– ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း
– မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၈၈ ရာခိုင်နှုန်း
– ဆီလီနီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်း
ဆန်လုံးညို တစ်ခွက်စာမှာ မဂ္ဂနိစ် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၈၈ရာခိုင်နှုန်း ပါဝင်ပါတယ်။ မဂ္ဂနိစ်ဟာ ဦးနှောက်နဲ့ အာရုံကြောကို အကျိုးပြုပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကို ဖရီးရယ်ဒီကယ်တွေကြောင့် မပျက်စီးရအောင် ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိနဲ့ ကာကွယ်ပေးထားပါတယ်။
ဆန်လုံးညိုဟာ ဆန်အဖြူထက်စာရင် အမျှင်ဓာတ် ပိုမိုကြွယ်ဝပါတယ်။ ဆန်ဖြူတစ်ခွက်စာမှာ အမျှင်ဓာတ် ၁ ဂရမ်အောက် ပါဝင်ချိန်မှာ ဆန်လုံးညိုမှာ ၃.၅ ဂရမ် ပါဝင်ပါတယ်။ အမျှင်ဓာတ်ကို ရေရှည်စားသုံးရင် ကယ်လိုရီလျော့ကျပါတယ်။
သုတေသနတစ်ခုမှာ ကိုယ်အလေးချိန်များတဲ့ အမျိုးသမီး အယောက် ၄၀ ကို တစ်နေ့မှာ ဆန်လုံးညို ၁၅၀ ဂရမ်ခန့်စားသုံးစေရာမှာ ၆ ပတ်ကြာလာတဲ့အခါ ဆန်အဖြူစားတဲ့ အမျိုးသမီးတွေထက် ကိုယ်အလေးချိန်ရော ခါးအတိုင်းအတာပါ လျော့ကျလာတယ်လို့ ဆိုပါတယ်။
အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
ဆန်လုံးညို တစ်ခွက်စာပမာဏမှာ အမျှင်ဓာတ် ၃.၅ ဂရမ် ပါဝင်ပါတယ်။ အဆိုပါအမျှင်ဓာတ်တွေဟာ အူမကြီးထဲမှာ ကျန်ရှိနေတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို ကာကွယ်တားဆီးပေးတာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်းက သိသိသာသာ လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ဆီလီနီယမ်ဟာလည်း အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
တယ်။ ဒါ့အပြင် ဆန်လုံးညိုမှာပါတဲ့ အမျှင်ဓာတ်ဟာ သည်းခြေရည် စီးဆင်းမှု မတိုးအောင် ကာကွယ်ပေးတာကြောင့် သည်းခြေ ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
ဆန်လုံးညိုဟာ ဆန်အဖြူထက်စာရင် သကြားဓာတ်ညွှန်ကိန်း (Glycemic index) နည်းပါတယ်။ ဆိုလိုတာကတော့ သွေးတွင်းသကြားဓာတ်အပေါ် ထိရောက်မှု နည်းပါးပါတယ်။ သကြားဓာတ်ညွှန်ကိန်း နည်းပါးတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ ဆီးချိုရောဂါသည်တွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရ လွယ်ကူစေပါတယ်။ သုတေသနတစ်ခုအရ အမျိုးအစား ၂ ဆီးချိုရှိသူတွေ ဆန်လုံးညိုကို စားသုံးတဲ့အခါ အစာစားပြီးချိန် သွေးတွင်းသကြားဓာတ်နဲ့ ဟေမိုဂလိုဘင် A1 C ပမာဏကို ဆန်အဖြူ စားသုံးသူတွေထက်စာရင် လျှော့ချပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။
ဆန်လုံးညိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ နှလုံးကို အကျိုးပြုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် lignin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ သုတေသနတွေအရ ဆန်လုံးညိုကို စားသုံးသူတွေဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆန်လုံးညိုမှာကြွယ်ဝတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။