အဖြူဆင်း တယ်ဆိုတာ မိန်းကလေးတွေ အတော်များများ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖြူဆင်းတယ် ဆိုရင် မကောင်းဘူးလို့ တချို့က ထင်ကြပါတယ်။ ဘာလို့များလဲ၊ အန္တရာယ်ရှိလား၊ ရောဂါရှိတာလား စိုးရိမ်တတ်ကြတယ်။
အဖြူဆင်း တယ်ဆိုတာ မိန်းကလေးတွေ အတော်များများ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖြူဆင်းတယ် ဆိုရင် မကောင်းဘူးလို့ တချို့က ထင်ကြပါတယ်။ ဘာလို့များလဲ၊ အန္တရာယ်ရှိလား၊ ရောဂါရှိတာလား စိုးရိမ်တတ်ကြတယ်။
အဖြူဆင်း တယ် ဆိုတာ တကယ်တော့ အမျိုးသမီးမျိုးပွားအင်္ဂါစနစ် အတွင်းမှာ အရေးပါတဲ့ ထိန်းသိမ်းမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေကနေ ထုတ်ပေးတဲ့အရည် တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးတာပါ။ ဒီလိုနည်းနဲ့ မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။
အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ။ ဆင်းတဲ့ ပမာဏ၊ အရောင်၊ အနံ့ တို့က ရာသီစက်ဝန်းကို မူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့ အချိန်၊ ကလေးနို့တိုက်တဲ့ ကာလတို့ ဆိုရင် အဖြူပိုဆင်းတတ်တယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့ အဖြူဆင်းခြင်း ဖြစ်နိုင်တယ်။ အဖြူဆင်း တာ ရောဂါတစ်ခု မဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း ဖြစ်လာရင်တော့ အရောင်ညစ်တာ၊ အနံ့ဆိုးတာ၊ ပိုစေးကပ်တာတွေ အပြင် မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာ၊ လောင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ပမာဏထိန်းညှိမှုမှာ တစ်ခုခုပြောင်းလဲမှု ရှိလာတာ နဲ့ အဖြူဆင်း ခြင်းရဲ့ အနံ့၊ အရောင် နဲ့ အနေအထား(ဥပမာ – ပျစ်ချွဲမှု အတိုင်းအတာ) တို့ကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ –
အဖြူဆင်း တာ သက်သက်တော့ ရောဂါ မဟုတ်ပေမယ့် နောက်ခံကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးဝင်ခြင်းက အစ ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်။ ဥပမာ ဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုရင် သေချာမကုသရင် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိင်ပါတယ်။
မိန်းမကိုယ်ပိုးဝင်ခြင်းကို သေချာမကုသရင် ကိုယ်ဝန်ကိုပါ ထိခိုက်နိုင်တာ၊ သားအိမ်နဲ့ သားဥပြွန်တွေ အထိ ရောဂါပိုး ပြန့်သွားနိုင်တာ၊ တင်ပါးဆုံ အောက်ပိုင်း ရောင်ရမ်းခြင်း တို့အပြင် ကလေးရဖို့ ခက်တာတွေ အထိ ဖြစ်နိုင်တယ်။
ကုသတဲ့ နည်းလမ်း ကတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို မူတည်ပါလိမ့်မယ်။ ဥပမာ မှိုပိုးဝင်ခြင်း ဆိုရင် မိန်းမကိုယ်အတွင်းကို တိုက်ရိုက် သုံးဖို့ မှိုပိုးသတ်ဆေးခရင်မ် သို့မဟုတ် ဂျယ်လ်တစ်မျိုးမျိုး ဆရာဝန်က ညွှန်လေ့ ရှိပါတယ်။ မိန်းမကိုယ်ရောင်ရမ်းခြင်း အတွက်တော့ ပဋိဇီဝပိုးသတ်ဆေး ၊ သောက်ဆေး သို့မဟုတ် ခရင်မ်တွေ ညွှန်းတတ်ပါတယ်။
မိန်းမကိုယ်ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ အဓိကအားဖြင့် ဒီအချက်တွေကို ဂရုစိုက်တာ ကောင်းပါလိမ့်မယ် –
ဒါ့ကြောင့် သဘာဝအတိုင်း အဖြူဆင်း တာကို မကြောက်ပါနဲ့။ အနံ့နဲ့ အသွင်အပြင် မတူ၊ အဖြူမဟုတ်တဲ့ အဖြူဆင်းတာတွေ ကိုသာ သတိထားပါ၊ ကာကွယ်ပါ၊ ကုသပါလို့ အကြံပေးချင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။