ပြေးနေဖို့က အဓိကပါ

နှစ်ပေါင်းအတော်ကြာ စန်စတကျလေ့လာခဲ့တဲ့ သုတေသနပြုမှုများစွာလုပ်ခဲ့ပြီး လေ့လာမှု ၁၄ ခုအတွင်း လူအယောက် ၂၃၂၁၄၉ ဦးကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုတွေမှာ တွေ့ရှိခဲ့ရတဲ့ လေ့လာမှုတွေအရ နေ့စဉ် အပြေးလေ့ကျင့်ပေးတာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

အပြေးလေ့ကျင့်တာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပြီး ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၃ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေဖို့အတွက် တစ်ပတ်ကို အနည်းဆုံး ၇၅ မိနစ်ကနေ မိနစ် ၁၅၀ လောက်အထိ အပြေးလေ့ကျင့်ပေးဖို့ပြောပါရစေ။

မနက်ခင်းမှာဖြစ်ဖြစ်၊ ညနေခင်းမှာဖြစ်ဖြစ် အကြောလျှော့လေ့ကျင့်ခန်းလေးလုပ်ပြီး အပြေးလေ့ကျင့်ပေးတာက တစ်နေ့တာမှာ ပင်ပန်းနေတာတွေ ညောင်းညာနေတာတွေကို သက်သာစေပြီး စိတ်ရောကိုယ်ပါလန်းဆန်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ဒီတော့ ကျန်းမာအသက်ရှည်စေဖို့ ပုံမှန်လေး အပြေးလေ့ကျင့်ပေးဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို အကြံပြုပါရစေ။