home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းပါ။

ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းပါ။

လူတိုင်းဒေါသထွက်တတ်ကြပါတယ်။ ဒေါသအတိမ်အနက်နဲ့ ၊ ဒေါသ မထိန်းနိုင်တဲ့ အပေါ်မှာ မူတည်ပြီး ဒေါသကြီးတဲ့သူ၊ ဒေါသမကြီးတဲ့သူဆိုပြီး ကွဲပြားသွားတာပါ။ ဒေါသထွက် နေတဲ့အချိန် စကားတစ်ခွန်းမပြန်နဲ့ဆိုတဲ့အတိုင်း ဒေါသဆိုတာက အချင်းချင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပျက်စီးစေနိုင်သလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာကြောင့် ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို လျှော့ဖို့လိုပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ဒေါသတွေကို ချိုးနှိမ်ရမလဲ ။ ။

ဒီ နည်းလမ်းတွေနဲ့ ဒေါသကို ထိန်းပါ ။ ။

၁ – ဒေါသထွက်နေစဉ် စကားတစ်ခွန်း မပြန်ပါနဲ့ ။ ။

ဒေါသစိတ်မွှန်နေတဲ့အချိန် ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကမှန်တယ်လို့ လူတိုင်းထင်တတ်ကြပါတယ်။ ဒေါသပြေသွားတဲ့အခါကျမှ ကိုယ်ပြောလိုက်တာ လွန်သွားမှန်း သိသွားပြီး စိတ်မကောင်းပြန်ဖြစ်ရတာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။ စကားဆိုကလည်း ကျွံပြီးရင် ပြန်နှုတ်လို့ မရတာကြောင့် ဘယ်လောက်ပဲ ဒေါသကြီးကြီး ပြောစရာတွေ ရင်နဲ့ အပြည့်ရှိပေမယ့်လည်း အားလုံကို ခဏ မျိုသိပ်ထားလိုက်ပါ။ ဒေါသပြေသွားတဲ့အခါကျမှ အပြောသင့်ဆုံး စကားကို ပြန်ရွေးပြီး တစ်ခွန်းထဲ မယုတ်မလွန်ပြောလို့ရပါတယ်

၂ – စိတ်ငြိမ်သွားပြီဆိုမှ ဒေါသထွက်ခဲ့ကြောင်း ပေးသိပါ။

မျိုသိပ်ဆိုပြီး တစ်ခွန်းမှ မပြောခိုင်းတာမဟုတ်ပါဘူး။ စိတ်ငြိမ်သွားတဲ့ အခါမှ ကိုယ်ဘာကြောင့် ဒေါသထွက်ခဲ့တယ်ဆိုတာ တစ်ဘက်လူသိအောင်တော့ ပြောမှ ရပါလိမ့်မယ်။ ဒါမှ နောက်တစ်ခါ ခုလို အခြေအနေမျိုး ထပ်မဖြစ်တော့မှာပါ။ ဒေါသအရှိန်လည်း ပြေသွားပြီဆိုတော့ စကားတွေလည်း မလွန်တော့ဘူးပေါ့။

၃ – ခဏလောက် တစ်ယောက်တည်းအေးဆေးနေလိုက်ပါ။

စိတ်ဆိုးစရာ ဒေါသထွက်စရာ မြင်ကွင်းကနေ ထွက်သွားပြီး တစ်ယောက်တည်း အေးအေးဆေးဆေး တစ်နေရာမှာ သွားနေလိုက်ပါ။ စိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က သင့်စိတ်ကို အေးချမ်းမှု ပေးနိုင်မှာပါ။

၄ – လေ့ကျင့်ခန်းလုပ်ပါ။

ဖြစ်နေတဲ့ ဒေါသတွေ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် စိတ်အပြောင်းအလဲလေးဖြစ်အောင် အပြင်ထွက်လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါမှ ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေ ပြေလျော့သွားပြီး ဒေါသအရှိန်လည်း ပြေသွားမှာပါ။

၅ – ပြဿနာတွေရဲ့ အဖြေကိုရှာပါ။

ဒေါသထွက် နေရုံနဲ့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံး ရှင်းသွားမှာ မဟုတ်ပါဘူး။ ဖြစ်နေတဲ့ ဒေါသကို ထုတ်ပြမယ့်အစား အကောင်းဆုံး အဖြေကို ရှာသင့်ပါတယ်။ တစ်ခုမှတ်ထားရမှာက ဒေါသထွက်လိုက်လို့ သင့်စိတ်တစ်ခဏတာ ပြေသလိုလိုဖြစ်သွားပေမယ့် နောက်ပိုင် း အရမ်းပူလောင်လာပါလိမ့်မယ်။

၆ – ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပါနဲ့။ ။

ဒီတစ်ခေါက် ပြဿနာတက်တဲ့အချိန်မှာ အရင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေပါ ဆွဲထည့်ပြီး ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပါနဲ့။ ပြစ်တင်ဝေဖန်ခြင်းဟာ လက်ရှိဖြစ်နေတဲ့ ဒေါသရဲ့ တမ်ပိုကို ပိုမြင့်စေပါတယ်။

၇ – စိတ်ထဲက အဖုအထစ်တွေကို တစ်ခါတည်းရှင်းခဲ့ပါ။ အငြိုးအတေးတွေ မထားပါနဲ့။

ခွင့်လွှတ်ခြင်းဟာ အကြီးမားဆုံးသော အောင်မြင်ခြင်းဆိုပြီး ခုလောလောဆယ်မှာတော့ ခွင့်လွှတ်သယောင်ယောင်နဲ့ စိတ်ထဲ တေးထားတတ်တဲ့ သူတွေရှိပါတယ်။ နောက်တစ်ကြိမ်ထပ်ဖြစ်မှ အရင်က အငြိုးတွေ ပြန်ပေါ်လာခဲ့ရင် ဖြစ်နေတဲ့ ဒေါသ ပိုကြီးလာဖို့ပဲ ရှိပါတယ်။

၈ – အိပ်လိုက်ပါ ။

ဘယ်လောက်ပဲ မအိပ်ခင် စိတ်ဆိုးနေနေ အိပ်ပြီး ပြန်ထလာတဲ့အခါကျ စိတ်ပြေပြီး အေးချမ်းနေပါလိမ့်မယ်။ ဒါကြောင့် ဒေါသတွေထွက်လာပြီဆိုတာနဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး နေပြီး အိပ်လိုက်ပါ။ နိုးတဲ့အချိန် ဒေါသမရှိသလောက်ဖြစ်သွားပါလိမ့်မယ်။

ကိုယ်ဒေါသထွက်တဲ့အချိန်တိုင်း ဒါလေးတွေ လိုက်နာခဲ့မယ်ဆိုရင် ဒေါသကြောင့် ကိုယ့်ကျန်းမာရေးရော၊ ပေါင်းသင်းဆက်ဆံရေး ရော ထိခိုက်မှာ မဟုတ်တော့ဘူးနော် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။