brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Motion sickness ကြောင့် morning sickness ပိုဆိုးသွားနိုင်သလား

မေမေဖြစ်တဲ့သူတိုင်းတော့ မဟုတ်ပေမယ့် မေမေတော်တော်များများကတော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုလက္ခဏာကိုခံစားရလေ့ရှိကြပါတယ်။ ဘာပဲစားစား အန်ချင်နေမယ်၊ အနံ့တစ်မျိုးမျိုးရရင်တောင် အန်ချင်နေတာမျိုးပေါ့။ ဒီလိုအချိန်မှာ မဖြစ်မနေသွားစရာပေါ်လာလို့ ခရီးသွားရပြီဆိုပါတော့ နဂိုကတည်းက ကားကလည်း မူးတတ်တယ်ဆိုရင် သေချာတာကတော့ Motion sickness (ကားမူးတာ) ကိုရော morning sickness လို့ခေါ်တဲ့ (ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုလက္ခဏာ) ကိုပါ ခံစားရတော့မှာပါ။ အရမ်းပင်ပန်းမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။

Motion sickness ကြောင့် morning sickness ပိုဆိုးသွားနိုင်သလား

လေဒီဗိုက်လေးတို့ မေးချင်နေမယ် မေးခွန်းတစ်ခု

ဒီနေရာမှာ ခရီးသွားမယ့် လေဒီဗိုက်လေးအနေနဲ့ မေးချင်နေမိနိုင်တဲ့ မေးခွန်းတစ်ခုကတော့ ဘေဘီလေးကို လွယ်ထားရတာ ကြောင့် ခံစားရနိုင်တဲ့ morning sickness ကြောင့် Motion sickness ပိုဆိုးသွားမလားဆိုတာပါ။ အဖြေလေးကို တူတူဆက်ကြည့်လိုက်ရအောင်နော်။

လေဒီဗိုက်လေးသိချင်နေမယ့် မေးခွန်းအတွက်အဖြေ

ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေရချိန်မှာ ကိုယ်တွင်းမှာ human chorionic gonadotropin (HCG) လို့ခေါ်တဲ့ ဟော်မုန်းက ပုံမှန်ထက်ပိုများနေသလို သွေးတွင်းသကြားဓာတ်ကျဆင်းနေမှုက morning sickness (ကိုယ်ဝန်ဆောင်ကာလပျို့အန်မှု လက္ခဏာ)ကို ခံစားရစေနိုင်ပါတယ်။ ဒီအချိန်မှာ ပုံမှန်ထက် ပိုပင်ပန်းနေတတ်ပြီး အစားတစ်ခုခုစားရင်ဖြစ်ဖြစ်၊ အနံ့တစ်ခုခုရရင်ဖြစ်ဖြစ် ပျို့ချင်အန်ချင်ဖြစ်နေနိုင်ပါတယ်။ ဒီအခြေအနေက ကားမူးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အဖြေကတော့ morning sickness (ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ခြင်း) က Motion sickness (ကားမူးတာ) ကိုပိုဆိုးစေနိုင်သလို Motion sickness (ကားမူးတာ) ကြောင့်လည်း morning sickness (ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ခြင်း) ပိုဆိုးသွားနိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေရှိပါတယ်

ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီလိုပါပဲ။ ကားမူးတာနဲ့ ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ကြောင့်ပျို့အန်နေပါတယ်ဆိုမှ ခရီးကလည်း မဖြစ်မနေသွားရတော့မယ် ဆိုရင် ခရီးစဉ်တလျှောက်မှာ ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ။

ရေများများသောက်ပါ – ရေဓာတ်ပြည့်ဝနေမှုက motion sickness ကိုရော morning sickness ကိုပါသက်သာစေနိုင်ပါ တယ်။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာကလည်း ဒီမူးဝေမှုပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တာလိုမျိုး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပေးပါ။

အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးဝဝအိပ်တာ၊ သက်တောင့်သက်သာဖြစ်အောင် နေထိုင်တာကလည်း ကားမူးတာကိုရော ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ပျို့အန်တာကိုပါ သက်သာစေနိုင်ပါတယ်။

ဖောလစ်အက်ဆစ်သောက်ပါ – ကိုယ်ဝန်ဆောင်ကာလ ၃ လနောက်ပိုင်းလောက်ရောက်ပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလပျို့အန်တာကို သက်သာစေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖောလစ်အက်ဆစ်သောက်ပေးပါ။

သီချင်းနားထောင်ပါ – ဒါကစိတ်သက်သာရာရစေပြီး ကားမူးတာကိုသက်သာစေနိုင်သလို ကိုယ်ဝန်ဆောင်ကာလ ပျို့အန်တာကိုလည်း သက်သာစေနိုင်ပါတယ်။

လေရှုပါ – အလွယ်ကူဆုံး နဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ရပ်ပါ။ ကားမူးနေတဲ့အခါမျိုးမှာရော ကိုယ်ဝန်ကြောင့် ပျို့အန်မှုကိုပါ သိသိသာသာ သက်သာစေနိုင်မှာပါ။

ဆေးသောက်ပါ -ဆရာဝန်နဲ့တိုင်ပင်ပြီး ကားမူးတာကို သက်သာစေမယ့်ဆေးတစ်မျိုးမျိုးကိုသောက်ပေးလို့ရပါတယ်။ ဒါကလည်း လေဒီဗိုက်တို့ကို ကားမူးတာ သက်သာစေမယ့်နည်းလမ်းတစ်ရပ်ပါ။

ခရီးကလည်း မဖြစ်မနေသွားရတော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကိုသုံးလို့ မူးဝေမှုကင်းကင်းနဲ့ ခရီးသွားလိုက်ပါ လေဒီဗိုက်လေးတို့ရေ……..

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။