backup og meta

သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ

သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ

ရာသီဥတုအေးနေစဉ်(သို့) ရုတ်တရက်ရာသီဥတုအကူးအပြောင်းတွင် လူတို့သည် လည်ချောင်းထဲတွင် ချွဲ၊ သလိပ်တို့ရှိတတ်သည်။ သလိပ်သည် စိုးရိမ်စရာမရှိသော်လည်း အနံဆိုးထွက်ခြင်းကြောင့် အလွန်နေရခက်သည်။ အောက်ပါဆောင်းပါးသည် သင့်လည်ချောင်းမှ သလိပ်ကိုရှင်းထုတ်ရန် နည်းလမ်းပြောပြပါမည်။ ကဲ … သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ

သင့်လည်ချောင်းထဲက ချွဲသလိပ်ပျောက်အောင် ဘယ်လိုရှင်းလင်းမလဲ ဆိုတော့

ချောင်းဆိုးခြင်းဖြင့် လည်ချောင်းမှ ချွဲသလိပ် တို့ကိုရှင်းလင်းခြင်း

သင့်လည်ချောင်းတွင် သလိပ်ရှိနေလျှင် လွယ်ကူရိုးရှင်းဆုံးနည်းမှာ ကြိုးစားပြီးချောင်းဆိုးခြင်းဖြစ်သည်။ အခြားလူများ မနောင့်ယှက်မိစေရန် ဝေးလံသောနေရာတစ်ခုရှာပါ။ ဥပမာ- ရေချိုးခန်းထဲတွင် ချောင်းဆိုးပြီး သလိပ်ကိုဟပ်ထုတ်ပါ။ ချောင်းဆိုးခြင်း အတော်အသင့်သာ လုပ်ရမည်။ အကြောင်းမှာ ချောင်းဆိုးရခက်လျှင်(သို့) အားစိုက်ပြီးလုပ်လျှင် လည်ချောင်းကိုထိခိုက်နိုင်သောကြောင့် ဖြစ်သည်။

ရေနွေးနှင့်ဆားတို့ဖြင့် ပလုပ်ကျင်းပါ

ဆား လက်ဖက်ရည်ဇွန်း၁ဇွန်းနှင့် ရေကြက်သီးနွေးရုံ(သို့) ရေနွေး (၈)အောင်စကိုရောပါ။ ပြီနောက် ထိုအရည်ကို ပါးစပ်ထဲတွင်ငုံထားပါ။ ခေါင်းကိုနောက်သို့စောင်းကာ ဆားရေကို လည်ချောင်းထဲတွင် ပလုပ်ကျင်းပေးပါ။

တစ်နေ့တာအတွင်း အရည်အများကြီးသောက်ပါ

တစ်နေ့တာအတွင်း အရည်အများကြီးသောက်ခြင်းဖြင့် လည်ချောင်းနံရံမှ သလိပ်ကိုပျော်စေသည်။ ထိုပြင် သလိပ်ရှင်းစေရန် အိမ်တွင်းနည်းများကိုကြိုးစားသင့်သည်။

• သံပယိုသီးနှင့် ပျားရည်ရောထားသည့် ရေနွေးသည် အရသာရှိသည့်အပြင် သံပယိုသီးရှိအက်စစ်ဓါတ်က လည်ချောင်းထဲရှိသလိပ်ကိုရှင်းရာတွင် ကူညီပေးသည်။

• စွပ်ပြုတ်ပူပူလေး။ သလိပ်ရှိသောသူတို့သည် ကြက်စွပ်ပြုတ်ကို ကြိုက်ကြသည်။ ၎င်းသည် အရသာကောင်းသည့်အပြင် သလိပ်ကိုရှင်းပေးသည်။

အရည်များတွင် နနွင်းမှုန့်ထည့်ခြင်းဖြင့် အစာခြေလမ်းကြောင်းအလုပ်လုပ်စေခြင်း

နနွင်းမှုန့်သည် သလိပ် ရှင်းရာတွင် အလွန် ကောင်းကြောင်း သိထားကြသည်။ ထို့ပြင် နနွင်းမှုန့်သည် ပိုးသေစေပါသည်။ နနွင်းမှုန့် စားပွဲတင်ဇွန်း၁ဇွန်းကို ရေနွေး (၈)အောင်စနှင့် ရောပြီး သောက်ပေးပါ။ နနွင်းရည် ခဏခဏ သုံးပေးလျှင် သလိပ် အမြန်ရှင်းရန် အားပေးပါသည်။

သလိပ် ပျော်ဆင်းစေရန် အစပ်ပါသော အစာ စားပေးပါ

သလိပ် ရှင်းစေရန် ဤအစားအစာများ စားပေးနိုင်သည်။

• ဝါဆာဘီ (ဂျပန် ရိုးရာအစပ်)

• ငရုတ်ကောင်း၊ ဂျင်း

• ကြက်သွန်ဖြူ

နို့နှင့် နို့ထွက် ပစ္စည်းများ ရှောင်ကြဉ်ပါ

နို့နှင့် နို့ထွက်ပစ္စည်းများက သလိပ်ကို ပိုဆိုးစေခြင်း ရှိ၊ မရှိကို ယခုအထိ အငြင်းပွားနေဆဲ ဖြစ်သည်။ သို့သော် ဤအစားအစာများ ရှောင်ကြဉ်ခြင်းက သလိပ် ရှင်းပေးနိုင်သည်ဟု ထင်လျှင် စားခြင်းကို ရပ်သင့်သည်။

ပဲမှထုတ်သော အစားအစာများမှ ဝေးဝေးရှောင်ပါ

ပဲမှ ထုတ်သော ပဲနို့နှင့် တို့ဖူးများတွင် အသားဓါတ်နှင့် ကယ်လ်စီယမ်ဓါတ်တို့ ကြွယ်ဝသည်။ ၎င်းတို့သည် ခန္ဓါကိုယ် ကြီးထွား ဖွံဖြိုးမှုအတွက် အလွန်ကောင်းသည်။ သို့သော် သလိပ်ကို ပို၍ ပျစ်စေသည်။ သင်သည် ပဲမှ ထုတ်သော အစားအစာများ သင့်အတွက် ဆိုးကျိုး ရှိ၊ မရှိ မသေချာလျှင် သူတို့ကို မစားသုံးခြင်းက အကောင်းဆုံး ဖြစ်သည်။

အပေါ်တွင် ဖော်ပြထားသော အိမ်တွင်းနည်းများကို မှတ်စု လုပ်ပါ။ ထို့နောက် ဆေးဝါး မသောက်သုံးခင် သလိပ်ကိုထိုနည်းများဖြင့် ရှင်းလင်းပါ။ မြန်မြန် နေကောင်းအောင် အနားယူရမည်။ သင့်တွင် မေးခွန်းများ ရှိလျှင်၊ ဆရာဝန်နှင့် တွေ့ဆုံရန် မနှောင့်နှေးပါနှင့်။ ကျန်းမာရေးစောင့်ရှောက်သူ ထံမှ အကြံဉာဏ်၊ လမ်းညွှန်မှုများလည်း ရယူနိုင်သည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Clear the Throat of Mucus

http://www.wikihow.com/Clear-the-Throat-of-Mucus Accessed December 11, 2016

Home Remedies for Phlegm

http://www.top10homeremedies.com/home-remedies/home-remedies-phlegm.html Accessed December 11, 2016

8 Easy Ways To Get Rid Of Phlegm In Your Throat

https://www.positivehealthwellness.com/pain-relief/8-easy-ways-get-rid-of-phlegm-throat/ Accessed December 11, 2016

ယခုပုံစံ

17/08/2023

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဖြစ်များသော ခံတွင်းပြဿနာများ

လည်ချောင်းနာ သက်သာစေသော နည်းလမ်း (၁၀)မျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement