backup og meta

Beetroot (ဗီတွတ်) ၏ ကျန်းမာရေးအတွက် ပေးစွမ်းနိုင်သော ကောင်းကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Beetroot (ဗီတွတ်) ၏ ကျန်းမာရေးအတွက် ပေးစွမ်းနိုင်သော ကောင်းကျိုးများ

    ခရမ်းရောင်ကြွယ်ဝတဲ့ ဒီ Beetroot ရဲ့ ကောင်းကျိုးလေးတွေကို အနည်းငယ် ပြောပြပါရစေ။ တကယ်က Beetroot ကို အဖြူရောင်အနေနှင့်သော်လည်းကောင်း၊ ရွှေရောင်အနေဖြင့်သော်လည်းကောင်း မြင်တွေ့နိုင်ပါသေးတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ စားသုံးမှု သိပ်မရှိကြပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ကင်ခြင်း၊ ပေါင်းခြင်း၊ သုပ်ခြင်း စသည့်နည်းအမျိုးမျိုးကိုအသုံးပြုပြီး ဟင်းပွဲအဖုံဖုံမှာ ထည့်သွင်းကြပါတယ်။ Beetroot ကိုကြိတ်ပြီး Juice အနေနဲ့လည်း သောက်ကြပါသေးတယ်။ ဒါကလည်း Beetroot ဟာ ချိုတဲ့အရသာကို ပေးစွမ်းရုံတင်မက ကျန်းမာရေးအတွက် အထူးကောင်းမွန်လို့ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။  အကြောင်းကတော့ ဗီတာမင် နှင့် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

    ဒါ့အပြင်…

    (၁) နိုက်ထရိတ်ဓာတ်ဆား ကြွယ်ဝစွာပါဝင်တာကြောင့်…

    – သွေးပေါင်ချိန်ကို မှန်စေတယ်။

    အထူးသဖြင့် အပေါ်သွေးတိုးတဲ့သူတွေ အတွက် အရမ်းကို ကောင်းတဲ့ ဆေးတစ်လက်လို့ ပြောလို့ ရပါတယ်။ Beetroot ကိုစားသုံးပြီး နာရီပိုင်းအတွင်းမှာတင် အပေါ်သွေး 4 mmHg မှ 10 mmHg အထိ ကျဆင်းစေနိုင်ပါတယ်။ ပုံမှန်စားသုံးပေးမယ်ဆိုရင်ဖြင့် သိသာကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရမှာပါ။ သွေးတိုးရောဂါအတွက် ကောင်းမွန်တာဖြစ်လို့ နောက်ဆက်တွဲဖြစ်နိုင်တဲ့ နှလုံးနှင့် ဆက်စပ်သော ရောဂါများနှင့် လေဖြတ်ခြင်းတို့ကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

    – အားကစားလုပ်ရာမှာ စွမ်းဆောင်နိုင်စွမ်းကို တိုးစေပါတယ်။

    လေ့လာချက်နှစ်ခုတွင် အမျိုးသာ ၇ ဉီးနှင့် ၈ဉီးအား 500 ml Beetroot juice ကို ၆ ရက် သောက်စေ၍ လေ့လာခဲ့ရာ အားကစားလုပ်ခြင်းကြောင့် မောပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး အောက်စီဂျင် အသုံးပြုမှု တိုးတက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ အားကစားမပြုလုပ်မီ ၂ နာရီ မှ ၃နာရီ အတွင်း ကြိုတင် စားသုံးထားခြင်းဟာ အာနိသင် ပိုမိုရှိစေပါတယ်။ ဒါကြောင့် Gym ဆော့တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ performance တွေမြင့်တက်စေဖို့ Beetroot ကို သုံးဆောင်လို့ ရပါတယ်။

    – ဉီးနှောက် ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

    အသက်ကြီးလာတဲ့အခါမှာဆိုရင် ဉီးနှောက်ရဲ့ အလုပ်လုပ်နိုင်မှုစွမ်းအားဟာ ကျဆင်းလာလေ့ရှိပါတယ်။ ဉီးနှောက်ထဲကို အောက်စီဂျင်စီးဝင်မှု လျော့ကျလာခြင်းကြောင့် Dementia ဆိုတဲ့ မှတ်ဉာဏ်ဆုတ်ယုတ်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ Beetroots ဟာဆိုရင် ဉီးနှောက်အတွင်း အောက်စီဂျင်စီးဝင်မှုကို အားပေးပေးပါတယ်။ ဒါကြောင့် စဉ်းစားတွေးခေါ်မှုအပိုင်းတွင် တိုးတက်လာစေနိုင်ပြီး ဆုံးဖြတ်ချက်ချရာတွင်လည်း ကောင်းမွန်စွာ လုပ်ဆာင်နိုင်ဖို့ ကူညီပေးပါတယ်။

    (၂)အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့်…

    – အစာချေဖျက်မှုကို အားပေးပေးပါတယ်။

    အစာမကြေခြင်း မကြာခဏဖြစ်တတ်တဲ့သူတွေအတွက် Beetroot ဟာ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။

    – နာတာရှည်ရောဂါများ ဖြစ်ပွါးမှုကိုလည်း ဟန့်တားပေးပါတယ်။

    အူမကြီးကင်ဆာ၊ နှလုံးရောဂါ နှင့် ဆီးချိုရောဂါများ ဖြစ်ပွါးမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

    -ဝိတ်ကျစေပါတယ်။

    Beetroot ဟာဆိုရင် ကယ်လိုရီ ပါဝင်မှုနည်းပြီး ရေဓာတ်၊ အမျှင်ဓာတ် နှင့် အသားဓာတ် ပါဝင်မှုများတာ‌ကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ Beetroot မှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် အစားစားချင်စိတ်ကို လျော့ကျစေပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကိုဖြစ်စေတာကြောင့် ကယ်လိုရီစားသုံးမှု နည်းပါးသွားအောင် ဆောင်ရွက်ပေးနိုင်လို့ diet လုပ်နေတဲ့ ကိုကိုမမတွေအနေနဲ့ Beetroot ကို မမေ့ထားသင့်ပါဘူး။

    – ဝမ်းချုပ်မှာကိုလည်း ဟန့်တားပေးပါတယ်။

    – ကင်ဆာရောဂါအတွက်လည်း အကျိုးရှိပါတယ်။

    Beetroot မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် မူမမှန် ဆဲလ်တွေကို လျှော့ချပေးတဲ့ သွေးဖြူဥအရေအတွက်ကို တိုးစေပါတယ်။ တိရစာ္ဆန်လေးများနဲ့ စမ်းသပ်မှုများပြုလုပ်ထားရာမှာလည်း အကျိတ်ကြီးထွားမှုကို ဟန့်တားပေးတာကိုလည်း တွေ့ရှိထားပါတယ်။ လူ့ဆဲလ်များအသုံးပြုပြီး စမ်းသပ်မှုပြုလုပ်ရာမှာတော့ ဆီးကျိတ် နဲ့ ရင်သားကင်ဆာဆဲလ်များကို လျော့ကျသွားစေတာကို တွေ့ရှိခဲ့ရပါတယ်။

    ဒါတွေတင်မကသေးပဲ beetroot ဟာ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ အသည်းရောဂါ နှင့် ကင်ဆာကဲ့သို့သော  နာတာရှည်ရောဂါတွေကြောင့် ခန္ဓာကိုယ်တွင် ရောင်ရမ်းမှုဖြစ်ပွါးတာကိုလည်း လျှော့ချပေးပါတယ်။

    သတိထားရမှာက…

    – Beetroot ကို စားသုံးမှုကြောင့် ဆီး၊ ဝမ်း အရောင်ဟာ အနီ (သို့မဟုတ်) ပန်းရောင်သို့ ပြောင်းနိုင်ပါတယ်။ သို့သော် ဒီအရာဟာ စိုးရိမ်စရာမရှိပါဘူး။

    – ကျောက်ကပ်မှာ ကျောက်တည်ဖူးတဲ့သူတွေအနေနဲ့ ပမာဏအများကြီးမစားမိဖို့ သတိပြုသင့်ပါတယ်။

    – သင့်တင့်တဲ့ ပမာဏထက် သုံးဆောင်မယ်ဆိုရင်လည်း အသည်းကို ထိခိုက်နိုင်ပါတယ်။

    – Beetroot မှာ နိုက်ထရိတ်ပါဝင်မှုများတာကြောင့် လွန်ကဲစွာ စားသုံးမိမယ်ဆိုရင် အားအင်နုံးချိခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ နှုတ်ခမ်း၊ မျက်စိ၊ လက်၊ ခြေထောက် ပြာနှမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ အထူးသတိပြုရမှာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပေါ် နိုက်ထရိတ်ရဲ့ သက်ရောက်မှုဟာ  ပိုများနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနှင့် Beetroot စားသုံးပါက သတိနှင့် စားသုံးသင့်ပါတယ်။

    အားလုံးဟာ တန်ရင်ဆေး၊ လွန်ရင်ဘေးဖြစ်တတ်လို့ ချင့်ချိန်ပြီး စားသုံးသင့်ပါကြောင်း…

    ကျေးဇူးတင်ပါတယ်။

    ရေးသားသူ – May Kham Eain

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement