မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဖြူကြည်နေရမယ့် မျက်လုံး လေး ရုတ်တရက်နီလာတာ၊ ပွတ်လိုက်လို့ နီလာတာ စတဲ့ အဖြစ်မျိုး အ ားလုံးကြုံတွေ့ဖူးကြမှာပါ။ တစ်ချို့ဆို သူ့ဘာသာ ပြန်ပျောက်သွားပေမယ့် တစ်ချို့ကျ သေချာစမ်းသပ်စစ်ဆေးပြီး ဆေးကုသဖို့လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့် မျက်လုံးနီရဲတာတွေ ဖြစ်ရတာလဲ ။

မျက်လုံးနီတယ်ဆိုတာ ဘာကိုပြောတာလဲ ။။

မျက်သားဖြူမှာ ပွတ်လိုက်တာဖြစ်ဖြစ်၊ သွေးတွေထွက်လာတာဖြစ်ဖြစ် နီရဲလာတာကို မျက်လုံးနီတယ်လို့ ပြောကြပါတယ်။ မျက်လုံးတစ်ခုလုံး နီနေတာလည်း ဖြစ်နိုင်သလို မျက်လုံးတစ်နေရာတည်း ကွက်ပြီး နီနေတာလည်းဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး တစ်ခါတစ်လေ နီရဲနေသလို တစ်ခါတစ်ခါ ပန်းရောင်သန်းတာလောက်ပဲ ဖြစ်တတ်ပါတယ်။

မျက်လုံးနီတာနဲ့အတူ လာတတ်တဲ့ အခြားလက္ခဏာတွေကတော့

မျက်လုံးနီတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။

မျက်သားဖြူနဲ့ မျက်ကြည်လွှာကြားရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတာကနေ သွေးရောက်တာများသွားပြီး မျက်လုံးနီတာ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကြောင့် နဲ့ အခြား မျက်လုံးပြဿနာတွေကြောင့် အရင်မသိသာတဲ့ မျက်လုံးသွေးကြောလေးတွေ ဖောင်းလာရတာပါ။ ကဲ ဘယ်လိုအကြောင်းအရာ တွေကြောင့်လဲဆိုတော့

  • ဓါတ်မတည့်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတာ
  • မျက်လုံးကို အားစိုက်လွန်းလို့ မျက်လုံးက ပင်ပန်းနေတာ
  • မျက်ကပ်မှန်တွေအရမ်းတပ် လွန်းအားကြီးလို့ဖြစ်တာ
  • မျက်လုံးပိုးဝင်ပြီး မျက်ကြည်လွှာရောင်တာ နဲ့
  • မျက်လုံး ရေတိမ်စွဲတာတို့ကြောင့် မျက်လုံးနီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။

မျက်သားမှာ ဖြစ်တာမျိုး မဟုတ်ဘဲ မျက်လုံးက သွေးကြောတွေထောင်လာပြီး မျက်လုံးနီလာရတဲ့ ပြဿနာလည်းရှိပါသေးတယ်။ ဒါကို ဆေးပညာမှာဆို bloodshot eyes လို့ခေါ်ပါတယ်။ bloodshot eyes ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။

ပတ်ဝန်းကျင်ကြောင့်

  • လေထဲကနေပါလာတဲ့ ဓါတ်မတည့်တဲ့ အမှုန်တွေ
  • လေထုညစ်ညမ်းမှုတွေ
  • မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေ
  • ရေကူးကန်ထဲက ကလိုရင်းတွေ ကြောင့်နဲ့
  • နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်တွေ မျက်လုံးနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါမှာ မျက်လုံးနီရဲလာတတ်ပါတယ်။

ပုံမှန် ဖြစ်နေကျ မျက်လုံးပြဿနာတွေဖြစ်တဲ့

  • မျက်လုံးခြောက်တာ
  • မျက်ကြည်လွှာရောင်တာ
  • မျက်ကပ်မှန်ကနေတစ်ဆင့် မျက်လုံးပိုးဝင်တာ
  • ကွန်ပျူတာ၊ ဖုန်းအသုံးများပြီး မျက်လုံးအောင့်တာ၊
  • အိပ်ရေးမဝလို့ မျက်လုံးပင်ပန်းတာစတာတွေကြောင့်လည်း မျက်လုံးနီရဲတာမျိုး ဖြစ်တတ်ပါသေးတယ်။

ပြင်းထန်တဲ့ အခြားမျက်လုံးပြဿနာတွေကလည်း မျက်လုံးနီရဲရခြင်းကို ဖြစ်စေတတ်ပါသေးတယ်။

  • မျက်လုံးပိုးဝင်ခြင်း
  • မျက်လုံးတွင်း ထိခိုက်ဒဏ်ရာရခြင်း
  • လောလောလတ်လတ် မျက်လုံးခွဲစိတ်မှုတွေလုပ်ထားခြင်း
  • မျက်သားရောင်ြခင်း
  • မျက်ကြည်လွှာအနာဖြစ်ခြင်းနဲ့
  • ရေတိမ်ြဖစ်တာ စတာတွေက မျက်လုံးနီရဲရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ၊

မျက်လုံးနီတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။

ပုံမှန်ဖြစ်တတ်တာမျိုးဖြစ်ပြီး ခဏလေးနဲ့ ပြန်ပျောက်သွားမယ့် မျက်လုံးနီတာမျိုးဆို ဆေးခန်းချက်ချင်း သွားစရာမလိုပေမယ့် မျက်လုံးနီတာ ကြာနေပြီ၊ နီတာနဲအတူ မျက်ရည်ပူတွေကျတာ၊ မျက်လုံးအောင့်တာ၊ မျက်လုံးယားတာနဲ့ အမြင်အာရုံ မကြည်လင်တာမျိုးတွေပါ ပါလာရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြပြီး အကြောင်းအရင်းကိုရှာ ကုသရမှာ ဖြစ်ပါတယ်။ ဘေးလူတွေရဲ့ စကားနဲ့ ဟိုမျက်စဉ်းကောင်းတယ် ဒီမျက်စဉ်းဆေးလေး ကောင်းတယ်ဆိုပြီးတော့ လျှောက်မထည့်လိုက်ပါနဲ့။ ကိုယ့်ဖြစ်နေတဲ့ ပြဿနာနဲ့ မကိုက်ဘဲ ပိုဆိုးသွားတတ်လို့ပါ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက ဆေးခြောက်ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

စမတ်ဖုန်း ကျန်းမာရေး ဂိမ်းဆော့ တံတောင်ဆစ် ညနက် လူငယ် မျက်လုံး အမြင်အာရုံ ဇက်ကြော အရိုးအဆစ် မျက်လုံးခြောက် အလင်းတန်း မျက်စဉ်း ရေခဲဝတ် ညောင်းကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

မျက်လုံးရဲ ရေချိုးပြီး မျက်လုံးခြောက် နေရောင်ထိတွေ့ခြင်း ဖုန်ဝင် ဓာတ်မတည့် ရေကူးကန် ခေါင်းလျှော်ရည် မျက်လုံးပွတ်သပ် မျက်ရည်ပူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read