backup og meta

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဒီနေ့ တစ်နေကုန် သမ်းနေတာပဲ၊ အိပ်ချင်နေတယ်၊ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး စတဲ့ အသံတွေကို သင့်ပတ်ဝန်းကျင်မှာ ကြားနေကျဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းဟာ မျိုးစုံရှိနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သလို တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။

အိပ်ရေးဝရဲ့လား

သုတေသီများရဲ့အဆိုအရ အသက်အရွယ်အလိုက် တစ်နေ့တာ အိပ်စက်သင့်တဲ့ အချိန်တွေကတော့

– ကျောင်းနေအရွယ် ကလေးများ။ ၁၀ နာရီမှ ၁၁ နာရီ

– ဆယ်ကျော်သက်များ။ ၈ နာရီမှ ၁၀ နာရီ

– အရွယ်ရောက်ပြီးသူများ။ ၇ နာရီမှ ၉ နာရီ

– အသက်ကြီးပိုင်းများ။ ၇ နာရီမှ ၈ နာရီ စသဖြင့် ဖြစ်ပါတယ်။

သင့်အနေနဲ့ ယခုဖော်ပြခဲ့တဲ့အတိုင်း အိပ်စက်သင့်သလောက် မအိပ်ရရင် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ အိပ်စက်ချိန်နည်းရင် ရေရှည်မှာ မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မတော်တဆဖြစ်နိုင်ခြေ မြင့်မားလာခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စတဲ့ပြဿနာတွေ ဝင်လာနိုင်ပါတယ်။

အခြားအကြောင်းအရင်းများ

အိပ်ရေးမဝခြင်းအပြင် မောပန်းနွမ်းနယ်ခြင်းဖြစ်စေရတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သံဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် သွေးအားနည်းခြင်းဟာ သင့်ကို အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ သွေးနီဥဆဲလ်တွေ လုံလောက်စွာမရှိရင် ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်ခြင်း မရှိပါဘူး။ အဆိုပါ အခြေအနေမှာ မောပန်းခြင်းအပြင် အသက်ရှူမဝခြင်း၊ နှလုံးတုန်ခြင်း၊ ဖြူဖျော့ခြင်း စတဲ့လက္ခဏာတွေ ကြုံနိုင်ပါတယ်။

  • အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်း

အိပ်ပျော်နေစဉ်မှာ လူတချို့ဟာ အသက်ရှူရပ်တန့်သွားခြင်းမျိုး ကြုံရတတ်ပါတယ်။ သူတို့ရဲ့လည်ချောင်းဟာ အိပ်နေစဉ် ယာယီကျဉ်းမြောင်းသွားတတ်ပါတယ်။ တစ်ခါတရံ လုံးဝပိတ်သွားနိုင်ပါတယ်။ အဆိုပါအခြေအနေမှာ အသက်ရှူကျပ်ပြီး ညဖက်တွေမှာ နိုးလာတတ်ပါတယ်။ အိပ်ပျော်စဉ်မှာ အသက်ရှူရပ်တန့်ခြင်းပြဿနာကြောင့် နေ့ဖက်တွေမှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အဝလွန်သူတွေ၊ သက်လတ်ပိုင်း အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုတွေ့ရတတ်ပါတယ်။

ပင်ပန်နွမ်းနယ်နေခြင်းဟာ စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းကြောင့် ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားသလို ခံစားရနိုင်ပါတယ်။ အိပ်စက်ခြင်းကိုလည်း ထိခိုက်နိုင်ပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နာကျင်ကိုက်ခဲခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ရတာ သဘာဝဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမ သုံးလပတ်ကာလမှာ ကိုယ်ခန္ဓာကနေ ပရိုဂျက်စထရုန်းဟော်မုန်း အများအပြား ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းဟာ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ခြင်းကို တတ်နိုင်သမျှ လျှော့ချရအောင် အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးသောက်သုံးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

ဆီးချိုရောဂါရှိရင် သိသိသာသာ မောပန်းနွမ်းနယ်နေတတ်ပါတယ်။ အလွန်အမင်း ရေငတ်ပါတယ်။ ဆီးလည်း သွားချင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်တက်နေတဲ့အတွက် အခုလို ဖြစ်ရခြင်း ဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်မလုပ်ရင်လည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒီပြဿနာဟာ ဖြည်းဖြည်းချင်း ပေါ်လာတာမို့ ရုတ်တရက်မသိနိုင်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ကျခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/why-am-i-so-tired Accessed Date 15 August 2020

ယခုပုံစံ

08/12/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ

Work from Home ကြောင့် စိတ်မပင်ပန်းစေဖို့ ဆိုရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/12/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ