မီဒီယာပေါ်တင်နေပြီဆိုရင်တော့ သင်က Chronic selfitis အခြေအနေဖြစ်နေပါပြီ။ အလျှင်အမြန် ကုသမှုခံယူဖို့ လိုအပ်တဲ့ အခြေအနေကို ရောက်နေပြီဆိုပါတော့။

Chronic selfitis အခြေအနေမျိုးအထိရောက်လာပြီးရင်တော့ အောက်ပါလက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။

  • ဖုန်းနဲ့ ဝေးနေရင် မနေတတ်တော့တာ
  • Selfie မရိုက်ရရင် တစ်ခုခု ခံစားနေရတာ၊
  • ဖုန်းမရှိချိန်တွေမှာ စိတ်မတည်မငြိမ်ဖြစ်တာ၊
  • ဖုန်းမရှိရင် စိတ်တို ဒေါသထွက်နေတတ်တာ၊
  • ကိစ္စအားလုံးကို ဖုန်းတွေ Selfie တွေနဲ့ ဆက်စပ်တွေးခေါ် ပြုမူနေတတ်တာမျိုးတွေပါ။

ဘယ်လို ကုစားကြမလဲ

Selfie Syndrome ဟာ စွဲလမ်းလွန်စိတ်ဝေဒနာတစ်မျိုးဖြစ်ပေမယ့် သွက်သွက်ခါသွားလောက်တဲ့အထိ ပြင်းထန်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီဝေဒနာကို တခြားသော စွဲလမ်းလွန်စိတ်ဝေဒနာတွေလိုမျိုးပဲ နည်းလမ်းတူညီစွာ ကုစားနိုင်ပါတယ်။

စွဲလမ်းမှုကို ဆွေးနွေးတိုင်ပင်မှုတွေနဲ့ လျှော့ချရမှာဖြစ်ပြီးတော့ ဆိုရှယ်မီဒီယာကို ဘဝလို့သတ်မှတ်ထားတာနဲ့ ဆိုရှယ်မီဒီယာနဲ့ အတူယှဉ်တွဲနေထိုင်ခြင်းတို့ရဲ့ ကွာခြားချက်တွေကို နားလည်အောင် ကိုယ်တိုင်ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။

  • ဖုန်းအသုံးပြုချိန်ကို တဖြည်းဖြည်းချင်းလျှော့ချ၊
  • ဖုန်းအသုံးပြုချိန်ကို တိတိကျကျ သတ်မှတ် သုံးစွဲ၊
  • စွဲလမ်းမှုကို တဖြည်းဖြည်းချင်း ထိမ်းချုပ်၊
  • စိတ်တည်ငြိမ်မှုရစေဖို့ တရားထိုင်၊
  • အာရုံလွှဲနိုင်စေဖို့ တခြား ဝါသနာတွေကို အစားထိုး လုပ်ကြည့်၊
  • ဖုန်းသုံးရင်လည်း ကိုယ်လိုအပ်တဲ့အရာတွေကို အသုံးပြုပြီး မလိုအပ်တာတေကို မသုံးဖြစ်အောင် ဂရုစိုက်၊
  • စိတ်ကြည်လင်ပြီး ထိမ်းချုပ်ရ လွယ်ကူအောင် နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ စတဲ့ နည်းလမ်းတွေကိုလည်း အသုံးချနိုင်ပါတယ်။

လူ့သဘာဝအရ လှပတာ ထင်ပေါ်တာကို နှစ်သက်ကြတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝအခြေအနေတစ်ရပ်ထက် ပိုလွန်လာခဲ့မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေနဲ့အတူ ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။

Selfie Syndrome ဟာ ဒီလိုပြဿနာမျိုး တစ်ခုဖြစ်ပါတယ်။ ကိုယ်က Selfie ရိုက်ရတာကို ဝါသနာပါသူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ စိတ်အခြေအနေကို ထိခိုက်မှုဖြစ်စေတဲ့အထိ စွဲလမ်းမလာအောင် ထိမ်းကျောင်းဖို့က ကိုယ်တိုင်ရဲ့ တာဝန်ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ

လူတစ်ဖက်သား အဆင်ပြေပျော်ရွှင်နေတာကို လူတိုင်းမုဒိတာထားနိုင်တယ် မထင်ပါနဲ့။ လူတိုင်း မတွေးနိုင်ကြပါဘူး။ ဒါကို fear of missing out ဒါမှမဟုတ် FOMO လို့ခေါ်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read