brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးကျဲဆေးသောက်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

သွေးကျဲဆေးသောက်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

သွေးကျဲဆေးသောက်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

ကြားဖူးကြတယ်မလား၊ သွေးပျစ်လို့ သွေးကျဲဆေးတွေသောက်နေရတယ်၊ သွေးခဲတာတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေ ကြိုသောက်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ သွေးခဲတယ်ဆိုတာကလည်း တကယ်ကို အန္တရယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလေ။ သွေးခဲပြီး အဲဒီသွေးခဲလေးက သွေးကြောမှာ သွားပိတ်လိုက်တဲ့အခါ သွေးစီးဆင်းမှုရပ်သွားပြီး ကြွက်သားတွေ တစ်ရှူးတွေဆီ သွေးမရောက်တော့လို့ ပုတ်သွားတဲ့အဖြစ်အပျက်ကနေ အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတတ်တယ်မလား။ ဒီတော့ဒီလို အခြေအနေတွေကို ကြိုတင်ကာကွယ်ဖို့ သွေးကျဲဆေးတွေ ပေါ်လာရတော့တာပေါ့။

သွေးကျဲဆေးအမျိုးအစား ၂ မျိုးရှိပါတယ်။

  • antiplatelet medicine – သွေးခဲတဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ platelet သွေးဆဲလ်လေးတွေ ပူးပြီးသွေးခဲ မဖြစ်အောင် ကာကွယ်ပေးတာ
  • anticoagulant medicine – သွေးခဲခြင်းဖြစ်စဉ်ကို တားပေးတဲ့ သွေးကျဲဆေးဆိုပြီး ၂ မျိုးရှိပါတယ်။
  • ဘယ်လိုလူတွေက ဘယ်လို သွေးကျဲဆေး အမျိုးအစားကိုရွေးချယ်သင့်သလဲ။

    Antiplatelet medicine – coronary artery disease ( နှလုံေးသွးကြောဆိုင်ရာရောဂါရှိတဲ့သူတွေ) peripheral vascular disease ( သွေးပြန်ကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ) လေဖြတ်ဖူးသူတွေနဲ့ နှလုံးရောဂါ ခံစားနေရတဲ့သူတွေနဲ့ နှလုံးသွေးကြောပိုက်ထည့်ထားတဲ့ခွဲစိတ်မှု ခံယူထားသူတွေက antiplatelet medicine သွေးကျဲဆေး အမျိုးအစားသောက်သင့်ပါတယ်။

    Anticoagulant medicine- လေဖြတ်နိုင်ဖို့ အလားအလာများနေတဲ့လူနာတွေ၊ atrial fibrillation (နှလုံးခုန်စည်းချက်မြန်) တဲ့ဝေဒနာခံစားရတဲလူနာတွေ၊ ဦးနှောက်တွင်းသွေးကြောတွေ ပိတ်သွားတဲ့လူနာတွေ၊ deep vein thrombosis (DVT) လို့ခေါ်တဲ့ အတွင်းပိုင်းသွေးပြန်ကြော သွေးခဲတဲ့ ဝေဒနာခံစားနေရတဲ့သူတွေ၊ cardiac bypass graft( နှလုံးသွေးကြော ခွဲစိတ်ကုသခြင်း)၊ angioplasty ( နှလုံသွေးကြောချဲ့ခြင်း) စတဲ့ ကုသမှုခံယူထားရတဲ့သူတွေ anticoagulant medicine သွေးကျဲဆေး အမျိုးအစားကို သောက်ရမှာဖြစ်ပါတယ်။

    သွေးကျဲဆေးတွေရဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေက ဘာတွေ များလဲ။

    • သွေးယိြုခင်း – သွေးမခဲအောင်တားတဲ့ဆေးတွေဆိုတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးထွက်တာ၊ သွေးယိုတာတွေကတော့ အဖြစ်နိုင်ဆုံးပါ။
    • Anticoagulants သွေးကျဲဆေးသောက်နေတဲ့သူတွေကတော့ ဦးနှောက်သွေးကြော အစာအိမ်သွေးကြော သွေးယိုတာ နဲ့ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေမှာ ထိခိုက်မှု မရှိဘဲသွေးထွက်တာ၊ အညိုအမဲစွဲတာစတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အခြေအနေရောက်ရင် သွေးထွက်တာကိ ုပြန်ထိန်းနိုင်ဖို့ ဆေးပြန်သောက်ဖို့ လိုအပ်ပါတယ်။

    သွေးကျဲဆေးသောက်နေတဲ့အချိန် ဘာတွေရှောင်စားရမလဲ။

    • ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဘာဆေးမှ ကိုယ့်သဘောနဲ့ကိုယ်ေသောက်ပါနဲ့။ တိုင်းရင်းဆေး ဖြည့်စွက်အားဆေးတွေနဲ့ ဗီတာမင် ဆေးပြားတွေက သွေးကျဲဆေးတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတတ်တာကြောင့်ပါ။

    သွေးကျဲဆေးသောက်နေချိန် ရှောင်ကိုရှောင်ရမယ့် အခြားအရာတွေကတော့

    • အရက် – anticoagulants သွေးကျဲဆေးရဲ့ ဘေးထွက်ဆိုးကျိုး သွေးယိုခြင်းကို ပိုအားပေးတတ်တာကြောင့်ပါ။
    • ဗီတာမင် K – ဗီတာမင် K အားဖြည့်ဆေးတွေ နေ့တိုင်းသောက်နေရတဲ့အခါ anticoagulants သွေးကျဲဆေး တစ်မျိုးဖြစ်တဲ့ warfarin ရဲ့ သွေးခဲစေတဲ့လုပ်ငန်းဆောင်တာကို နှောင့်ယှက်တတ်ပါတယ်။
    • NSAID – ဒီ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေက ကိုယ်တွင်းသွေးယိုခြင်း ပြဿနာကို ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဒါတွေကို သောက်သင့်ပါတယ်။
    • တစ်ချို့ ပဋိဇီဝ ပိုးသတ်ဆေးတွေဟာ သွေးယိုခြင်းပြဿနာတွေကို ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဆေးသောက်တာမျိုးတွေ လုပ်သင့်ပါတယ်။
    • တိုင်းရင်းဆေးတွေဖြစ်တဲ့ ginkgo biloba, garlic, chamomile တို့ဟာ anticoagulants သွေးကျဲဆေးတွေနဲ့ အတူတွဲသောက်ဖို့ မသင့်တဲ့ တိုင်းရင်းဆေးတွေပါ။

    သွေးကျဲဆေးသောက်နေချိန် ဘာတွေကို ဆင်ခြင်ရဦးမလဲ။

    • ထိခိုက်စေမယ့် ပြင်းထန် အားကစားနည်းတွေကို မကစားပါနဲ့။
    • မုတ်ဆိတ်ရိတ်တဲ့အခါမျိုးတွေ မထိခိုက်မိအောင်သတိထားပါ။
    • သွားတိုက်ရင်လည်း နူးညံ့တဲ့သွားပွတ်တံ အမျိုးအစားတွေကို ရွေးချယ်ပါ။
    • ဖိနပ်အမြင့် ၊ ချောတဲ့ ဖိနပ်တွေ မဝတ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာမရအောင် အတတ်နိုင်ဆုံ းထိန်းထားပါ။
    • သွေးကျဲဆေးတွေက ရင်သွေးလေးကို ထိခိုက်စေတတ်တာကြောင့် သွေးကျဲဆေးသောက်နေချိန် ကိုယ်ဝန် မရအောင်လို့ ကိုယ်နဲ့ အဆင်ပြေမယ့် သန္ဓေတားနည်းတစ်ခုခု ရွေးချယ်ပြီးသုံးပါ။
    • ခရီးသွားတဲ့အခါတွေမှာလည်း သွေးကျဲဆေးတွေ ဆောင်သွားဖို့ မမေ့ပါနဲ့။ ဆေးတွေကို အချိန်မှန်သောက်ပါ။
    • ခွဲစိတ်မှုတစ်ခုခု လုပ်ရတော့မယ်၊ သွားနှုတ်ရတော့မယ်ဆိုတိုင်းဆရာဝန်ကို သွေးကျဲဆေးတွေ သောက်နေရတယ်ဆိုတာ ပြောပြပါ။
    • နောက်ပြီး ကိုယ့်ကျန်းမာရေးနဲ့ သွေးဆဲလ်အခြေအနေတွေကိုသိဖို့ ဆရာဝန်ရက်ချိန် းပြည့်တိုင်း ပြန်သွားပြပါ။
    • ကိုယ့်သဘောနဲ့ကိုယ် ဆေးကို ရပ်လိုက်တာ၊ သတ်မှတ်ရက်ထက်ကျော်ပြီး ဆက်သောက်နေတာမျိုးတွေ လုံးဝ မလုပ်ပါနဲ့။ ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/09/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။