backup og meta

ရေဘယ်လောက်သောက်သောက် အာခေါင်ခြောက်နေရတဲ့ ဒုက္ခ

ရေဘယ်လောက်သောက်သောက် အာခေါင်ခြောက်နေရတဲ့ ဒုက္ခ
ရေဘယ်လောက်သောက်သောက် အာခေါင်ခြောက်နေရတဲ့ ဒုက္ခ

အာခေါင်ခြောက်တဲ့ပြဿနာကတော်တော်လေးပင်ပန်းရပါတယ်။ရေခဏခဏသောက်နေလည်း အာခေါင်ကခြောက်မြဲခြောက်ဆဲပါပဲ။ ဘာလို့ဖြစ်ရတာလဲဆိုတော့ တံတွေးနည်းလို့၊ တံတွေးမထွက်လို့ပါ။ တံတွေးက အရသာခံနိုင်စွမ်းကို ကူညီထောက်ပံ့ပေးပြီး အစားအသောက်တွေကိုချေဖျက်ရာမှာလည်း ကူညီပေးပါတယ်။ သွားမှာ အစားအစာအကျန်တွေမကပ်ကျန်အောင် ကူညီပေးပြီး သွားမပျက်စီးစေဖို့ အက်စစ်တွေကိုလျော့နည်းစေပါတယ်။

တံတွေးခန်းခြောက်တဲ့အခါ နှုတ်ခမ်းသားနဲ့တဝိုက်မှာခြောက်သွေ့၊ တင်းနေစေပါလိမ့်မယ်။ ဒါဆို နှုတ်ခမ်းတွေကွဲလာမယ်၊ နှုတ်ခမ်းထောင့်တွေမှာ အနာဖုလေးတွေဖြစ်လာမယ်။ လျှာကလည်း ကြမ်းလာ၊ခြောက်သွေ့လာမယ်၊ စားသောက်တဲ့အခါ မျိုချရခက်၊စကားပြောရခက်လာနိုင်တယ်။

တံတွေးတွေက အစားအစာအကြွင်းအကျန်တွေကို ပုံမှန်မဖယ်ရှားပေးနိုင်တဲ့အတွက် အာခေါင်ခြောက်တဲ့သူတွေမှာ ခံတွင်းနံ့ဆိုးတြာဖစ်ပါတယ်။ လည်ချောင်းထဲ ကလိကလိယားနေတာ၊ အသံပြာ၊ အသံအက်ကွဲတာတွေကလည်း အာခေါင်ခြောက်ခြင်းရဲ့အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။

ဘာတွေကြောင့် အာခေါင်ခြောက်တာလဲ

ဆေးတွေကြောင့်လား

ဆရာဝန်ညွှန်းစာမလိုတဲ့ဆေးဝါးတွေနဲ့ အအေးမိသက်သာဆေးတွေအပါအဝင်ဆေးဝါးအမျိုးပေါင်း ၄၀၀ကျော်မှာအာခေါင်ခြောက်စေနိုင်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ သွေးတိုးကျဆေး၊ သည်းခြေဆေး၊နဲ့ စိတ်ကျန်းမာရေးဆေးဝါးတွေကြောင့်လည်း ဒီလက္ခဏာဖြစ်စေနိုင်ပါတယ်။ ဓါတ်ရောင်ခြည်တွေကြောင့်လည်း တံတွေးဂလင်းကိုထိခိုက်နိုင်ပြီး ဓါတုကုထုံးတွေက တံတွေးကိုပျစ်စေလို့ အာခေါင်ခြောက်စေနိုင်ပါတယ်။

ခေါင်းထဲကပြဿနာ

ဦးခေါင်း ဒါမှမဟုတ် လည်ပင်းထိခိုက်မှုတစ်ခုခုကနေဖြစ်လာတဲ့ အာရုံကြောထိခိုက်မှုကြောင့် အာခေါင်ခြောက်ခြင်းဖြစ်လာနိုင်ပါတယ်။ အာရုံကြောတချို့က ဦးနှောက်နဲ့တံတွေးဂလင်းတွေကြားမှာ သတင်းပေးပို့တဲ့လုပ်ဆောင်ချက်ရှိပါတယ်။ အဲဒီအာရုံကြောတွေထိခိုက်ထားတယ်ဆိုရင် တံတွေးထုတ်ပေးဖို့ တံတွေးဂလင်းကိုသတင်းပို့နိုင်တော့မှာမဟုတ်ပါဘူး။

ရောဂါအကြောင်းရင်း

အိတ်ခ်ျအိုင်ဗီ၊ အယ်လ်ဇိုင်းမားဆီးချိုသွေးချိုသွေးအားနည်းရောဂါလေးဘက်နာအဆစ်ရောင်သွေးတိုး၊ ပါကင်ဆန်ရောဂါ၊လေဖြတ်ခြင်းတို့လို ရောဂါအကြောင်းရင်းခံတွေကြောင့်လည်း တံတွေးခန်းခြောက်ပြီးအာခေါင်ခြောက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ပြန်တိုက်ခိုက်မှုခံရတဲ့autoimmuneရောဂါတွေမှာသွေးဖြူဥဆဲလ်တွေက ခန္ဓါကိုယ်ထဲက မျက်ရည်နဲ့တံတွေးဂလင်းတွေကို တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်

ဆေးလိပ်သောက်ခြင်းက အာခေါင်ခြောက်စေတဲ့အဓိကအကြောင်းရင်းတော့မဟုတ်ပေမယ့် စီးကရက်၊ဆေးတံ စတဲ့ဆေးရွက်ကြီးပါတဲ့ အရာတွေအားလုံးက အာခေါင်ခြောက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။

အငန်များလို့

အငန်ဓါတ်ကရေဓါတ်ခန်းခြောက်စေနိုင်တာ အသေအချာပါပဲ။ ဒါ့ကြောင့်အချိုမှုန့်များတာ၊ အငန်များတာတွေစားပြီးတဲ့အခါ ခန္ဓါကိုယ်က အရည်ဓါတ်တွေနဲ့ ဓါတ်ဆားတွေကို ဟန်ချက်ညီအောင်မထိန်းညှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် အာခေါင်ခြောက်တယ်၊ရေပဲငတ်နေတယ်ဆိုရင် အငန်သာလျှော့စားကြည့်ပါ။

တံတွေးပိုထွက်လာအောင် ဘယ်လိုလုပ်ရမလဲ

  • အချိုနည်းတဲ့ သကြားလုံးစားခြင်း သို့မဟုတ် ပီကေဝါးခြင်းက အထောက်အကူဖြစ်နိုင်ပါတယ်။
  • ရေကို တဝကြီးသောက်တာထက် နည်းနည်းချင်းစွတ်ပြီးသောက်ရင် ခံတွင်းမှာအစိုဓါတ်ပိုရနိုင်ပါတယ်။
  • ရေသောက်ပါ။
  • အချိုများတဲ့၊ အက်စစ်ဓါတ်များတဲ့၊ ကဖင်းပါတဲ့သောက်စရာတွေကိုရှောင်ပါ။
  • သွားနဲ့ခံတွင်း သန့်ရှင်းရေးနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်လုပ်ပါ။
  • တံတွေးနည်းခြင်းက သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွားပုံမှန်တိုက်ပါ၊ အစာစားပြီးတာနဲ့ သွားမတိုက်ဖြစ်ဘူးဆိုရင်တောင် ပလုတ်ကျင်းပါ။ တစ်နေ့လုံးရေကို မကြာခဏသောက်ပေးပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/oral-health/ss/slideshow-dry-mouth

Accessed Dec 7, 2018.

https://www.mayoclinic.org/diseases-conditions/dry-mouth/symptoms-causes/syc-20356048

Accessed Dec 7, 2018.

 

ယခုပုံစံ

03/10/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတဲ့ လက္ခဏာ (၇) ခု

ဘေဘီလေးတွေလည်းခံတွင်းသန့်ရှင်းဖို့လိုပါတယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement