၄။ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။
ပုလင်းကွဲ၊ မှန်ကွဲရှမိတဲ့ဒဏ်ရာတွေဟာ သာမန်ပွန်းပဲ့ဒဏ်ရာတွေထက် ပိုကြီးတာကြောင့် ပျောက်တာလည်း ပိုကြာသလို ပိုးဝင်နိုင်တဲ့အခြေအနေတွေလည်း ပိုများပါတယ်။
- ဒဏ်ရာ နက်နေတာ၊ ဘေးအစွန်းတွေက ဟပြဲနေတာ
- ကိုယ်ခန္ဓာမဟုတ်ပဲ မျက်နှာပေါ်မှာ ထိခိုက်မိတာ
- ရေဆေးတဲ့အချိန်မှာ အညစ်အကြေး၊ ဖုန် ဒါမှမဟုတ် ဖန်ကွဲစတွေ ထွက်မလာတာ၊ စိုက်နေတာ
- နီရဲတာ၊ ဒဏ်ရာတစ်ဝိုက်က ပျော့တိပျော့တွဲဖြစ်တာ၊ အဖျားတက်တာ စတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်
- ဒဏ်ရာတစ်ဝိုက် ထုံကျဉ်နေတာ
- မေးခိုင်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။
၅။ ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင် ဘာလုပ်သင့်လဲ။
သွေးထွက်လွန်နေတဲ့ အခြေအနေမှာ၊ ကိုယ်တွင်းသွေးယိုစိမ့်တယ်လို့ သံသယရှိရင်၊ ဝမ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်မှာ ထိခိုက်မိတာဆိုရင်၊ ၁၀မိနစ်လောက် ဒဏ်ရာကို ဖိထားတဲ့တိုင်အောင် သွေးမတိတ်သွားရင်၊ ဒဏ်ရာထဲက သွေးတွေ ပန်းထွက်လာရင် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားပြီး အရေးပေါ်ကုသမှု ခံယူရပါမယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။