backup og meta

စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

    ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ သင့်လျော်မယ့် အရာတွေ၊ ဘဝနေထိုင်မှုပုံစံနဲ့ အကောင်းဆုံးဖြစ်စေမယ့်၊ အကျိုးရှိစေနိုင်လောက်မယ့် အရာတွေကို အဓိက လုပ်သင့်ပါတယ်။ ရံဖန်ရံခါမှာတော့ ပုံမှန်လုပ်နေကျ ပုံစံခွက်ကနေ ရုန်းထွက်ပြီး ကိုယ့်စိတ်ကို အနားပေးဖို့ လိုပါတယ်။ ဒါကြောင့် အကြံပေးချင်တာကတော့ စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ ဆိုတာပါပဲ။

    စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

    ရုပ်ရှင်တွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်အာရုံကို လွှဲပြောင်းပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ ဘယ်လောက်ပဲ စိတ်ညစ်နေတဲ့ လူတစ်ယောက် ဖြစ်ပါစေ၊ ကိုယ် ကြိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်နေတဲ့ အချိန်လေးမှာ စိတ်ညစ်စရာတွေဆိုတာ အချိန်တစ်ခဏတာတော့ မေ့သွားတတ်ကြတာပါပဲ။

    ဟာသရုပ်ရှင်တွေ ဆိုရင်လည်း ကြည့်ရတဲ့သူတိုင်း စိတ်ကို ပျော်ရွှင်စေတယ်။ ဟာသ သရုပ်ဖော်ပြကွက်တွေကို ကြည့်ရင်း လူဟာ ရယ်မောမိတဲ့အခါ ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ကိုယ်ခန္ဓာက ထုတ်ပေးတယ်။

    ဒီဟော်မုန်းတွေက လူတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့ ခံစားချက်တွေ၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အတွေးလွန်ခြင်းတွေကို လျော့ကျစေပါတယ်။

    ရုပ်ရှင်လို့ ဆိုရာမှာ ကိုယ်ကြိုက်တဲ့ ဘယ်ရုပ်ရှင်မဆို ကြည့်လို့ ရပါတယ်။ အဓိက စိတ်ညစ်ရင် ရုပ်ရှင်ကြည့်ဖို့ ပြောရတဲ့ ရည်ရွယ်ချက်ကတော့ အားနေတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းဖြေစေဖို့၊ အထီးကျန်နေတဲ့ ခံစားချက်ကို ပျောက်သွားစေဖို့၊ ရယ်မောနိုင်စေဖို့၊ အတွေးမလွန်စေဖို့၊ စိုးရိမ်ပူပန်တာမျိုး မဖြစ်စေဖို့ပါပဲ။

    ကိုယ့်ဘာသာ အခန်းထဲမှာလည်း ကြည့်လို့ရသလို မိသားစုနဲ့ အတူ ရုပ်ရှင်ကြည့်ရင်း ရယ်မောပျော်ရွှင်စွာနဲ့ အတူတကွ အချိန်ကုန်ဆုံးစေခြင်းဟာလည်း ကိုယ်နဲ့ ကိုယ့်မိသားစုကြားမှာ ရှိနေတဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာကို တိုးစေသလို စကားလည်း ပိုပြောဖြစ်တဲ့အတွက် အရမ်းကြီးတော့ အထီးကျန်သလို ဖြစ်မိမှာတော့ မဟုတ်ပါဘူး။

    ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ဆိုရင်လည်း ပညာယူလို့၊ ကိုယ်ချင်းစာကြည့်လို့ ရတယ်မလား။

    ဒီနေရာမှာ စိတ်ပြေလက်ပျောက်လို့ ရုပ်ရှင်ကြည့်ပါလို့ ပြောရခြင်းက ရုပ်ရှင်တစ်ခုတည်း တစ်နေ့လုံး ထိုင်ကြည့်ပြီး ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ မေ့နေတာမျိုး မဖြစ်စေချင်လို့ပါ။

    ခါတိုင်းအချိန်တွေထက် အားလပ်ချိန် ပိုလျှံထွက်နေတဲ့အခါ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေထက် ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်မယ့် အရာတွေ ရွေးလုပ်တာတော့ အကောင်းဆုံးပဲပေါ့ဗျာ။

    သတိထားဖို့ကတော့ အချိန် အကြာကြီး တစ်နေရာထဲမှာ ထိုင်ကာ ရုပ်ရှင်ကြည့်တာမျိုး၊ ညမအိပ်ဘဲ ရုပ်ရှင်ကြည့်တာမျိုး မလုပ်ဖို့တော့ လိုမယ်နော်။

    ကိုယ် လုပ်စရာ ရှိတာလုပ်၊ အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်၊ ဗိုက်ဆာရင် အာဟာရပြည့်ဝစေလောက်မယ့် အစာအာဟာရတွေကို သေချာ စားသုံး၊ မိသားစု စကားဝိုင်းလေး ဖွဲ့ပြီး စကားလက်ဆုံကျ၊ ညကိုလည်း စောစောအိပ်၊ အိပ်ချိန်လေး ပြည့်ဝအောင် အိပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement