စကားပြောမယ်ကြံတိုင်း ခံတွင်းကအနံ့ဆိုးတွေထွက်နေလို့ လူအထင်သေးမှာစိုးပြီး မပြောရဲဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီနေ့ပဲ ဒီပြဿနာကို ဖြေရှင်းလိုက်ရအောင်လား။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် Helloဆရာဝန်ပရိသတ်ကြီးရေ….
ခံတွင်းနံ့ဆိုးကို ဒီလိုမောင်းထုတ်ပါ
ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို အလေ့အထလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပါ။
သွားမှာ သွားချေးတွေရှိနေတာကလည်း ခံတွင်းအနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားကြားထဲမှာ စားကြွင်းစားကျန်တွေမရှိစေဖို့လည်း သွားပွတ်ကြိုးအသုံးပြုပေးဖို့ မမေ့ပါနဲ့။
ခံတွင်းထဲမှာ ဘက်တီးရီးယားတွေများတာကလည်း ခံတွင်းနံ့ကိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက စားကြွင်းစားကျန်တွေကိုရှင်းပေးပြီးသားဖြစ်စေမှာပါ။ ဘက်တီးရီးယားတွေကိုလည်း ဟန့်တားပြီးသားဖြစ်စေမှာပါ။
ဒါကလည်း ခံတွင်းနံ့ဆိုးကင်းစေပြီးခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေထဲကတစ်ခုပါ။ သဘာဝအဆီအနှစ်တွေကနေထုတ်ထားတဲ့ ငုံဆေးဆိုရင် ပိုအဆင်ပြေပါမယ်။
လျှာကို သန့်ရှင်းပါ
လူအများစုက ခံတွင်းသန့်ရှင်းပါလို့ပြောလိုက်ရင် လျှာကိုမေ့ထားတတ်ကြပါတယ်။ တကယ်တော့ ခံတွင်းအနံ့ဆိုးကင်းစေဖို့က လျှာကို သန့်စင်ပေးဖို့လည်း လိုပါတယ်။ သွားတိုက်တဲ့အခါတိုင်း လျှာကိုပါတိုက်ပေးပါ။
ခံတွင်းနံ့ဆိုးစေနိုင်တာတွေကိုရှောင်ပါ
အစားစားတဲ့အခါ ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဓညင်းသီး၊ ကော်ဖီ စတာတွေကိုရှောင်ရပါမယ်။ ဒီအစားအစာတွေက သင့်ကို ခံတွင်းနံ့ဆိုးဖြစ်စေနိုင်ပါတယ်။
အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ သန့်စင်တဲ့ ခံတွင်းနံ့နဲ့ လူကြားထဲမှာ ရဲရဲဝံ့ဝံ့စကားပြောလိုက်ပါ။
[embed-health-tool-bmi]