backup og meta

အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။

အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။

အရက် ကြောင့် အသည်းအဆီဖုံးတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ဒီနေ့ပြောမှာကတော့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းအကြောင်းပါ။

အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဆိုတော့ အရက်ကြောင့်ဖြစ်တာ မဟုတ်ဘဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့အသည်းအဆီဖုံးခြင်းပါ။

ဒီအသည်းအဆီဖုံးတဲ့ ပြဿနာဟာ စိုးရိမ်ရလား။

အသည်းအဆီဖုံးတယ်ဆိုတော့ အသည်းဆဲလ်တွေကြားထဲ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ ဒီထိခိုက်မှုဟာ အရက်တအားသောက်လို့ ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းနဲ့ သွားတူပါတယ်။ ပိုဆိုးတာက အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်း အသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။

ဘယ်သူတွေက ပိုဖြစ်နိုင်တာလဲ။ ။

  • အသက် ၄၀ ကျော် ၅၀ နောက်ပိုင်းရောက်နေတဲ့သူတွေ
  • အဝလွန် နေတဲ့သူတွေ
  • အမျိုးအစား ၂ ဆီးချိုဖြစ်နေတဲ့သူတွေနဲ့
  • ဆီကြော်မုန့်တွေ အစားများ သွေးတွင်းအဆီဓာတ်များနေတဲ့သူတွေ
  • သိုင်းရွိုက်ဟော်မုန်း အလုပ်သိပ်မလုပ်တဲ့ Hypothyroidism ရောဂါရှိသူတွေ
  • Polycystic Ovarian Symdrome – သားဥအိမ် ရေအိတ်များကြီးတည်နေတဲ့သူတွေ
  • အိပ်နေရင်း ဟောက်တတ်ပြီး အသက်ရှူရပ်ရပ်သွားတတ်တဲ့သူတွေ နဲ့
  • Metabolic syndrome လို့ခေါ်တဲ့ ( ဗိုက်မှာအဆီစုတာ၊ အင်ဆူလင်ကောင်းကောင်း အလုပ်မလုပ်တာနဲ့ သွေးတိုးရောဂါ သွေးတွင်း အဆီများတဲ့ ပြဿနာ) အစုအဝေးကြီးနဲ့လည်း အသည်းအဆီဖုံးတာက ဆက်စပ်နေပါတယ်။

အသည်းအဆီဖုံးခြင်းရဲ့ လက္ခဏာများ ။ ။

အသည်းအဆီဖုံးတဲ့ ပြဿနာဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ သိပ်မရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိတာတွေကတော့

  • အသည်းကြီး နေမယ်
  • လူကလည်း တစ်ချိန်လုံး ပင်ပန်းနေမယ်
  • တစ်ခါတစ်ရံ ညာဘက်ဗိုက်အပေါ်နား အောင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ပိုပြီး ဆိုးလားတဲ့ အသည်းအဆီဖုံးခြင်းမှာတော့

  • ဗိုက်ကြီးရေဖျင်းဆွဲသလို ပူလာမယ်
  • အရေပြားအောက်ကသွေးကြောတွေ ဖောင်းလာမယ်
  • အမျိုးသားတွေမှာဆို ရင်သားတွေ ကြီးလာမယ်
  • သရက်ရွက် တွေကြီးနေမယ်
  • လက်ဖဝါးတွေ ရဲနေမယ်
  • မျက်လုံးနဲ့ အသားတွေ ဝါနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အသည်းအဆီဖုံးခြင်းကနေ ဆက် ဖြစ်နိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကတော့

အသည်းအဆီဖုံးခြင်းရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆက်တွဲ ပြဿနာကတော့ အသည်းခြောက်ခြင်းဖြစ်ပါတယ်။ အဆီဖုံးရာက အသည်းဆဲလ်တွေ ထိခိုက် အမာရွတ်တွေကျန်ပြီး နောက်ဆုံး အသည်းဆဲလ်တွေ ကျုံ့သွားရာကနေ အသည်းခြောက်တဲ့ ပြဿနာဖြစ်လာပါတော့တယ်။ အသည်းခြောက်ရာက နောက်ပိုင်းကျရင်

  • ဗိုက်မှာရေဖျင်းတွေဆွဲလာမယ်
  • esophageal varices လိုခေါ်တဲ့ အစာရေမျို ပြွန်က သွေးကြောတွေ ဖောင်းလာပြီးပေါက်သွားနိုင်မယ်
  • hepatic encephalopathy ဝင်ပြီး သတိကောင်းကောင်းမလည်တာ၊ နုန်းနေတာနဲ့ စကားပြောတာ မပီသတော့ဘဲ လေးနေတာမျိုးတွေ ဖြစ်ပြီး
  • နောက်ပိုင်း အသည်းကင်ဆာနဲ့
  • အသည်းလုံးဝ အလုပ်မလုပ်တော့တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

အသည်းအဆီဖုံးတဲ့ ပြဿနာကို ဘယ်လိုကာကွယ်ရမလဲ ။ ။

ဘယ်အရာမဆို မဖြစ်ခင်ကြိုတင်ကာကွယ်လို့ရတဲ့ အရာတွေ ချည်းပါပဲ။

  • အစားအသောက်က အရေးအကြီးဆုံးပါ။ – အသီးအရွက်တွေလောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရာတွေ မရှိတာကြောင့် အသီးအရွက်တွေ များများစားပါ။ ဆီကြော်မုန့်တွေ အသားကရတဲ့အဆီတွေ ရှောင်စားပါ။
  • ကိုယ်အလေးချိန်ကို ထိန်းထားပါ။ – ကိုယ်က အဝလွန်နေတဲ့သူဖြစ်ခဲ့မယ်ဆိုရင် တစ်နေ့စားတဲ့ ကယ်လိုရီတွေ ကို ချိန်စားပါ။ လေ့ကျင့်ခန်းလုပ်ပြီး လောင်ကျွမ်းသွားတဲ့ ကယ်လိုရီက စားလိုက်တဲ့ ကယ်လိုရီထက်ပိုများနေပါစေ။
  • လေ့ကျင့်ခန်းလုပ်ပါ။ – တစ်ပါတ်ကို ၅ရက်လောက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/symptoms-causes/syc-20354567

Accessed Date 18.7.2019

https://liverfoundation.org/the-facts-about-non-alcoholic-fatty-liver-disease/

Accessed Date 18.7.2019

https://www.today.com/health/what-fatty-liver-disease-killed-george-michael-t108976

Accessed Date 18.7.2019

ယခုပုံစံ

17/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement