backup og meta

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အောက်မှာ အဆီတက်နေတာ မှန်ကြည့်တိုင်း သတိထားမိလာတယ်။ ဒါကို မေး နှစ်ထပ် လို့ ခေါ်ကြတယ်လေ။ ဝလာတဲ့ လက္ခဏာ တစ်ခု ဖြစ်သလို တချို့တွေ လူမဝလည်း မေးစေ့ အောက်က အဆီ ရှိနေလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။

မျက်နှာလေး သွယ်လျ လှပနေဖို့ V shape ဆေးတွေ၊ နည်းလမ်းတွေတောင် သုံးကြတဲ့ ခေတ်မှာ မေးနှစ်ထပ် ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲလို့။ အဲဒါကြောင့် ဒါလေးတွေ လုပ်ကြည့်နော်။

မေးစေ့ အောက်က အဆီ ကျစေဖို့ လွယ်ကူတဲ့ နည်းလမ်းများ

ပီကေ ဝါးရင် ပါးတွေ၊ မေးစေ့ တစ်ဝိုက် အစိတ်အပိုင်း အကုန်လုံး လှုပ်ရှားရတာမို့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေနိုင်ပါတယ်။

ပီကေ ဝါးနေတဲ့ အချိန်ဆို မေးစေ့ ကလည်း အငြိမ်မနေရတဲ့ အတွက် မေးကို နှစ်ထပ် ဖြစ်စေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။

  • လေ့ကျင့်ခန်း

မေးအဆီ ကျစေမယ့် လေ့ကျင့်ခန်းတွေထဲက အကောင်းဆုံး ဥပမာ ကတော့ နှုတ်ခမ်း စူတဲ့ လေ့ကျင့်ခန်းပါပဲ။ ခေါင်းကို နည်းနည်းလေး အပေါ်မော့ပါ၊ နှုတ်ခမ်း နှစ်ခုကို စူနိုင်သလောက် ဖြည်းဖြည်းချင်း စူထုတ်ပါ၊ ၁၀ စက္ကန့်လောက် နေရင် ပြန်ဖြေလျှော့ပါ။

  • ကြက်ဥ

ကြက်ဥ အကာချည်း သက်သက်ကို ပျားရည်၊ သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းစီ နဲ့ ရောခေါက်ပြီး မေးစေ့ တစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာအောင် ထားပြီး ရေ ပြန်ဆေးချပါ။ တစ်နေ့ တစ်ကြိမ် လုပ်ပေးပါ။

ဒါက အဆီကျစေတာမျိုး မဟုတ်ပေမယ့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး တင်းရင်းစေပါတယ်။

  • Green tea

လက်ဖက်စိမ်း (green tea) လက်ဖက်ခြောက် ကို ရေနွေးထဲ ထည့်ခတ်ပြီး ပျားရည်လေး ရောပြီး ပူပူလေးသောက်ပေးပါ။

သံလွင်ဆီ ကို အပူနည်းနည်း ပေးပြီး မေးစေ့ အောက်နား ကို တစ်ညလုံး လိမ်းထား( ဒါမှမဟုတ် ) တစ်နာရီ နှစ်နာရီလောက် လိမ်းထားပြီး ရေဆေးချပါ။ တစ်နေ့ တစ်ကြိမ်လောက် လုပ်ပေးပါ။

သံလွင်ဆီ မှာပါတဲ့ ဗီတာမင် E ရဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြောင့် သင့်အသားအရေ ထိခိုက် ပျက်စီးတာကို တားဆီးပေးမယ့်အပြင် အရေပြားအတွက် လိုအပ်တဲ့ အစိုဓာတ်လည်း ရစေတာကြောင့် အသက်အရွယ်အရ ဖြစ်တဲ့ အသားအရေ လျော့တွဲလာခြင်း ကို အကောင်းဆုံး ကာကွယ်ပေးမှာပါ။

  • နှိပ်နယ်ခြင်း

မေးစေ့ နား တစ်ဝိုက်ကို နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု တွေ ကောင်းသွားပြီး မေးစေ့ အောက်က အဆီ တွေ လောင်ကျွမ်းသွားမှာပါ။ ဒီတိုင်း နှိပ်နယ်တာပဲ ဖြစ်ဖြစ် အဆီ တစ်မျိုးမျိုး လိမ်းပြီးပဲ နှိပ်တာပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။

မေးစေ့အောက်က အဆီကျစေဖို့

  • ပီကေဝါးပါ။
  • မျက်နှာလေ့ကျင့်ခန်းလုပ်ပါ။
  • ကြက်ဥအကာနဲ့ ပေါင်းတင်ပါ။
  • Green tea သောက်ပါ။
  • သံလွင်ဆီ လိမ်းပါ။
  • မျက်နှာကို နှိပ်နယ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/318131#exercises

https://www.stylecraze.com/articles/how-to-get-rid-of-double-chin/#gref%20Accessed%20Date%2018.1.2019

 

ယခုပုံစံ

01/04/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ

အဆီလောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိတဲ့ အသီးတွေက ဘာတွေဖြစ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement