တံတွေးခန်းခြောက်တဲ့အခါ နှုတ်ခမ်းသားနဲ့တဝိုက်မှာခြောက်သွေ့၊ တင်းနေစေပါလိမ့်မယ်။ ဒါဆို နှုတ်ခမ်းတွေကွဲလာမယ်၊ နှုတ်ခမ်းထောင့်တွေမှာ အနာဖုလေးတွေဖြစ်လာမယ်။ လျှာကလည်း ကြမ်းလာ၊ခြောက်သွေ့လာမယ်၊ စားသောက်တဲ့အခါ မျိုချရခက်၊စကားပြောရခက်လာနိုင်တယ်။
တံတွေးတွေက အစားအစာအကြွင်းအကျန်တွေကို ပုံမှန်မဖယ်ရှားပေးနိုင်တဲ့အတွက် အာခေါင်ခြောက်တဲ့သူတွေမှာ ခံတွင်းနံ့ဆိုးတြာဖစ်ပါတယ်။ လည်ချောင်းထဲ ကလိကလိယားနေတာ၊ အသံပြာ၊ အသံအက်ကွဲတာတွေကလည်း အာခေါင်ခြောက်ခြင်းရဲ့အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။
ဘာတွေကြောင့် အာခေါင်ခြောက်တာလဲ
ဆေးတွေကြောင့်လား
ဆရာဝန်ညွှန်းစာမလိုတဲ့ဆေးဝါးတွေနဲ့ အအေးမိသက်သာဆေးတွေအပါအဝင်ဆေးဝါးအမျိုးပေါင်း ၄၀၀ကျော်မှာအာခေါင်ခြောက်စေနိုင်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ သွေးတိုးကျဆေး၊ သည်းခြေဆေး၊နဲ့ စိတ်ကျန်းမာရေးဆေးဝါးတွေကြောင့်လည်း ဒီလက္ခဏာဖြစ်စေနိုင်ပါတယ်။ ဓါတ်ရောင်ခြည်တွေကြောင့်လည်း တံတွေးဂလင်းကိုထိခိုက်နိုင်ပြီး ဓါတုကုထုံးတွေက တံတွေးကိုပျစ်စေလို့ အာခေါင်ခြောက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။