သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အိပ်ရာထဲမှာပဲ လှဲနေရလွန်းလို့ အိပ်ရာနာဖြစ်နေသူတွေအတွက် အိမ်တွင်းကုထုံး

    အိပ်ရာထဲမှာပဲ လှဲနေရလွန်းလို့ အိပ်ရာနာဖြစ်နေသူတွေအတွက် အိမ်တွင်းကုထုံး

    အိပ်ရာထဲမှာ တစ်ချိန်လုံးလှဲနေရတဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါအပြင်နောက်ထပ်ခံစားရနိုင်တဲ့ ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ အိပ်ရာနာလိုပခေါ်ကြတဲ့ အနာတစ်မျိုးပါ။ ဒီအနာကြောင့် လူနာက ရောဂါဖိစီးမှုကိုရော အနာဖိစီးမှုကိုပါခံရပြီး နလန်ထူဖိုပခက်ခဲတာမျိုးတွေရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိပ်ရာနာဖြစ်နေသူတွေကို ပြုစုပေးနေသူတွေအတွက် အသုံးဝင်မယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်းပြောပြပေးမယ်နော်။

    အိပ်ရာနာကို သက်သာစေနိုင်မယ့် အိမ်တွင်းကုထုံး

    အိပ်ရာနာက သေချာမကုသဘဲထားမိရင် ရောဂါပိုးတွေဝင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ သေချာလေး ကုသစောင့်ရှောက်ပေးဖို့လိုပါမယ်။

    ရှားစောင်းလက်ပပ်

    အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အိပ်ရာနာကို ကာကွယ်ဖိုပအတွက် သုံးလို့ရသလို ကုသဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်ကိုရေစင်အောင်ဆေးလိုပ အသားလေးလွှာပြီး ဂျယ်လီသားသန့်သန့်လေးနဲ့ အနာဖြစ်နေတဲ့နေရာကိုပွတ်ပေးပါ။ အရေးပြားကိုအေးမြစေနိုင်တဲ့ ရှားစောင်းလက်ပပ်က အရေပြားကျိန်းစပ်တာ၊ ယားယံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    သစ်မွှေးပင်ရဲ့ သစ်စေး

    သစ်မွှေးပင်ကရတဲ့ သစ်စေးအဆီကို နနွင်းမှုန့်လေးနဲ့ရောလို့ အနာဖြစ်နေတဲ့နေရာကို ပွတ်လိမ်းပေးပါ။ သွေးလည်ပတ်မှုကိုကောင်းစေပြီး အနာကျက်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

    နနွင်း

    နနွင်းက အရေပြားပြဿနာတော်တော်များများကိုပြေလည်အောင်ဖြေရှင်းပေးနိုင်ပါတယ်။ အရောင်ကျစေနိုင်သလို ရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင်လည် ကာကွယ်ပေးနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေနိုင်ပြီး အနာကို မြန်မြန်ကျက်စေနိုင်မှာပါ။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ အနာကို သန့်စင်ပေးပြီး နနွင်းမှုန့်ထည့်ပေးလို့ရပါတယ်။ နနွင်း အစစ်ဖြစ်ဖို့တော့ လိုပါမယ်။

    Beetroot

    အိပ်ရာနာတွေအတွက် ထိရောက်တဲ့ သဘာဝပစ္စည်းတစ်မျိုးပေါ့။ ယားယံတာကိုသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး အနာကျက်မြန်စေနိုင်မှာပါ။ ဒါကြောင့် beetroot ကို ပျားရည်လေးနဲ့ရောစပ်ပြီး အနာမှာလူးပေးပါ။

    နှိပ်နယ်ပေးပါ

    နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းစေနိုင်ပြီး အိပ်ရာနာတွေ ထပ်မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ ဒီလိုနှိပ်နယ်ပေးတဲ့အခါ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အသုံးပြုပေးပါ။ အနာကျက်မြန်စေနိုင်သလို အိပ်ရာနာမဖြစ်စေဖို့လည်း ကာကွယ်ရာရောက်ပါတယ်။

    Baby powder

    ဒါကလည်း အနာကျက်မြန်စေတဲ့ အရာတစ်မျိုးပါ။ အရေပြားခြောက်သွေ့ပြီး ရောဂါပိုးတွေဝင်ရောက်မှုကနေ အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာသက်သာစေဖို့ဆိုရင် အနာကို သေချာသန့်စင်ပေးပြီး ကလေးပေါင်ဒါမှုန့် လိမ်းပေးလို့ရပါတယ်။

    သကြားနဲ့ပျားရည်

    အိပ်ရာနာအတွက် အကောင်းဆုံးသော အိမ်တွင်းဆေးဝါးနည်းတွေထဲက တစ်ခုပေါ့။ ညက်မှုန့်နေတဲ့ သကြားနည်းနည်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောလို့ မွှေပေးပါ။ ပြီးရင်အနာပေါ်မှာလိမ်းပေးပြီး ပိုးသတ်ထားတဲ့ ပတ်တီးလေးနဲ့ အုပ်ထားပေးပါ။ အနာကျက်မြန်စေပါလိမ့်မယ်။

    ဆားရည်

    ရေနွေးနွေးလေးနဲ့ ဆားကိုရောစပ်ထားတဲ့ ဆားရည်ကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး အနာကို သန့်စင်ပေးတာကလည်း အိပ်ရာနာကို မြန်မြန်သက်သာစေပြီး အနာပိုးမဝင်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    အိမ်မှာအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေသုံးလို့ အိပ်ရာနာ ခံစားနေရသူတွေကို ပြုစုပေးလိုက်ရအောင်လား…………

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Bed sores or pressure sores: What you need to know https://www.medicalnewstoday.com/articles/173972.php Accessed Date 19 December 2019

    How to Treat Bedsores at Home https://share.upmc.com/2017/08/treat-bedsores-at-home/ Accessed Date 19 December 2019

    Pressure Sores https://www.abc-med.com/pressure-sores-causes-and-home-remedies Accessed Date 19 December 2019

    Effective Home Remedies for Bed Sores https://hcah.in/health-advantage/home-remedies-for-bed-sores/ Accessed Date 19 December 2019

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 21/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။