brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Short term memory တိုးတက်စေမယ့် နည်းလမ်းအချို့

ခုလေးတင်ပြောမလို့မေ့သွားပြန်ပြီ။ ဘာပြောနေတာလဲ ဆိုပြီးဖြစ်ဖူးလား။ လူတွေမှာ အလုပ်များလေလေ သတိမေ့လာလေလေပါ။ ငါမလည်း တစ်ချိန်လုံးကိုမေ့နေတာပဲလို့များဖြစ်နေပြီလား။ ဒါက ကာလတိုမှတ်ဉာဏ်အားနည်းလာတာပါ။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းများမရှိဘူးလားလို့ စဉ်းစားနေတာလား။ အစားအသောက်တွေ နဲ့နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်နော်။

Short term memory တိုးတက်စေမယ့် နည်းလမ်းအချို့

ကာလတိုမှတ်ဉာဏ်ဆိုတာ

ကာလတိုမှတ်ဉာဏ်ဆိုတာက ရုတ်တရက်ဖြစ်ပျက်တဲ့အရာတွေကို အချိန်တိုအတွင်းမှတ်ထားပေးတဲ့ မှတ်ဉာဏ်ပါ။ သတင်းအချက်အလက်တွေကို ယာယီသိမ်းဆည်းပေးထားတာပါ။ များသောအားဖြင့် ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀လောက်ပဲမှတ်ထားပေးတာပါ။ ရုတ်တရက်ဖုန်းနံပါတ်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ်၊ အရေးကြီးအချက်အလက်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ် မှတ်ထားပေးတာပါ။ ယာယီ သိမ်းဆည်းပေးထားတဲ့သဘောပေါ့။

ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ ဒီလိုတွေလုပ်ပေးလို့ရပါတယ်

ကာလတိုမှတ်ဉာဏ် အားနည်းလာတာက နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်တဲ့ ကိစ္စပါ။ ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေက –

ချောကလက်စားပေးပါ

ချောကလက် စားသုံးပြီး ၂ နာရီ ကနေ ၃ နာရီအတွင်းမှာ ဦးနှောက်ထဲမှာသွေးစီးဆင်းမှုကောင်းမွန်စေနိုင်သလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းပိုကောင်းမွန်စေနိုင်ပါတယ်။ အနက်ရောင်ချောကလက် ကဦးနှောက်ကျန်းမာရေးအတွက်တော်တော်လေးအထောကအကူဖြစ်စေတာပါ။

ချင်း (ဂျင်း) စားပေးပါ

ဦးနှောက်နဲ့မှတ်ဉာဏ်ကျန်းမာစေဖို့အတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ အစားအစာတစ်ခုပေါ့။ မှတ်ဉာဏ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးစေနိုင်ပါတယ်။ အာရုံစိုက်နိုင်စွမ်းတိုးစေနိုင်ပါတယ်။

ကဖင်းသောက်ပေးပါ

ကဖင်းဓါတ်က ကာလတိုမှတ်ဉာဏ်အတွက်ရော ကာလရှည်မှတ်ဉာဏ်အတွက်ပါ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် ကာလတိုမှတ်ဉာဏ်ကောင်းစေချင်ရင် ကဖင်းပါတဲ့သောက်စရာတွေကိုသောက်သုံးပေးပါ။

အချိုလျှော့စားပါ

သကြားတွေ အစားများတာက မှတ်ဉာဏ်ကိုထိခိုက်စေနိုင်သလို နာတာရှည်ရောဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မှတ်ဉာဏ်မထိခိုက်စေချင်ဘူးဆိုရင်တော့ အချိုတွေလျှော့စားပေးပါ။ သကြားအစားများတာက ဦးနှောက်ကို ကျုံ့စေနိုင်ပါတယ်။

ငါးကြီးဆီ စားပေးပါ

ငါးကြီးဆီကလည်း မှတ်ဉာဏ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ငါးကြီးဆီက နှလုံးရောဂြါဖစ်နိုင်ခြေကိုနည်းစေနိုင်သလို စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် ငါးကြီးဆီစားသုံးပေးပြီး ကာလတိုမှတ်ဉာဏ်ကို ထိန်းသိမ်းပေးပါ။

ပီကေဝါးပေးပါ

ပီကေဝါးတာကလည်း စိတ်ကိုတည်ငြိမ်စေပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေနိုင်ပါတယ်။ အာရုံစိုက်မှုပိုကောင်းတာကြောင့် အကြောင်းအရာတွေကိုကောင်းကောင်းမှတ်မိနိုင်ပါတယ်။

ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ

နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက မှတ်ဉာဏ်ကောင်းမွန်စေသလို ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်. ဒါကြောင့်တစ်နေ့ကို မိနစ် ၂၀လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

လမ်းပုံမှန်လျှောက်ပေးတာက ကာလတိုမှတ်ဉာဏ်ကိုတိုးစေနိုင်တဲ့ အလေ့အထတစ်ခုပါ။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် သိပ်မဝေးတဲ့နေရာတွေကို လမ်းလျှောက်သွားပေးပြီး ကာလတိုမှတ်ဉာဏ်ကို ထိန်းသိမ်းပေးပါ။

ရယ်မောပျော်ရွှင်နေသူတွေက ကာလတိုမှတ်ဉာဏ်ကောင်းမွန်တယ်၊လို့လေ့လာသုတေသနချက်တွေအရတွေအရ သိရပါတယ်။ ရယ်ရတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး မိနစ် ၂၀ အတွင်းမှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကောတီစောဟော်မုန်းတွေ ကျဆင်းသွားပြီး မှတ်မိနိုင်စွမ်းတိုးလာတာကိုတွေ့ရပါတယ်။ ဒါကြောင့်နေ့စဉ်အလုပ်တွေထဲမျာ လုံးပန်းနေရရင်တောင် ရယ်မောစရာလေးတွေတွေ့တဲ့အခါ ရယ်မောပေးဖို့ မမေ့ပါနဲ့။

တရားထိုင်ပါ

နေ့စဉ် ၁၅ မိနစ် လောက် တရားမှတ်ပေးပါ။ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုကောင်းလာမှာဖြစ်သလို မှတ်မိနိုင်စွမ်းလည်းတိုးလာပါလိမ့်မယ်။ တရားပုံမှန်ထိုင်သူတွေက အခြားသူတွေထက် ကာလတိုမှတ်ဉာဏ်ရော မှတ်မိနိုင်စွမ်းပါ ပိုကောင်းတတ်ကြပါတယ်။

ကဲ ဒီနည်းလမ်းလေးတွေကို စမ်းသပ်လုပ်ဆောင်ပြီး ကာလတိုမှတ်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ်ပျိုးထောင်လိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။