backup og meta

ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ

ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ

ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းတွေ က ဘယ်အရာပေါ်မှာ မူတည်နေလဲ။ ပြန်ဆန်းစစ်ဖူးလား။ မဆန်းစစ်ဖူးရင် ခု…ဆန်းစစ်လိုက်ပါ။ ဆန်းစစ်လိုက်တဲ့အခါ ထွက်လာနိုင်တဲ့ အဖြေတွေကအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြချင်တာက ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ …..ပျော်ရွှင်မှုက ကိုယ်တိုင်အပေါ်မှာပဲ မူတည်သင့်တယ်ဆိုတာပါ။

ပျော်ရွှင်မှုက ဒီအချက်တွေပေါ်မှာ မူတည်နေတတ်ပါတယ်

လူတော်တော်များများက သူတို့ရဲ့ပျော်ရွှင်မှုတွေကို

ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ

လူတစ်ယောက်မှာ ​ပျော်ရွှင်မှုက သူတစ်ပါးအပေါ်မူတည်နေရတယ်ဆိုရင် ​ကောင်းတဲ့ အလားအလားတစ်ခုမဟုတ်ပါဘူး။ သူပြုံးမှ၊ သူအရေးတယူဆက်ဆံမှ ပျော်ရတယ်ဆိုရင် သင်ဟာ သနားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပါပြီ။ လွတ်လပ်တဲ့သူတစ်ဦးဖြစ်ဖို့ဆိုရင် ပျော်ရွှင်မှုက အခြားသူအပေါ်မှာ မှီတည်နေတာမျိုးလုံးဝမဖြစ်သင့်ပါဘူး။ လွတ်လပ်သူတွေကပဲ အောင်မြင်မှုရဲ့ ထိပ်ဆုံးကို ရောက်နိုင်ကြတာပါ။

ပတ်ဝန်းကျင်မှာ အမြဲပျော်နေတတ်တဲ့သူတွေကို တွေ့ဖူးမှာပေါ့။ သူတို့တွေက လွတ်လပ်ပေါ့ပါးကြသလို အမြဲတမ်းတက်ကြွလန်းဆန်းပြီး အရာရာကို အောင်မြင်အောင်လုပ်ဆောင်တတ်ကြပါတယ်။ အကြောင်းကတော့ သူတို့က သူတို့ရဲ့ ဖြစ်တည်မှုကို နှစ်ခြိုက်သဘောကျနေကြတာဖြစ်သလို အမြဲတမ်းလည်း အကောင်းဆုံးတွေတည်ဆောက်ဖို့ ကြိုးစားနေကြလို့ပါပဲ။ လူတိုင်းဟာ နေ့တိုင်း ကိုယ့်တိုးတက်မှုကိုရှာနေသင့်ပါတယ်။ အကြောင်းကတော့ တိုးတက်မှုတွေ အောင်မြင်မှုတွေက သင့်ကို စိတ်ချမ်းသာပျော်ရွှင်မှုတွေပေးနိုင်သလို ယုံကြည်မှုတိုးစေနိုင်လို့ပါ။

ဒါကြောင့် လွတ်လပ်ပေါ့ပါးစွာ ရှင်သန်ချင်တယ်ဆိုရင်တော့ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးပါ။ အကောင်းဆုံးကတော့ ပျော်ရွှင်မှုက အခြားသူတွေအပေါ်မှာ တည်မှီနေတာမျိုးမရှိတာကြောင့် အချိန်တိုင်းမှာပျော်ရွှင်မှုတွေ၊ စိတ်ကျေနပ်မှုတွေနဲ့ ပြည့်နေမှာပါ။ ကိုယ့်ရဲ့ တိုးတက်မှု၊ အောင်မြင်မှုတွေအပေါ်မှာ ပျော်ရွှင်တတ်မှ လွတ်လပ်စွာနဲ့နေ့ရက်တိုင်းကို စိတ်ချမ်းသာပျော်ရွှင်စွာ ကျော်ဖြတ်နိုင်မှာပါ။

အမြဲပျော်ရွှင်နေစေဖို့ မွေးမြူသင့်တဲ့ အလေ့အကျင့်အချို့

အမြဲတမ်းပျော်ရွှင်နေမှုက လူမှုဆက်ဆံရေးကိုကောင်းစေသလို ကျန်းမာရေးကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ နောက်တစ်ချက်က တီထွင်ဖန်တီးမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း တက်ကြွလန်းဆန်းပြီး ပျော်ရွှင်နေဖို့ဆိုရင်

အမြဲပြုံးပါ – အပြုံးက လူကို ကူးစက်စေနိုင်သလို ကောင်းမွန်တဲ့အရာတွေကိုသယ်ဆောင်လာပေးတတ်ပါတယ်။

ကြံ့ကြံ့ခံ ရင်ဆိုင်တတ်တဲ့ အလေ့အထမွေးပါ – အရာတစ်ခုခုကို အလွယ်တကူလက်မလျှော့တတ်သူတွေဘဲ ထိပ်ဆုံးကို ရောက်တတ်ကြတာပါ။

အကောင်းဘက်က တွေးပါ – ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ အကောင်းဘက်ကတွေးလို့ရသလို အဆိုးဘက်ကလည်း တွေးလို့ရပါတယ်။ ဒါပေမယ့် အကောင်းဘက်ကတွေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ -နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်ရှိဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။

ကျေးဇူးတင်တတ်ပါစေ – တစ်ယောက်ယောက်က ကူညီပေးတဲ့အခါ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်း ပြောဖို့ ဝန်မလေးပါနဲ့။ ဒီလိုပြောပေးတာက ပြောပေးတဲ့သင်ကိုယ်တိုင်အတွက်ရော အပြောခံရတဲ့သူအတွက်ပါ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးပါတယ်။

ကတိတည်တတ်ပါစေ – ပြောထားတဲ့စကားကို သေးသေးလေးပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားပဲဖြစ်ဖြစ် တည်အောင်လုပ်ပေးတတ်တဲ့ အလေ့အထလေးကို မွေးမြူပေးပါ။ ဒီအလေ့အထက သင့်ကို လူအများရဲ့ ယုံကြည်မှုရစေပြီး စိတ်ကျေနပ်ပျော်ရွှင်မှုရစေမှာ အသေအချာပါ။

ရိုးသားပါ – ရိုးသားမှုက စိတ်ကိုပိုကျန်းမာစေပြီး နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုကို ပိုမိုခံစားရစေနိုင်ပါတယ်။ လျှို့ဝှက်ချက်တွေကင်းတဲ့ ဘဝကြီးက ပျော်ရွှင်လွတ်လပ်မှုတွေကို နေရာပေးဖို့ အသင့်ဖြစ်နေမှာပါ။

ပစ္စုပ္ပန်မှာ တည့်တည့်နေပါ – လူတော်တော်များများ မပျော်ရွှင်ရတဲ့အကြောင်းက အတိတ်ကို ရင်မှာပိုက်ပြီး မရောက်သေးတဲ့ အနာဂတ်ကို တွေးပူနေတာကြောင့်ပါ။ ပျော်ရွှင်နေချင်တယ်ဆိုရင်တော့ ပစ္စုပ္ပန်တည့်တည့်မှာနေပြီး အကောင်းဆုံး ကြိုးစားခြင်းပါပဲ။

ခွင့်လွှတ်တတ်ပါစေ – ခွင့်လွှတ်တတ်တာက စိတ်ခွန်အားကြီးမာသူတွေမှ လုပ်နိုင်တယ်ဆိုတာထက် လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ချိန်မှာ စိတ်လက်ပေါ့ပါးသွားတာတော့ အမှန်ပါ။ ဒါကြောင့် ပျော်ရွှင်မှုကို ကိုယ့်လက်တစ်စုံနဲ့ ဖန်တီးချင်တယ်ဆိုရင် အရင်ဆုံး ခွင့်လွှတ်ပေးတတ်ဖို့ ကြိုးစားပါ။

ရယ်မောပျော်ရွှင်ပါ – တစ်နေ့တာမှာ အလုပ်တွေ အရမ်းများနေရင်တောင် မိသားစုနဲ့ ထမင်းလက်ဆုံစားတာဖြစ်ဖြစ်၊ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့ အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What makes people happy? Habits of Happy People – Backed By Research https://www.developgoodhabits.com/make-you-happy/  Accessed Date 7 January 2019

Happy Habits: 12 Habits to Improve your Overall Happiness in Life https://www.wanderlustworker.com/the-happy-habits-12-habits-to-improve-your-overall-happiness-in-life/ Accessed Date 7 January 2019

ယခုပုံစံ

10/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပါစေ

ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement