backup og meta

ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ

ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ

လူတော်တော်များများ ချော်လဲကျဖူးမယ်၊ ထိခိုက်ရှနာ ဖြစ်ဖူးမယ်၊ ခွေးတွေ ကြောင်တာ ကိုက်ခံရတာ၊ ကုတ်ခံရတာ ကြုံဖူးကြမှာပါ။ ကြွက်နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများ အကိုက်ခံရဖူးမှာ မဟုတ်ပါဘူး။ တချို့ ကြွက်ပေါတဲ့ အိမ်တွေနဲ့ ကြွက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ သူတွေသာ ဒီအဖြစ်နဲ့ ကြုံဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။

ကိုယ်နဲ့ မသိတဲ့ လမ်းဘေးက ကြွက်တွေကို တွေ့တဲ့အခါ အနားသွားမကပ်ပါနဲ့။ ကိုယ့်ထက် သူတို့က လူတွေကို ပိုကြောက်တာကြောင့် ချောင်ပိတ်မိသွားတဲ့ အခြေအနေမျိုးမှာ လူတွေကို ပြန်ပြီး ကိုက်တတ်တာဖြစ်ပါတယ်။ ကြွက်ဟာ တခြားတိရစ္ဆာန်တွေလို မဟုတ်ပဲ အထိအကိုင်ခံရတာ မကြိုက်တဲ့အတွက်ကြောင့် အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားတယ်ဆိုရင်တောင် ကိုယ့်ရဲ့ သခင်ကို ပြန်ပြီး ကုတ်နိုင်၊ ကိုက်နိုင်ပါတယ်။

ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ။

ဒဏ်ရာ နက်၊ မနက်ပေါ် မူတည်ပြီး အမာရွတ်ကျန်သွားနိုင်တဲ့အပြင် မေးခိုင်ရောဂါလည်း ဖြစ်နိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ဘူးနော်။

၁။ ကြွက်ကိုက်ခံရတဲ့ ဒဏ်ရာကို သွေးတိတ်အောင် အဝတ်သန့်သန့်လေးနဲ့ ၁၀မိနစ်လောက် ဖိထားပေးပါ။

၂။ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အနာကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့ လိုအပ်ပါတယ်။ ဆေးတဲ့အခါမှာလည်း ဆပ်ပြာကို ပြောင်စင်အောင် ရေနိုင်နိုင် ဆေးပေးရပါမယ်။

၃။ ရေကို ခြောက်အောင် သုတ်ပါ။ ပြီးသွားရင် ပိုးသတ်ဆေး antibiotic လိမ်းထားပေးပါ။

၄။ လက်ချောင်းကို အကိုက်ခံရတာဆိုရင် အကိုက်ခံရတဲ့ လက်မှာ ရှိနေတဲ့ လက်စွပ်တွေ အကုန်ချွတ်ထားပါ။ လက်စွပ်ကြောင့် အနာကို သွားထိပြီး ရောင်လာတာ၊ အနာရင်းလာတာမျိုး ဖြစ်နိုင်လို့ပါ။

၅။ ဒဏ်ရာကို ပလာစတာနဲ့ လေမဝင်အောင် သေချာကပ်ထားပါ။

၆။ အနာထဲ ရောဂါပိုး ဝင်၊ မဝင် သေချာစစ်ကြည့်ပါ။ ဒဏ်ရာက နီရဲနေလား၊ ရောင်နေလား၊ ပူစပ်ပူလောင် ဖြစ်နေလား၊ ပြည်ထွက်နေလား စစ်ဆေးပါ။ ဒဏ်ရာထဲ ပိုးဝင်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

၇။ ကိုယ်မွေးထားတာ မဟုတ်တဲ့ ကြွက်ကိုက်တာဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ ပြဖို့ လိုပါတယ်။

၈။ မေးခိုင်ကာကွယ်ဆေး မထိုးထားတဲ့သူဆိုရင် အကိုက်ခံရပြီး ၂၄နာရီအတွင်း ကာကွယ်ဆေး ထိုးဖို့ လိုအပ်ပါတယ်။

ကြွက်ကိုက်ခံရတဲ့ ဒဏ်ရာဟာ များသောအားဖြင့် အမာရွတ်မကျန်ခဲ့ပဲ အရှင်းပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အနာကို သေချာဂရုစိုက်ပါ။ ပလာစတာကို နေ့စဉ် လဲပေးပါ။ ဖုန်၊ သဲတွေ မဝင်အောင်နဲ့ လက်နဲ့ မထိမိအောင် သတိထားပေးပါ။

အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အရာတွေ

တိရစ္ဆာန်တွေ ကိုက်ခံရတဲ့ ဒဏ်ရာဟာ မပြင်းထန်သည့်တိုင်အောင် ရောဂါပိုး ဝင်ဖို့ အခွင့်အလမ်း ပိုများတာကြောင့် ဆရာဝန်နဲ့ သေချာပြသပေးဖို့ အရေးကြီးပါတယ်။ ကိုယ်က အိမ်မွေးတိရစ္ဆာန်လေးတွေ ချစ်တတ်တယ်ဆိုရင် ကိုယ်တိုင်လည်း မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးဖို့ လိုအပ်သလို ကိုယ့်ရဲ့ အချစ်တော် တိရစ္ဆာန်လေးတွေကိုလည်း ထိုးပေးဖို့ အရေးကြီးပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Treating Rat Bites – https://www.verywellhealth.com/how-to-treat-rat-bites-1298270 (Dec 29, 2018)

Rat Bites – https://www.orkin.com/rodents/rats/rat-bites/ (Dec 29, 2018)

ယခုပုံစံ

24/05/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

ဆောင်းရာသီမှာ အနာရင်းတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။



Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement