ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းဟာ အန္တရာယ်ကင်းရဲ့လား၊ မွေးဖွားလာမယ့် ကလေးကိုရော ထိခိုက်နိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

စုံတွဲတော်တော်များများဟာ ကိုယ်ဝန်ဆောင်ထားစဉ်မှာ လိင်ဆက်ဆံမှု ပြုကြဖို့ကို အနည်းငယ် ထိတ်လန့်နေတတ်ကြပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ဆန္ဒတွေကိုလည်း ထိန်းချုပ်ထားဖို့မတတ်နိုင်ကြပါဘူး။ တစ်ဆက် တည်းမှာလည်း မွေးဖွားလာမယ့်ရင်သွေးလေးအတွက်လည်း စိုးရိမ်နေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံသယကင်းကင်းနဲ့ လိင်ဆက်ဆံမှုပြုလုပ်ကြစေဖို့အတွက် လူအများစိတ်ဝင်တစားမေးမြန်းထားကြတဲ့ မေးခွန်း လေးတွေရဲ့ အဖြေတွေကတော့ …..

(၁)    ကိုယ်ဝန်ဆောင်စဉ် အမျိုးသားလိင်အင်္ဂါနဲ့ ထိုးသွင်းဆက်ဆံခြင်းဟာ အန္တရာယ်ကင်းပါ့မလား

အဖြေကတော့ ကင်းပါတယ်။ ထိုးသွင်းနေစဉ်မှာ သားအိမ်ဟာ လှုပ်ရှားမှု အနည်းငယ်ဖြစ်သွားတာကို ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ကလေးကို သွားထိခိုက်ပြီလားလို့ စိုးရိမ်တတ်ကြပါတယ်။ သားအိမ်ဟာ ကိုယ်ဝန် ဆောင်နေစဉ်မှာ ယခင်သာမန်အချိန်တွေထက် ရွေ့လျားနိုင်မှု မြင့်ပါတယ်။ ဒါ့အပြင် သန္ဓေသားဟာလည်း အထပ်ထပ်ကာရံမှုတွေနဲ့ ကောင်းမွန်စွာကြီးထွားနေမှာပါ။ ဒီတော့ဆရာဝန်က လိင်ဆက်ဆံဖို့ တားမြစ်ထားတဲ့ အခြေအနေတွေကလွဲလို့ ကျန်ပုံမှန်အခြေအနေတွေမှာ ကိုယ်ဝန်ဆောင်လိင်ဆက်ဆံခြင်းဟာ အဆင်ပြေပါတယ်။ အားနည်းနေတဲ့ သားအိမ်ခေါင်း ရှိသူတွေနဲ့ အချင်းအနေအထားမမှန်တဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ လိင်ဆက်ဆံ ဖို့တားမြစ်ထားမှာပါ။ ၈၀% သော အိမ်ထောင်ဖက်အမျိုးသားတွေဟာ မိမိကလေးကို ထိခိုက်သွားမှာ ကြောက်ကြပါတယ်။ ဒါကြောင့်ကိုယ်ဝန်အပ်ဖို့ ဆရာဝန်နဲ့ ချိန်းဆိုမှုတွေမှာ မိမိရဲ့အိမ်ထောင်ဖက်ကိုပါခေါ်သွားပါ။ အမျိုးသားလိင်အင်္ဂါဟာ ထိုးသွင်းနေစဉ်အတွင်း သန္ဓေသားကို ထိခိုက်မှုမရှိကြောင်း သိရှိသွားနိုင်ပါလိမ့်မယ်။

(၂)     ကိုယ်ဝန်ပျက်ကျနိုင်သလား

လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်ပျက်ကျတာမျိုးမဖြစ်နိုင်ပါဘူး။ ကိုယ်ဝန် ပျက်ကျတယ်ဆိုတာ သန္ဓေသားဟာ ပုံမှန်အတိုင်း ဖွံ့ဖြိုးမှုမရှိဘဲ ပြဿနာတစ်စုံတစ်ခုရှိလို့ပါ။ (၂၀၁၁) လေ့လာ ချက်တွေအရ ကျန်းကျန်းမာမာပုံမှန် ကိုယ်ဝန်တွေမှာဆိုရင် လိင်ဆက်ဆံမှုဟာ မီးဖွားရာမှာ လွယ်ကူစေတယ်လို့ တောင် ဆိုထားပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်းမျိုးလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိရဲ့ အိမ်ထောင်ဖက်နဲ့သာ သစ္စာရှိရှိ လိင်ဆက်ဆံသင့်ပါတယ်။ ပါတနာများတဲ့အခါ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကူးလာနိုင် ပါတယ်။ ဒီအခါမှာတော့ ကိုယ်ဝန်ပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာမှာပါ။

(၃)    လိင်ဆက်ဆံအပြီး သွေးထွက်ခြင်းဟာ စိုးရိမ်ရလား

ကိုယ်ဝန်ရှိစဉ်မှာ သားအိမ်ခေါင်းဟာ သာမန်ထက်ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် သွေးထွက်နိုင် ပါတယ်။ ဒါပေမယ့် စွန်းရုံအနေအထား အနည်းငယ်ထွက်ခြင်းဟာ ကိစ္စမရှိပေမယ့် သွေးဆင်းတာ မရပ်တော့ တာမျိုး၊ နာကျင်မှုတွေ ခံစားလာရတာမျိုးနဲ့ ရက်သတ္တပတ် အတော်ကြာသွေးဆင်းနေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အချင်းအနေအထားမမှန်တာမျိုး၊ သားအိမ်ပြင်ပ သန္ဓေတည်တာမျိုး ဖြစ်နိုင်လို့ပါ။  လိင်ဆက်ဆံမှုတစ်ခုထဲနဲ့တော့ သွေးအများကြီး ဆင်းတာမျိုး မဖြစ်တတ်ပါဘူး။ သားအိမ်ခေါင်းကျိန်းစပ်ခြင်းနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့လည်း သွားရောက်တိုင်ပင်နိုင်ပါတယ်။

(၄)    ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းဟာ နာကျင်မှုကို ဖြစ်စေတာ ပုံမှန်ပဲလား

သွေးလည်ပတ်မှုနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်၊ ရင်သားနဲ့ နို့သီးခေါင်းထိပ်တွေဟာ သာမန်ထက်ထိလွယ်ရှလွယ်တဲ့ အနေအထားပါ။  ဒါကြောင့် ပုံမှန်အချိန်တွေထက် နာကျင်မှုကို ပိုမိုခံစားရနိုင် ပါတယ်။ နာကျင်မှုကို နည်းနိုင်သမျှနည်းစေနိုင်တဲ့ နည်းလမ်းလေးတွေကို ပါတနာနဲ့အတူတူ ရှာဖွေကြည့်သင့် ပါတယ်။

(၅)    လိင်စိတ်အထွဋ်အထိပ်ရောက်စေတဲ့ အိပ်မက်တွေမက်တတ်သလား

မ ဟော်မုန်းမြင့်တက်လာပြီး သွေးလည်ပတ်မှုများလာတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အိပ်ရာနိုးခါစမှာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေ အလိုလိုခံစားလာရနိုင်ပါတယ်။ လိင်စိတ်အထွဋ်အထိပ် ရောက်စေတဲ့ အိပ်မက်တွေကြောင့်ပါ။

(၆)    လိင်ဆက်ဆံမှုပုံစံ အနေအထားဟာ ကလေးရဲ့ လိင်အပေါ် လွှမ်းမိုးနိုင်တယ်ဆိုတာ ဟုတ်လား

မဟုတ်ပါဘူး။ ယုံမှားပုံပြင်တွေပါ။ လိင်ဆက်ဆံတဲ့ပုံစံဟာ သားသားလေးမွေးမလား၊ မီးမီးလေးမွေးမလားဆိုတဲ့ အပေါ်မှာ လုံးဝဥဿုံ သက်ရောက်မှုမရှိပါဘူး။

(၇)    အမျိုးသမီးဟာ စိတ်မပါတာမျိုးဖြစ်နိုင်သလား

ဖြစ်နိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အသစ်ကို ပိုင်ဆိုင်လိုက်ရသလို ခံစားရမှာပါ။ ဒီအခါမှာတော့ လိင်စိတ်တွေကျဆင်းလာမယ်။ သက်တောင့် သက်သာမရှိတော့ဘူး။ မောပန်းလွယ်လာမယ် စတာတွေကို ခံစားလာရမှာပါ။ အထူးသဖြင့် နောက်ဆုံး (၃)လ (3rd trimester) အတွင်းမှာ ပိုဆိုးပါတယ်။

(၈)    ကိုယ်ဝန်ဆောင်နေချိန်မှာ လိင်ဆက်ဆံဖို့ မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းလာတဲ့အခါ ဘာလုပ်သင့်လဲ

ဒီလိုစိတ်ဖိစီးမှုတွေကို အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းပါ။

  • နိုင်ငံအရပ်ရပ်ကကိုယ်ဝန်ဆောင်မင်းသမီး၊ မော်ဒယ်တွေရဲ့ အဝတ်ဗလာပုံတွေကို ကြည့်ပါ။ “သြော်၊ သူက ငါနဲ့တူပါလား၊ သူအရမ်းလှတာပဲ” စသဖြင့် ဘဝတူကိုယ်ဝန်ဆောင်တွေရဲ့ အလှကိုကြည့်ပြီး ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။
  • မိမိကိုယ်ကို အားပေးတဲ့စကားတွေပြောနေလိုက်ပါ။ ဥပမာ “ငါလှလိုက်တာ” “ငါ့ကလေးလေး တစ်ယောက်ကို လွယ်ထားနိုင်တာပဲ” စသဖြင့်ပေါ့။
  • ကိုယ်ဝန်ဆောင် ဗိုက်ဖုံးဂါဝန်လှလှလေးတွေ ဝယ်ဝတ်ပါ။

ကိုယ်ဝန်ဆောင်စဉ် သွေးလည်ပတ်မှုဟာ ပိုမိုကောင်းလာတာကြောင့် သင့်အသားအရေ လှပမှု ပိုရှိလာ မှာပါ။ စိုပြေလှပလာတဲ့ အသားအရေကို အပြည့်အဝပိုင်ဆိုင်လိုက်ပါ။

(၉)    ရှောင်ကြဉ်ရမယ့် လိင်ဆက်ဆံခြင်းတွေရှိလား

အရိုင်းဆန်တဲ့ ဆက်ဆံမှုတွေပါ။ ဥပမာ ကြာပွတ်နဲ့ ရိုက်တာမျိုး၊ ကြိုးတုပ်ဆက်ဆံတာမျိုးတွေကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် ဗိုက်ကို ကြိုးနဲ့ ချည်နှောင်ထား တာမျိုးဟာ သွေးလည်ပတ်မှုကို ပိတ်ဆို့စေလို့ပါ။ မအင်္ဂါကို လေမှုတ်သွင်းတာမျိုး (oral sex) မျိုးကိုတော့ လုံးဝ ရှောင်ရှားပါ။ လေကြောင့် သွေးကြောဆို့ခြင်းကို ဖြစ်စေနိုင်ပြီး သေတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

(၁၀)  ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံမှုကို ပြန်လည်စတင်နိုင်မလဲ

မွေးပြီး ခြောက်ပတ်အကြာပါ။ အနာကျက်ပြီးချိန်နဲ့ ပိုးမဝင်နိုင်တော့ဘဲ အခြေအနေရောက်ရင် လိင်ဆက်ဆံမှုကို ပြန်လည်စတင်နိုင်ပါပြီ။ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်နော်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတို့ရဲ့ လိင်စိတ်ဆိုတာ

အမျိုးသားတွေမှာ လိင်စိတ်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်သလို တစ်ချိန်နဲ့တစ်ချိန်လည်း မတူညီနိုင်ပါဘူး။ အမျိုးသားတွေရဲ့လိင်စိတ်ကို အများခံယူထားတဲ့ယူဆချက်တွေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား

လေ့ကျင့်ခန်းလုပ်အပြီး အိပ်ချင်စိတ်ပေါ်တာဟာ စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ကိုယ်ခန္ဓာရဲ့ကြွက်သားများဟာ ဆက်တိုက်လှုပ်ရှားနေတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

ရာသီလာ သွေးတုံးသွေးခဲ ရာသီချိန်ကိုက်ခဲ သားအိမ်ခေါင်းကင်ဆာ ကိုယ်ဝန်ပျက်ကျ သားအိမ်တစ်ရှူး နေရာမှား သားအိမ်အလုံးတည်ခြင်း ကလေးမရ သွေးဆင်းများ ဟော်မုန်းမညီမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အပျိုမြှေးရှိမှ အပျိုစစ်တာလား။

အပျိုမြှေး အပျို လင်မယား Imperforate hymen လိင်ဆက်ဆံမှု menstrual cup tampon တစ်ကိုယ်ရည်အာသာဖြေ မိန်းမကိုယ်ကြွက်သား ကွန်ဒုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 2 mins read
Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို စိတ်ပိုင်းဆိုင်ရာက ဘယ်လို ပံ့ပိုးပေးလဲ။

ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို စိတ်ပိုင်းဆိုင်ရာက ဘယ်လို ပံ့ပိုးပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 3 mins read
လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်သလား။

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 4, 2020 . 2 mins read