Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 24, 2021 . 2 mins read
Share now

အင်တာနက် ပြတ်တောက်နေတဲ့အခါ ဒါမှမဟုတ် အင်တာနက်လိုင်း နှေးကွေးနေတဲ့အခါမျိုးမှာ ဘာကြောင့်များ စိတ်တွေတို၊ စိတ်ဆိုးဒေါသတွေ ထွက်နေမိတာပါလဲ။ ဒီလိုမျိုး တွေ့ကြုံခံစားရတာကို Internet rage လို့ ခေါ်ကြပါတယ်။

သာမန်စိတ်အနှောင့်အယှက်ဖြစ်မှု ဒါမှမဟုတ် စိတ်တိုစိတ်ရှုပ်တဲ့ ခံစားချက်တစ်ခုလို့ ထင်မြင်ရပေမယ့် အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် ဟာ အင်တာနက်စွဲလမ်းမှုရဲ့ လက္ခဏာတစ်ရပ်ပါ။ သင့်အနေနဲ့ နည်းပညာကို ပုံမှန်ထက်ပိုပြီး စွဲလန်းနေတာမို့ ခုလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

သင့်ရဲ့ Wifi အင်တာနက်လိုင်း နှေးကွေးနေတာမျိုး၊ မိုဘိုင်းဒေတာ ပြတ်တောက်နေတာမျိုး၊ အင်တာနက်က အဝိုင်းလည်နေတာမျိုးတွေ ကြုံဆုံရချိန်တိုင်းမှာ နေမထိထိုင်မသာ ခံစားရပြီး အကြောင်းအရာ မယ်မယ်ရရမရှိပဲ စိတ်ဆိုး ဒေါသထွက်နေမိတာမျိုးပေါ့။

ဒီအခြေအနေကို Daily technological annoyances လို့လည်း တချို့က ခေါ်ဆိုကြပါသေးတယ်။ လေ့လာချက်တွေအရ အင်တာနက်စွဲလန်းနေသူတွေဟာ 350-microsecond ထက်ပိုမိုနှေးကွေးတဲ့ အင်တာနက်အမြန်နှုန်းမျိုးနဲ့ ကြုံဆုံရတာနဲ့ အလိုအလျောက် စိတ်တိုဒေါသထွက်လာနိုင်ပါတယ်တဲ့။

Internet rage ဆိုသည်မှာ

ဒီကနေ့ခေတ် လူသားတွေဟာ အသက်အရွယ်အလိုက် နည်းပညာခေတ်အမျိုးမျိုးကို ဖြတ်သန်းကြီးပြင်းလာကြသူတွေပါ။ အင်တာနက်မရှိတဲ့ခေတ်၊ Dial up အင်တာနက်ခေတ်၊ Broadband ခေတ်နဲ့ ခုလို အမြန်နှုန်းမြင့် 4G 5G အင်တာနက် ခေတ်တွေအထိပါပဲ။

အင်တာနက်ဆိုတာ ဘာမှန်းမသိတဲ့ခေတ်ကနေ အင်တာနက်မရှိရင် မဖြစ်တော့တဲ့ခေတ်အထိ ကြာမြင့်ချိန်က နှစ် ၃၀ ဝန်းကျင်သာ ကြာခဲ့တာကိုး။ ဒါကြောင့်လဲ ဒီကနေ့ခေတ်မှာ အသက်အရွယ်မျိုးစုံအလိုက် အင်တာနက်နဲ့ ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို အမျိုးမျိုးအဖုံဖုံကြုံဆုံနေကြရတာပါ။

Internet rage ဟာလည်း ဒီလို ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ အင်တာနက်စွဲလမ်းလွန်ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် စနစ်တကျ လေ့လာမှုတွေအရ အင်တာနက်ကြောင့် စိတ်ဆိုးဒေါသဖြစ်ရတဲ့ မူရင်းအကြောင်းတရားဟာ အင်တာနက်မဟုတ်ပဲ ကာယကံရှင်ရဲ့ နဂိုစိတ်အခြေအနေမှာ စိတ်ဖိစီးမှုဝေဒနာ ကြိုတင်ရှိနှင့်နေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

အကြောင်းကတော့ အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် လက္ခဏာရှိတဲ့သူတွေဟာ တခြားအခြေအနေတွေမှာလည်း ခုလိုမျိုး စိတ်ဆိုးဒေါသထွက်တဲ့ ခံစားချက်ဖြစ်ပေါ်တတ်တာကြောင့်ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ၎င်းတို့ကို သူတို့အလိုရှိတဲ့အရာတွေအစား အခြားအရာတစ်ခုခုကို အစားထိုးပေးမယ်ဆိုရင် အင်တာနက် ပြတ်တောက်တာကြောင့် စိတ်ဆိုးဒေါသထွက်တဲ့ ခံစားချက်မျိုး ဖြစ်ပေါ်မှာဖြစ်ပါတယ်။

အင်တာနက် စွဲလန်းမှုကို ကျော်ဖြတ်ပါ

အင်တာနက် စွဲလန်းမှုဟာ စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါေကြောင့် ကိုယ့်အနေနဲ့ အင်တာနက်လိုင်းတွေ မကောင်းတာ၊ ပြတ်တောက်တာတွေကြုံတိုင်း စိတ်တို ဒေါသထွက်နေမိပြီဆိုရင် မိမိကိုယ်ကို သတိထားပြီး ထိမ်းချုပ်ဖို့ လိုအပ်ပါတယ်။

စိတ်ဖိစီးမှုဟာ စိတ်ခံစားချက်ကို လွန်ကဲစေပြီး ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုတောင်မှ စိတ်ဆိုးဒေါသထွက်စေ၊ အားငယ်စိတ်ပျက်စေ၊ ဝမ်းနည်းစေတဲ့အထိ တွန်းအားပေးတတ်တာကြောင့်ပါပဲ။

Internet rage ကို ထိမ်းချုပ်နိုင်စေမယ့် နည်းလမ်းကောင်းတစ်ခုကတော့ Digital Detox လုပ်တာပါ။ ဒစ်ဂျစ်တယ်ထုတ်ကုန်နဲ့ နည်းပညာတွေကို ကန့်သတ်အသုံးပြုတဲ့ Digital Detox နည်းလမ်းဟာ စိတ်ကျန်းမာရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အင်တာနက်စွဲလမ်းမှုကို လျှော့ချနိုင်ပါတယ်။

  • နည်းပညာထုတ်ကုန်တွေကို နေ့စဉ် အချိန်သတ်မှတ်ပြီး သုံးစွဲပါ။
  • တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် Digital Detox လုပ်ပေးပါ။
  • ဝါသနာပါရာ အလုပ်တွေနဲ့ တခြား အိမ်မှုကိစ္စတွေကို လုပ်ဆောင်ပြီး နည်းပညာအပေါ် အာရုံလွန်ကဲနေတာကို လျှော့ချပါ။
  • တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • ကိုယ်လက် လန်းဆန်းကြံ့ခိုင်စေမယ့် အားကစားလေ့ကျင့်ခန်းမျိုး နေ့စဉ်ပြုလုပ်ပါ။
  • မိသားစု၊ အပေါင်းအသင်းမိတ်ဆွေတွေကို အချိန်ပိုပေးပြီး ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနေထိုင်ပါ။

အထက်ပါနည်းလမ်းတွေက အင်တာနက်ကြောင့် စိတ်ဆိုးတတ်တဲ့ အကျင့်ကို လျှော့ချပေးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 နှင့် ကျန်းမာပျော်ရွှင်၍ အကျိုးဖြစ်ထွန်းသော Working from Home

COVID-19 အစားအသောက်များ ကွန်ပျူတာ အသင့်စားခေါက်ဆွဲခြောက်ထုပ် ကော်ဖီ Working from Home မိမိကိုယ်ခန္ဓာ နည်းပညာ ယောဂကျင့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ယောကျ်ားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ

ယောကျ်ား၊ မိန်းမ၊ သိပ္ပံ၊ နည်းပညာ၊ စာပေ၊ ဂီတ၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ပုံမှန်ဉာဏ်ရည်ဉာဏ်သွေး၊ အပြော၊ အရေးစွမ်းရည်၊ အမြင်နဲ့ပုံဖော်မှုစွမ်းရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဖုန်းကို လက်က မချနိုင်ဖြစ်နေပြီလား။

ဖုန်းကို လက်က မချနိုင်ဖြစ်နေပြီလား။ ဖုန်းကို စွဲလမ်းတာက တခြားသော ဂိမ်းစွဲတာ၊ လောင်းကစားစွဲတာလိုမျိုးပဲ အပြုအမူစွဲလမ်းခြင်း တစ်မျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

လူငယ်တွေရဲ့ စိတ်ခွန်အားနဲ့ လောကဓံရဲ့ တိုက်စားမှုဒဏ်

လူငယ်ဘဝ စိတ်ကျန်းမာရေး နေထိုင်မှုပုံစံ အစာအာဟာရ စိတ်ဖိစီးမှုများ လူမှုရေး အိမ်တွင်းရေး လုပ်ငန်းခွင် လောကဓံ အိပ်ချိန် နည်းပညာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 28, 2020 . 2 mins read
ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read
နေဝင်ချိန်မှာ အဖော်ပြုပါ။

နေဝင်ချိန်မှာ အဖော်ပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 28, 2020 . 3 mins read