အသက်ရှုရတာ ပိုကောင်းလာတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တာနဲ့အတူ ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးလာတာကြောင့် အားပြည့်နေစေမှာပါ။
ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းလာတာ၊ အောက်ဆီဂျင် ပမာဏ များလာတာတွေကြောင့် ကိုယ်ခံအား ကောင်းလာပါလိမ့်မယ်။ နာဖျားလွယ်မှုကနေ ကင်းစင်လာပါလိမ့်မယ်။
သွားတွေ အရောင်ပြောင်းတာ၊ ခံတွင်းနံ့ ဆိုးတာတွေ နဲ့ ခံတွင်းမှာ ပိုးဝင်ကူးစက်တာ မျိုးဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပါလိမ့်မယ်။ တစ်ပတ်အတွင်း ခံတွင်း ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။
ကင်ဆာဖြစ်နိုင်ခြေ နည်းသွားမယ်
ဆေးလိပ် ဖြတ်တာကြောင့် အဆုတ် ကင်ဆာ၊ ကျောက်ကပ် ကင်ဆာ၊ ဆီးအိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အစာရေမြို ကင်ဆာ ဖြစ်နိုင်ခြေတွေ သိသိသာသာ လျော့ကျ သွားပါလိမ့်မယ်။
ငွေကုန်ကြေးကျလည်း သက်သာ ကျန်းမာရေးလည်းကောင်း ချစ်ရသူတွေနဲ့လည်း သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မယ် ဆိုတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ ဆေးလိပ် ဖြတ်သင့်တယ် မထင်မိဘူးလား။ ဆေးလိပ် ဖြတ်တာက ကိုယ်တိုင် အတွက်ရော ပတ်ဝန်ကျင် အတွက်ပါ ကောင်းတဲ့ အချက် ဖြစ်တာကြောင့် ဆေးလိပ် ဖြတ်ကြဖို့ တိုက်တွန်းပါရစေလား….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။