backup og meta

ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ ။  ။

    ဖြစ်ဖူးကြမှာပါ။ ဆီးသွားတဲ့အခါ ဆီးတွေပုံမှန်ထက်ပူနေတာ၊ ဆီးသွားရင် ကျင်တာ၊ ဆီးသွားရင် နာတာမျိုး အားလုံး ဖြစ်ဖူးကြမှာပါ။ ဆီးသွားရင် နာကျင်တာနဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ အများကြီးရေးထားပြီးဖြစ်လို့ ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲဆိုတာ ဒီဆောင်းပါးထဲမှာ ပြောပြချင်ပါတယ်။ ။

    ဆီးသွားလိုက်လို့ ဆီးပူတာနှစ်မျိုးရှိပါတယ်။

    • ဆီးအပူချိန်က ပုံမှန်ထက် ပိုနွေးတာကို ခံစားမိတာ နဲ့
    • ဆီးက ပူလွန်းလို့ ဆီးသွားတဲ့အခါ နာကျင်တဲ့ ဝေဒနာလိုမျိုး ခံစားရတာဆိုပြီး နှစ်မျိုးရှိပါတယ်။

    ပုံမှန်ဆို ဆီးအပူချိန်က ကိုယ်ခန္ဓာ အပူချိန်လောက်ပဲရှိရမှာပါ။ ရေအသောက်နည်းတာတို့၊ ကိုယ်ပူပြီးဖျားနေတာတို့ ၊ ဆောင်းတွင်းတို့မှာဆို ဆီးပူသလိုမျိုးခံစားရတတ်ပေမယ့် ဒါပုံမှန်ပါ။ ဆီးက ပူရုံတင်မဟုတ်ဘဲ ဆီးသွားတဲ့အခါ နာကျင်နေတယ်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ ။

    ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။

    အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးမှာ ဖြစ်နိုင်တဲ့ ဆီးပူရခြင်း အကြောင်းအရင်းတွေကတော့

    ၁ – ဆီးလမ်းကြောင်းပိုးဝင်ခြင်း ။ ။

    ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဆီးပူတာ၊ ဆီးသွားရင်နာကျင်တာကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အဓိက တရားခံ ဘက်တီးရီးယားကတော့ E. coli ပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့

    ပိုဆိုးတဲ့ ကိစ္စတွေမှာတော့

  • ဆီးသွားရင် ပုပ်သလို အနံ့ထွက်တာနဲ့
  • ဆီးထဲ သွေးပါတာတွေပဲ ဖြစ်ပါတယ်။
  • ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသလို့ရတယ်ဆိုသော်လည်း ပေါ့ဆပြီး သေချာမကုသတဲ့လူတွေမှာ ပိုးက ကျောက်ကပ်အထိပျံ့သွားပြီး ကျောက်ကပ်ပိုးဝင်တာ ပါဖြစ်တတ်ပါတယ်။

    ၂ – လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေကြောင့် ဆီးပူခြင်း

    လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေက မျိုးပွားအင်္ဂါတွေနဲ့ ဆီးလမ်းကြောင်းကို ထိခိုက်စေလို့ ဆီးသွားရင် ပူတာ ကျင်တာတွေ ဖြစ်စေတတ်ပါတယ်။ ဆီးပူတာနဲ့ ပက်သက်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျရောဂါနဲ့ Chlamydia လို့ခေါ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

    ၃ – ဆီးအိမ်ရောင်ခြင်း

    ကိုယ်ပေါ်က တစ်နေရာရာရောင်နေရင် အဲဒီနေရာကို ကိုင်ကြည့်တဲ့အခါ ပူနေတာမျိုး ခံစားရတယ်ဟုတ်။ ဒီလိုပဲ ဆီးအိမ်ရောင်တဲ့အခါ ဆီးအိမ်တွင်းသိုလှောင်ထားတဲ့ ဆီးတွေ ပူနေတာကြောင့် ဆီးသွားတဲ့အခါ ပူတဲ့ ခံစားမှုမျိုးခံစားရမှာပါ။ ဆီးအိမ်ရောင်တာရဲ့ တခြားလက္ခဏာတွေကတော့ ကိုယ်ပူမယ်၊ ချမ်းတုန်ပြီးဖျားမယ်၊ ဗိုက်အောင့်မယ်စတာတွေပဲ ဖြစ်ပါတယ်။

    အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဆီးပူရတဲ့ အကြောင်းအရင်းတွေကတော့

    ၁ – ကလေးမွေးပြီးနောက်ပိုင်း မိန်းမကိုယ်ပတ်လည်ပြဲသွားပြီး မိန်းမကိုယ်နားမှာရှိတဲ့ ဆီးလမ်းကြောင်းပါ ထိခိုက်ဒဏ်ရာ ရသွားတတ်ပါတယ်။ ဆီးမှာရှိတဲ့ pH ဟာ အက်ဆစ်ဓာတ်ဖြစ်တာကြောင့် ဆီးနဲ့ ဒဏ်ရာနဲ့ သွားတွေ့တဲ့ခါ ဆီးသွားရင် ပူသလိုခံစားရတတ်ပါတယ်။

    ၂ – မိန်းမကိုယ်ထဲ ပိုးဝင်ခြင်း – မိန်းမကိုယ်ထဲပိုးဝင်ပြီး ရောင်တဲ့အခါ မိန်းမကိုယ်ပတ်လည်မှာရှိတဲ့ ဆီးလမ်းကြောင်းပါ ထိခိုက်သွားပြီး ဆီးသွားတဲ့အခါ ပူပြီး နာကျင်တတ်ပါတယ်။

    အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးပူရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

    ၁ – ဆီးကျိတ်ရောင်ခြင်း – ဆီးကျိတ်ထဲကို ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဆီးကျိတ်ရောင်တဲ့အခါ ဆီးပူတာအပြင် ဆီးသွားရခက်တာ ဆီးသွားရင်နာတာမျိုးတွေ ပါခံစားရတတ်ပါတယ်။

    ၂ – သုက်ပို့ပြွန်ရောင်ခြင်း – သုက်ပို့ပြွန်ရောင်တဲ့အခါ သူ့ဘေးမှာရှိတဲ့ ဆီးပြွန်ပါရောင်သွားတဲ့အတွက် ဆီးသွားရင် ပူတာမျိုးခံစားတတ်ပါတယ်။ သုတ်ပို့ပြွန်ရောင်တဲ့ တခြားလက္ခဏာတွေကတော့ ဝှေးစေ့နားမှာ ရောင်နေတာ၊ ကိုယ်ပူတာနဲ့ လိင်တံနာတာတွေ ဖြစ်တတ်ပါတယ်။

    ဒါဆို ဒီလို ဆီးပူတာကို ဘယ်လိုကုသရမလဲ ။ ။

    ဆီးပူတာကို ကုသတဲ့ နည်းကတော့ ဆီးပူရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှာပြီး သူတို့ကို အဓိက ကုသဖို့ပဲ ဖြစ်ပါတယ်။ ဆီးပူရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့ အတွက် အနာနဲ့ ဆေးတွေ့ဖို့ ဆရာဝန်ဆီသွားပြီး ကုသမှုခံယူတာ အကောင်းဆုံးပါ။ အဓိက အကျဆုံးအချက်ဖြစ်တဲ့ ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့ ။ ။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement