backup og meta

ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ရင်

ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ရင်

အနာကတော့ လူတိုင်းမှာဖြစ်တာပဲ မထူးဆန်းပါဘူး၊ လို့များတွေးနေလား။ အနာကဖြစ်ပြီးရင်ပျောက်သွားတယ်ဆိုတဲ့ အယူအဆက လူတိုင်းအတွက်မမှန်နိုင်ပါဘူး။ ဆီးချိုရောဂါသည်တွေက အနာဖြစ်ပြီးရင် ကျက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်ဆီးချိုဝေဒနာသည်တွေအနေနဲ့ အနာကိုမဖြစ်ခင်က ကြိုတင် ကာကွယ်တာကအကောင်းဆုံးပါ။ အနာဖြစ်လာရင်လည်းသေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုမစိုက်ဘဲထားမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဝေဒနာတွေခံစားရပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ရတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိနေတာကြောင့် ထိခိုက်မိတာမျိုး မဖြစ်အောင်ဂရုစိုက်နေပေမယ့်လည်း မတော်တဆထိခိုက်မိတာမျိုးဖြစ်မယ်ဆိုရင် ဘယ်လိုများဂရုစိုက်ရမလဲမသိဖြစ်နေသူတွေအတွက် အနာဂရုစိုက်နည်းလေးဝေမျှပေးပါရစေ။

ဆီးချိုဝေဒနာသည်တွေမှာ ဘာကြောင့် အနာကျက်ဖို့ခက်တာလဲ

ဆီးချိုဝေဒနာရှိသူတွေအနေနဲ့ သာမန်ထိခိုက်ရှနာမျိုးကိုတောင်သေချာဂရုစိုက်ဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားက လူ့ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသော အရံအတားတစ်ခုမို့ပါ။ အရေပြားက ခန္ဓါကိုယ်ထဲကိုပြင်ပရောဂါတွေမဝင်ရောက်နိုင်အောင်တားဆီးပေးတဲ့ ခံတပ်တစ်ခုပါ။ ဒါကြောင့် အရေပြားပွန်းပဲ့သွားတာက ကိုယ်ခံအား ကောင်းနေတဲ့ပုံမှန်လူတွေမှာတောင် ရောဂါပိုးတွေ ကိုယ်တွင်းကိုဝင်ရောက်ပြီးထိခိုက်တာမျိုးဖြစ်နိုင်တယ်ဆိုရင် ကိုယ်ခံအားနည်းနေတဲ့ ဆီးချိုဝေဒနာရှင်တွေမှာဆိုပိုဆိုးစေမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ပါဘူး။

ဆီးချိုဖြစ်တဲ့အခါအာရုံကြောတွေထိခိုက်သွားတာကြောင့် ထိခိုက်မိတဲ့အခါချက်ချင်းမသိတာ၊ အပူနဲ့ကပ်မိနေတာတွေကို မသိတာကြောင့် မလိုအပ်ဘဲ အနာကကြီးသွားတာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ခုက အနာကျက်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ သွေးလှည့်ပတ်မှုပါ။ ဆီးချိုဖြစ်တဲ့အခါသွေးလှည့်ပတ်မှုက အားနည်းသွားပြီး အနာကျက်ဖို့ကလည်းတော်တော်လေးနှေးသွားပါတယ်။

အနာဖြစ်လာရင်ဘယ်လိုဂရုစိုက်မလဲ

အနာတစ်ခုခုဖြစ်လာပြီဆိုရင် ဆီးချိုဝေဒနာရှင်တွေက ပုံမှန်သူတွေထက် ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အနာကျက်အောင်ဂရုစိုက်ပေးနိုင်လေလေ ပိုးဝင်ကူးစက်တာနဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်နိုင်ခြေများလေလေပါ။ ဆီးချိုဝေဒနာရှိတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် –

အနာအခြေအနေကို ဆန်းစစ်ပါ

ဆီးချိုဝေဒနာသည်တွေမှာဖြစ်နိုင်တဲ့ အနာအမျိုးအစားက ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ –

  • neuropathic
  • ischemic
  • neuroischemic ဆိုပြီးရှိပါတယ်။ အနာအမျိုးအစားအပေါ်မှာလိုက်ပြီး အနာဖြစ်စဉ်ချင်းကွာခြားသလို အနာပိုးဝင်ကူးစက်ပုံချင်း နဲ့ အနာကျက်ဖြစ်စဉ်ချင်းလည်း ကွာခြားပါတယ်။ ဆီးချိုအနာတွေကိုသေချာဂရုမစိုက်တဲ့အခါရေရှည်မှာ မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်နိုင်သလို ကိုယ်လက်အင်္ဂါဖြတ်တောက်ရတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်အနာဖြစ်လာတဲ့အခါ အနာအခြေအနေကိုအရင်သိအောင်ဆန်းစစ်ဖို့လိုပါမယ်။

တစ်ရှုးအသေတွေကိုဖယ်ရှားပါ

အနာတစ်ခုခုဖြစ်တဲ့အခါ အနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုလုပ်ပေးတာကအနာပေါ်မှာဖိအားသက်ရောက်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက အနာပြည်ယိုတာတွေ အနာရင်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ အနာကျက်လည်းမြန်စေမှာ အသေအချာပါ။

အနာကို ကာကွယ်ထားပါ

ဆီးချိုဝေဒနာသည်တွေက ပုံမှန်အတိုင်းကို အနာကျက်နှေးတာကြောင့် အနာထဲကိုပိုးဝင်ကူးစက်ခံရနိုင်ခြေကတော်တော်လေးများနေပါတယ်။ ဒါကြောင့် အနာထဲကိုပြင်ပအရာဝတ္ထုတွေ၊ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ပိုးသတ်ထားတဲ့ ပတ်တီးစပါးပါးလေးနဲ့ အနာကို ကာကွယ်ထားဖို့ပြောပါရစေ။

အနာကိုantibiotics တစ်ခုခုလိမ်းပေးပါ

ဆီးချိုဝေဒနာသည်တွေမှာ အနာတစ်ခုခုဖြစ်ရင်အစိုးရိမ်ရဆုံးက အနာပိုးဝင်ကူးစက်တာပါ။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာကိုantibiotics တစ်ခုခုလိမ်းထားပေးဖို့မမေ့ပါနဲ့။ ဒီလိုလုပ်တာက အနာထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်ခြေနည်းသွားစေပြီး အနာရင်းတာနဲ့ အနာမကျက်တာမျိုးဖြစ်နိုင်ခြေလည်းနည်းသွားစေမှာပါ။ လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပေးပါ။

အစိုဓါတ်ကိုထိန်းညှိပါ

အနာဖြစ်တဲ့အခါ အနာဝန်းကျင်မှာ လိုအပ်တဲ့အစိုဓါတ်ကိုထိန်းထားဖို့လိုအပ်ပါမယ်။ ဒါမှသာ အနာကျက်တာကို အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အနာကို အရမ်းခြောက်သွေ့အောင်မထားဘဲ အနာတဝိုက်မှာ လိုအပ်တဲ့အစိုဓါတ်ကိုထိန်းညှိထားပေးနိုင်အောင်လုပ်ဆောင်ပေးပါ။

အနာတဝိုက်ကိုနှိပ်နယ်ပေးပါ

အနာတဝိုက်မှာ သွေးစီးဆင်းမှု ကောင်းအောင်လုပ်ဆောင်ပေးတာက အနာကျက်အောင် အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အနာတဝိုက်ကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပြီးသွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးခြင်းဖြင့် အနာကျက်မြန်အောင်အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။

အနာကိုတစ်နေ့တစ်ခါစစ်ဆေးပေးပါ

အနာအခြေအနေတွေကို သိရှိနိုင်စေဖို့အတွက် အနာကို တစ်နေ့တစ်ခါလောက်တော့ စစ်ဆေးဖို့လိုပါမယ်။ အနာကို ပတ်တီးအသစ်လဲတာ၊ဆေးထည့်တာတွေလုပ်ပေးရင်း တစ်နေ့တစ်ခါလောက်အနာကိုစစ်ဆေးပေးတာက အနာသက်သာစေဖို့အတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါ။

ဒီအချက်လေးတွေကို ဂရုစိုက်ဆင်ခြင်ပါ

အနာဖြစ်တဲ့အခါ ပိုမိုဂရုစိုက်ရတဲ့ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အနာကျက်ဖို့ဆိုရင် အခုပြောတဲ့အချက်လေးတွေကို ဆင်ခြင်ပေးဖို့လိုပါမယ်။

ကိုယ်တိုင်မှာဆီးချိုရှိနေရင်ဖြစ်ဖြစ် ချစ်ခင်ရသူတစ်ဦးဦး ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးမှာ ဆီးချိုရှိနေပြီး ထိခိုက်ဒဏ်ရာရခဲ့ရင် အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။ အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.advancedtissue.com/6-key-factors-in-treating-a-diabetic-wound/

https://www.diabetesselfmanagement.com/blog/six-dos-donts-diabetes-wound-care/

https://www.apma.org/Patients/FootHealth.cfm?ItemNumber=981

https://health.clevelandclinic.org/how-to-care-for-cuts-and-scratches-if-you-have-diabetes/

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ

ကလေးတွေမှာ အစာအိမ်အနာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement