backup og meta

ပန်းဂေါ်ဖီ ကြိုက်ကြလား.....

ပန်းဂေါ်ဖီ ကြိုက်ကြလား.....

ဘဲဥလေးနဲ့ပဲကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ လက်ဖက်နဲ့ပဲရော သုပ်သုပ်၊ ရေနွေးဖျောပြီးပဲ သုပ်သုပ် စားလို့ကောင်းတဲ့ ပန်းဂေါ်ဖီ ကိုကြိုက်ကြလား။ ဒီ မေးခွန်းကို အင်း လို့ ဖြေမယ်ဆိုရင်တော့ သင်က ဒီ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ။

ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးတာက ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ အပါအဝင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာက အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါအမျိုးမျိုး ကို ကာကွယ်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီ ကြိုက်သူလေးတွေသာ ရနိုင်မယ့် ကျန်းမာရေး အာနိသင်

ပန်းဂေါ်ဖီ စားသုံးပေးမှုက

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် နဲ့ ရေဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားစေနိုင်ပြီး ဝမ်းမှန်စေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

လေ့လာမှုတွေအရကတော့ ပန်းဂေါ်ဖီမှာပါတဲ့ အမျှင်ဓာတ်က ကိုယ်ခံအားကောင်းစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပြီး ဆီးချို၊ ကင်ဆာ နဲ့ အဝလွန်တာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။

နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်အောင် စားသုံးပေးတာက

  • နှလုံးရောဂါ
  • လေဖြတ်တာ
  • သွေးတိုး
  • ဆီးချို
  • အဝလွန်တာ
  • အစာအိမ်၊ အူလမ်းကြောင်းပြဿနာတွေကို အတိုင်းအတာတစ်ခု အထိ ကာကွယ်ပေးနိုင်မှာပါ။ နောက် အားသာချက်တစ်ခုက သွေးတွင်းကိုလက်စထရော ကို ကျဆင်းစေနိုင်တာပါ။ အင်ဆူလင်တုံ့ပြန်မှုကောင်းစေပြီး ခန္ဓာကိုယ် အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

ကင်ဆာ ကာကွယ်ပေးတယ်

ပန်းဂေါ်ဖီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် မှုကနေအကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီကို စားသုံးပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေ နဲ့ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။

ဒါတွေအပြင် ပန်းဂေါ်ဖီစားသုံးပေးတာ က အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ histone deacetylase (HDAC) က ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားကင်ဆာ၊ အစာရေမြိုကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ ပန်ကရိကင်ဆာ ကာကွယ်ဖို့အတွက်လည်း ပန်းဂေါ်ဖီကို စားသုံးလို့ရပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်တယ်

ပန်းဂေါ်ဖီမှာပါတဲ့ choline က အိပ်ပျော်စေပြီး၊ ကြွက်သားလှုပ်ရှားမှုတွေကို ကောင်းစေနိုင်သလို၊ သင်ယူမှုစွမ်းရည်ကို တိုးတက်စေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဦးနှောက် နဲ့ အာရုံကြောတွေကျန်းမာစေဖို့ ပန်းဂေါ်ဖီကို စားပေးလို့ ရပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်

နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ ဗီတာမင် K ပါဝင်မှုနည်းတာက အရိုးပါးတာ၊ အရိုးပွတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် K စားသုံးပေးတာက အရိုးတွေကို ပရိုတင်းရရှိစေမှု၊ ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီး အရိုးသိပ်သည်းဆကို မြင့်စေနိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းစေနိုင်တယ်

အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကင်းစေတာကြောင့် ခန္ဓာကိုယ်ကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

ပန်းဂေါ်ဖီ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံစေနိုင်တဲ့အတွက် ဝိတ်ချနေသူတွေအနေနဲ့ အထူးသင့်တော်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ……

ပန်းဂေါ်ဖီက ကျန်းမာရေး အာနိသင်များတာမှန်ပေမယ့်

  • သိုင်းရွိုက်ပြဿနာရှိနေမယ်
  • အစာခြေစနစ် ပြဿနာရှိမယ်
  • IBS (နာတာရှည် အူလမ်းကြောင်းပြဿနာ)
  • IBD (အူရောင်ရမ်းသောရောဂါ)
  • လေထိုးလေအောင့်ရှိသူတွေ
  • နှလုံးရောဂါရှိမယ်
  • သွေးကျဲဆေးသောက်နေရမယ်ဆိုရင်တော့ မစားသင့်ပါဘူး။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Top 8 Health Benefits of Cauliflower https://www.healthline.com/nutrition/benefits-of-cauliflower Accessed Date 22 January 2020

Everything you need to know about cauliflower https://www.medicalnewstoday.com/articles/282844.php Accessed Date 22 January 2020

Health Benefits of Cauliflower https://www.webmd.com/food-recipes/health-benefits-cauliflower#2 Accessed Date 22 January 2020

ယခုပုံစံ

11/05/2020

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ



Aye Thi Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement