backup og meta

အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ

တရုတ်နံနံလို့ပြောလိုက်ရင် ဟင်းချိုနဲ့ အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေထဲမှာ ထည့်စားတဲ့အခါ အနံ့အရသာပြည့်စုံစေတဲ့ အရွက်လို့ ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီအရွက်လေးက ဟင်းတွေကိုတင် အရသာတိုးစေတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အသုံးဝင်ပါသေးတယ်။

တရုတ်နံနံကပေးတဲ့ အသားအရေလှပမှု

တရုတ်နံနံက ဟင်းခတ်အမွှေးအကြိုင်ဆိုတာထက်ပိုပါတယ်။ အသားအရေအတွက် အခုလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။

နုပျိုစေတယ်

တရုတ်နံနံမှာ အသားအရေအတွက် အရေးပါတဲ့ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို တင်းရင်းစေပြီးနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကင်ဆာ မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

တရုတ်နံနံ နုနုလေး ၂ ပင် ၃ ပင်လောက်ကို နုတ်နုတ်စဉ်းပါ။ ရှားစောင်းလက်ပပ် အနှစ်သား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အုန်းနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့ကို ရောပြီး သမအောင်မွှေပါ။ အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်လိုက်ပါ။

ဆားဝက်ခြံ သက်သာစေနိုင်တယ်

နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ညစ်ပတ်တဲ့ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲကအောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။

ဒီကြည့်ရဆိုးတဲ့ဆားဝက်ခြံတွေကို သက်သာချင်တယ်ဆိုရင်တော့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ တရုတ်နံနံကိုကြိတ်ထားတဲ့အရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောလိုက်ပါ။ ဆားဝက်ခြံတွေပေါ်မှာ လိမ်းပေးပြီး တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ဝက်ခြံ သက်သာစေနိုင်တယ်

တရုတ်နံနံက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ချွေးပေါက်တွေကို သန့်စင်စေပြီး အရေပြားရောင်ရမ်းတာကိုသက်သာစေနိုင်ပါတယ်။ တရုတ်နံနံက ဝက်ခြံတွေကို သက်သာစေနိုင်သလို ထပ်မဖြစ်လာအောင်လည်း ကာကွယ်ပေးပါတယ်။

တရုတ်နံနံ လက်တစ်ဆုတ်စာကို စပါးလင်ပါးပါးလှီးထားတာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ။ ချာမိုမိုင်းလက်ဖက်ခြောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရေနွေးဆူဆူထဲမှာ ၁ နာရီကြာစိမ်ထားပါ။ ပြီးရင်ဆယ်ယူပြီး အနှစ်ဖြစ်အောင် ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်ခြောက်သွေ့အောင် သုတ်ပေးပါ။

အရေးအကြောင်းတွေ သက်သာစေတယ်

အသက်အရွယ်ရလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေက သူ့အလိုလိုပေါ်လာတတ်ပါတယ်။ ဇရာကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို သက်သာချင်တယ်ဆိုရင်တော့  ဗီတာမင် C ကြွယ်ဝပြီး အရေပြားကျန်းမာစေတဲ့ ကော်လာဂျင်တွေထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တဲ့ တရုတ်နံနံကို အသုံးပြုပေးလို့ရပါတယ်။

အရေးအကြောင်းကင်းတဲ့ မျက်နှာလေးဖြစ်စေဖို့ တရုတ်နံနံ ၂ ပင် ၃ ပင်စာလောက်ကို ကြိတ်ခြေပါ။ ကြက်ဥအကာ နှစ်လုံး၊ အုတ်ဂျုံ ခွက်တစ်ဝက်စာတို့ကိုရောလို့ အနှစ်ဖြစ်အောင်ရောမွှေပါ။ ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

တစ်ပတ်ကိုတစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

4 Simple Ways To Use Cilantro For Your Skincare Regime https://www.curejoy.com/content/simple-ways-to-use-cilantro-for-your-skincare-regime/Accessed Date 24 December 2019

4 Cilantro Beauty DIYs That Will Make Your Skin Glow https://www.prevention.com/beauty/a20465573/diy-cilantro-beauty-treatments/ Accessed Date 24 December 2019

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တရုတ်နံနံဖျော်ရည် သောက်ကြမယ်

ကြည်လင်တဲ့ အသားအရေနဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement