backup og meta

ဆန်လုံးညို၏ ကျန်းမာရေးအကျိုးပြုပုံ

ဆန်လုံးညို၏ ကျန်းမာရေးအကျိုးပြုပုံ

ဆန်လုံးညိုဟာ ဆန်ဖြူထက်စာရင် ပြုပြင်ထားမှုနည်းပါတယ်။ ဆန်ဖြူမှာ အခွံ၊ bran လို့ခေါ်တဲ့ ဖွဲနုအလွှာ၊ germ လို့ခေါ်တဲ့ အပင်ပေါက်စေတဲ့အလွှာ စတာတွေကို ဖယ်ချွတ်ထားပါတယ်။ ဆန်လုံးညိုမှာတော့ အခွံချွတ်လိုက်ပေမယ့် အာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ bran နဲ့ germ အလွှာ ပါဝင်ပါသေးတယ်။ ဒါကြောင့် ဆန်လုံးညိုဟာ ဆန်အဖြူထက်စာရင် အာဟာရဓာတ် ပိုမိုကြွယ်ဝခြင်း ဖြစ်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ ဆန်လုံးညိုရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဖြစ်ပါတယ်။

အာဟာရဓာတ်ကြွယ်ဝခြင်း

ဆန်လုံးညိုဟာ အာဟာရဓာတ် လွန်စွာကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ဆန်လုံးညိုတစ်ခွက်စာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

– ကယ်လိုရီ။ ၂၁၆

– ကာဘိုဟိုက်ဒရိတ်။ ၄၄ ဂရမ်

– အမျှင်ဓာတ်။ ၃.၅ ဂရမ်

– အဆီဓာတ်။ ၁.၈ ဂရမ်

– ပရိုတိန်း။ ၅ ဂရမ်

– ဗီတာမင် B1။ တစ်နေ့တာလိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်း

– ဗီတာမင် B3။ တစ်နေ့တာလိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်း

– ဗီတာမင် B5။ တစ်နေ့တာလိုအပ်ချက်၏ ၆ ရာခိုင်နှုန်း

– ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၁၄ ရာခိုင်နှုန်း

– သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း

– မဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၁ ရာခိုင်နှုန်း

– ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၁၆ ရာခိုင်နှုန်း

– ဇင့်။ တစ်နေ့တာလိုအပ်ချက်၏ ၈ ရာခိုင်နှုန်း

– ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း

– မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၈၈ ရာခိုင်နှုန်း

– ဆီလီနီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်း

အာရုံကြောကို အကျိုးပြုခြင်း

ဆန်လုံးညို တစ်ခွက်စာမှာ မဂ္ဂနိစ် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၈၈ရာခိုင်နှုန်း ပါဝင်ပါတယ်။ မဂ္ဂနိစ်ဟာ ဦးနှောက်နဲ့ အာရုံကြောကို အကျိုးပြုပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကို ဖရီးရယ်ဒီကယ်တွေကြောင့် မပျက်စီးရအောင် ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိနဲ့ ကာကွယ်ပေးထားပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ဆန်လုံးညိုဟာ ဆန်အဖြူထက်စာရင် အမျှင်ဓာတ် ပိုမိုကြွယ်ဝပါတယ်။ ဆန်ဖြူတစ်ခွက်စာမှာ အမျှင်ဓာတ် ၁ ဂရမ်အောက် ပါဝင်ချိန်မှာ ဆန်လုံးညိုမှာ ၃.၅ ဂရမ် ပါဝင်ပါတယ်။ အမျှင်ဓာတ်ကို ရေရှည်စားသုံးရင် ကယ်လိုရီလျော့ကျပါတယ်။

သုတေသနတစ်ခုမှာ ကိုယ်အလေးချိန်များတဲ့ အမျိုးသမီး အယောက် ၄၀ ကို တစ်နေ့မှာ ဆန်လုံးညို ၁၅၀ ဂရမ်ခန့်စားသုံးစေရာမှာ ၆ ပတ်ကြာလာတဲ့အခါ ဆန်အဖြူစားတဲ့ အမျိုးသမီးတွေထက် ကိုယ်အလေးချိန်ရော ခါးအတိုင်းအတာပါ လျော့ကျလာတယ်လို့ ဆိုပါတယ်။

အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ဆန်လုံးညို တစ်ခွက်စာပမာဏမှာ အမျှင်ဓာတ် ၃.၅ ဂရမ် ပါဝင်ပါတယ်။ အဆိုပါအမျှင်ဓာတ်တွေဟာ အူမကြီးထဲမှာ ကျန်ရှိနေတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို ကာကွယ်တားဆီးပေးတာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်းက သိသိသာသာ လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ဆီလီနီယမ်ဟာလည်း အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

တယ်။ ဒါ့အပြင် ဆန်လုံးညိုမှာပါတဲ့ အမျှင်ဓာတ်ဟာ သည်းခြေရည် စီးဆင်းမှု မတိုးအောင် ကာကွယ်ပေးတာကြောင့် သည်းခြေ ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ဆန်လုံးညိုဟာ ဆန်အဖြူထက်စာရင် သကြားဓာတ်ညွှန်ကိန်း (Glycemic index) နည်းပါတယ်။ ဆိုလိုတာကတော့ သွေးတွင်းသကြားဓာတ်အပေါ် ထိရောက်မှု နည်းပါးပါတယ်။ သကြားဓာတ်ညွှန်ကိန်း နည်းပါးတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ ဆီးချိုရောဂါသည်တွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရ လွယ်ကူစေပါတယ်။ သုတေသနတစ်ခုအရ အမျိုးအစား ၂ ဆီးချိုရှိသူတွေ ဆန်လုံးညိုကို စားသုံးတဲ့အခါ အစာစားပြီးချိန် သွေးတွင်းသကြားဓာတ်နဲ့ ဟေမိုဂလိုဘင် A1 C ပမာဏကို ဆန်အဖြူ စားသုံးသူတွေထက်စာရင် လျှော့ချပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။

နှလုံးကျန်းမာရေးကို အကျိုးပြုခြင်း

ဆန်လုံးညိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ နှလုံးကို အကျိုးပြုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် lignin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ သုတေသနတွေအရ ဆန်လုံးညိုကို စားသုံးသူတွေဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆန်လုံးညိုမှာကြွယ်ဝတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/is-brown-rice-good-for-you Accessed Date 18 June 2020

ယခုပုံစံ

11/03/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ ။ ။

နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ



Dr. Thant Zin မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement