backup og meta

ဦးရေပြားမှာပေါက်တဲ့ ဝက်ခြံလေးတွေ သက်သာစေဖို့

ဦးရေပြားမှာပေါက်တဲ့ ဝက်ခြံလေးတွေ သက်သာစေဖို့

ဝက်ခြံက မျက်နှာမှာတင်ပေါက်တာမဟုတ်ပါဘူး။ ဆံစပ် နဲ့ ဦးရေပြားတွေမှာပါ ပေါက်ရောက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆံပင်တွေကြား ဦးရေပြားမှာ ပေါက်တဲ့ ဝက်ခြံတွေ စိတ်ညစ်နေရသူလေးတွေအတွက် ဒီ ဝက်ခြံတွေ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

ဘာကြောင့် ဦးရေပြားမှာ ဝက်ခြံပေါက်တာလဲ………….

ဝက်ခြံ ဆိုတာက ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာထက်  ဦးရေပြားမှာ ပေါက်ခဲပါတယ်။ ဦးရေပြားမှာ ဝက်ခြံပေါက်တာက ဖြစ်ခဲတယ်ဆိုပေမယ့် တော်တော်လေးတော့ ခံရခက်တာပါ။

ဦးရေပြားက ချွေးပေါက်တွေ ပိတ်ဆို့တာကြောင့် ဦးရေပြားမှာ ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆံပင်ကို ပုံမှန်လျှော်မယ်။ ဆေးပါတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်မယ်ဆိုရင် ဦးရေပြားက ဝက်ခြံတွေကို သက်သာစေမှာ အသေအချာပါ။

ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ အိမ်တွင်းကုထုံး အချို့

ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့ကျကျ အသုံးချသင့်ပါတယ်။

ခရမ်းချဉ်သီး အရည်

ခရမ်းချဉ်သီးက ဆံသားနဲ့ အရေပြားတို့ရဲ့ pH ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်တဲ့ သဘာဝ ပစ္စည်းတစ်ခုပါ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ salicylic acid က ဝက်ခြံတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။ ဦးရေပြားက ဝက်ခြံတွေကို အထိရောက်ဆုံး ကုသမှုပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

ခရမ်းချဉ်သီးကို အရည်ကြိတ်ပြီး ရလာတဲ့အရည်ကို စင်အောင်လျှော်ထားတဲ့ ဦးရေပြးပေါ် လောင်းချလို့ ဦးရေပြား နှံ့အောင်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေသန့်သန့်လေးနဲ့ ဆေးချလိုက်ရုံပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာလည်း ဝက်ခြံကို သက်သာစေနိုင်တဲ့ salicylic acid ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကြက်သွန်ဖြူက အနံ့ပြင်းပေမယ့် ဦးရေပြား ဝက်ခြံတွေကို အထိရောက်ဆုံး သက်သာစေမှာပါ။

ရေနွေးဆူဆူထဲကို ကြက်သွန်ဖြူ ထည့်စိမ်ပါ။ ခပ်နွေးနွေးဖြစ်နေတဲ့ ရေနွေးကို ဦးရေပြားပေါ်မှာ လောင်းဆေးချလိုက်ရုံပါ။ ပြီးရင် ခေါင်းကို နှစ်သက်ရာ ခေါင်းလျှော်ရည် တစ်မျိုးမျိုးနဲ့ လျှော်လိုက်ပါ။

ပန်းသီး ရှာလကာရည်

ဦးရေပြားနဲ့ အသားအရေ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ကို ဦးရေပြားက ဝက်ခြံတွေအတွက်လည်း အသုံးပြုလို့ရပါတယ်။ ပန်းသီးရှာလကာရည်က ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝသလို pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

သန့်စင်အောင်လျှော်ထားတဲ့ ဦးရေပြားကို ရေနဲ့ ပန်းသီးရှာလကာရည် ဆတူရောထားတဲ့ အရောကို လောင်းချလို့ ဦးရေပြားကို နှိပ်နယ်ပေးရုံပါ။

Tea Tree Oil

Tea tree oil က ဝက်ခြံကို သက်သာစေနိုင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။ Tea tree oil က ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဝက်ခြံကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

ဦးရေပြားက ဝက်ခြံတွေသက်သာစေဖို့ Tea tree oil လိမ်းပေးလို့ရသလို Tea tree oil ပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးလို့လည်းရပါတယ်။

စံပယ်ပန်းအဆီက ဝက်ခြံတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ benzoic acid ပါတဲ့ စံပယ်ပန်းအဆီ က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဦးရေပြားမှာ လိမ်းလို့ နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားက ဝက်ခြံတွေ သက်သာစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to treat and prevent scalp acne https://www.medicalnewstoday.com/articles/320968 Accessed Date 29 April 2020

5 Natural Scalp Acne Treatment Methods That Will Clear Your Skin Without Ruining Your Hair https://www.bustle.com/articles/55561-5-natural-scalp-acne-treatment-methods-that-will-clear-your-skin-without-ruining-your-hair Accessed Date 29 April 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံ သက်သာစေမယ့် နည်းလမ်းလေးတွေ

ဝက်ခြံရှိသူလေးတွေ လုပ်မိတတ်တဲ့ အသားအရေထိန်းသိမ်းမှု အလွဲလေးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement