home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

လည်ချောင်းနာတာက ခံရရခက်တဲ့ဝေဒနာပါ။ လည်ချောင်းနာတဲ့အခါ စားရသောက်ရခက်ခဲသလို တံထွေးမျိုချနိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ရတဲ့အပြင် စကားပြောရခက်ခဲတာ၊ အစားအစာတွေစားချင်ပေမယ့် မျိုချရခက်နေတာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ လည်ချောင်းထဲက ပူသလိုလိုဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာနေချိန်မှာတင်ဝေဒနာကိုခံစားရတာမဟုတ်ပါဘူး။ လည်ချောင်းနာသက်သာလာတဲ့အချိန်မှာလည်း လူကြားထဲရောက်တဲ့အခါ လည်ပင်းထဲက ယားသလိုလို လူကြားထဲရောက်နေချိန်မှာချောင်းဆိုးချင်သလိုလိုလည်ချောင်းထဲကဖြစ်လာတာမျိုးတွေကြုံရနိုင်ပါတယ်။

ဒီဝေဒနာတွေကိုသက်သာစေဖို့ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ။ ငုံဆေးပြားလား၊ ခံတွင်းသန့်ဆေးရည်လား။ စာဖတ်ပရိသတ်ကြီးအနေနဲ့ ဘယ်အရာကပိုကောင်းမယ်ထင်ပါသလဲ။ ဆက်သွားကြည့်ရအောင်လား။

ခံတွင်းသန့်ဆေးရည်လား၊ ငုံဆေးပြားလား

အတိုချုပ်ဆိုရရင်တော့ ကျွန်မက ခံတွင်းသန့်ဆေးရည်ကိုညွှန်းပါရစေ။ ခံတွင်းသန့်ဆေးရည်က လည်ချောင်းနာဝေဒနာကိုသက်သာစေနိုင်တဲ့အပြင်ဝေဒနာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ အအေးမိတုပ်ကွေးဖြစ်စေနိုင်တဲ့ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့်ခေတ္တသက်သာတာမျိုးမဟုတ်ဘဲရောဂါကို အပြည့်အဝပျောက်ကင်းသက်သာချင်သူတွေအနေနဲ့ကတော့ ခံတွင်းသန့်ဆေးရည်ကိုသုံးပြီး လည်ချောင်းနာဝေဒနာကို သက်သာပျောက်ကင်းအောင်လုပ်ဆောင်သင့်တယ်လို့ပြောပါရစေ။

လည်ချောင်းနာဝေဒနာအကြောင်း တစေ့တစောင်း

လည်ချောင်းနာတဲ့အကြောင်းကနေစလိုက်ကြရအောင်ပါ။ လည်ချောင်းနာတာကို အပူတွေများနေလို့ဖြစ်မယ်၊ အပူအစပ်တွေစားလွန်းတာကြောင့်ဖြစ်မယ်လို့ပြောတာမျိုးကြားဖူးမှာပေါ့။ တကယ်တော့လည်ချောင်းနာတာကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ဗိုင်းရပ်စ်ပါ။

လည်ချောင်းနာဝေဒနာဖြစ်တဲ့အခါ လည်ချောင်းထဲက နာလာမယ်၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကရောဂါအစပျိုးချိန်မှာပါ။ အဲ့ဒီအချိန်ထိတော့ အစားအစာတွေမျိုချလို့ရနေဦးမှာပါ။ အစားအစာတွေက ကြမ်းကြမ်းတမ်းတမ်းဖြစ်မှ တစ်ချက်တစ်ချက်တော်တော်လေးနာမှာပါ။ အရည်လောက်ကိုတော့ရှောရှောရှုရှုဝင်နေဦးမှာပါ။ တံထွေးမျိုချလို့လည်းမခက်သေးဘူးလေ။နောက်တစ်ရက်ရောဂါအခြေအနေပိုဆိုးလာချိန်မှာတော့ တံထွေးမျိုချဖို့တောင်တော်တော်လေးခက်နေပါပြီ။

လည်ချောင်းနာတာက အိမ်တွင်းကုထုံးလေးတွေနဲ့ကုသရင်တောင်မှပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။

ငုံဆေးပြား။

ငုံဆေးပြားရွေးမယ်ဆိုရင် ပူရှိန်းရှိန်းလေးဖြစ်စေတဲ့ ပရုတ်အနည်းငယ်ပါတာမျိုးကိုရွေးချယ်ဖို့ပါမယ်။ လူကြားထဲသွားတဲ့အခါလည်ချောင်းထဲကယားကျိကျိဖြစ်လာတာ၊ အစည်းအဝေးခန်းထဲလိုနေရာမျိုး ၊ presentation လုပ်တဲ့အခါမျိုးမှာ လည်ချောင်းထဲက ယားကျိကျိဖြစ်တာမျိုးကို သက်သာစေဖို့ဆိုရင်တော့ ငုံဆေးပြားက အဆင်ပြေပါတယ်။ ငုံဆေးရဲ့ အာနိသင်က လည်ချောင်းအတွင်းပိုင်းမှာရှိတဲ့ရောင်ရမ်းနေတဲ့တစ်ရှုးတွေကို ခံစားနိုင်စွမ်းလျော့သွားအောင်လုပ်ပေးတာကြောင့် လည်ချောင်းနာတာကိုယာယီတော့ သက်သာစေနိုင်ပါတယ်။ ငုံဆေးပြားက တံထွေးထွက်လာအောင်လုပ်ပေးတာကြောင့် လည်ချောင်းထဲမှာရှောရှောရှုရှုဖြစ်စေနိုင်စွမ်းရှိပါတယ်။

ငုံဆေးပြားသုံးပြီးတဲ့အခါတိုင်းရေပြည့်ပြည့်ဝဝသောက်ဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ငုံဆေးပြားမှာ အပေါ်ကပြောခဲ့သလို လူကြားထဲမှာ အလွယ်တကူအသုံးပြုလို့ရပေမယ့် အားနည်းချက်အနေနဲ့ကတော့ မတော်တဆသီးတာ၊ နင်တာမျိုးဖြစ်စေနိုင်တာပါ။ ငုံဆေးပြားက ကလေးငယ်လေးတွေအတွက်လည်း သင့်တော်မှုမရှိပါဘူး။နောက်တစ်ချက်က လည်ချောင်းနာတာကို အပြီးသတ် သက်သာစေတာမဟုတ်ဘဲ ယာယီပဲသက်သာစေတာပါ။

ခံတွင်းသန့်ဆေးရည်။

ခံတွင်းသန့်ဆေးက လည်ချောင်းနာတာကိုတင် သက်သာပျောက်ကင်းစေတာမဟုတ်ဘဲ ခံတွင်းကျန်းမာရေးအတွက်လည်းတော်တော်လေးအသုံးတည့်ပါတယ်။ ခံတွင်းသန့်ဆေးနဲ့ပလုပ်ကျင်းတဲ့အခါ ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ သွားနဲ့သွားဖုံးကို ထိခိုက်စေနိုင်တဲ့အရာတွေနဲ့ အအေးမိဖျားနာနဲ့တုပ်ကွေးဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကိုပါ သေစေနိုင်တဲ့အာနိသင်ရှိနေပါတယ်။ လည်ချောင်းနာတာကို သက်သာရုံတင်မဟုတ်ဘဲ ပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အပြီးတိုင်ပျောက်ကင်းဖို့ပါစိတ်ချရပါတယ်ဆိုမှတော့ ခံတွင်းသန့်ဆေးရည်သုံးတာက တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့နော်။

လည်ချောင်းနာတယ်ဆိုတာက အများအားဖြင့် ဖြစ်တာက ဗိုင်းရပ်စ်ကြောင့်ပါ။ လည်ခေျာင်းနာတာနဲ့အတူ တွဲပါလာတတ်တာကတော့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေဖြစ်ပါတယ်။ ကိုယ်ခံအားကျဆင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် ပိုမိုကြီးမားတဲ့ ရောဂါပိုးတွေဝင်ရောက်လာဖို့လည်းလမ်းဖွင့်ပေးသလိုဖြစ်သွားပြီး အဖျားတာရှည်တာနဲ့ ရောဂါဝေဒနာပိုဆိုးတာတွေဖြစ်နိုင်ပါတယ်။ Betadine ကနေထုတ်ထားတဲ့Throat and Oral Care ခံတွင်းသန့်ဆေးရည်ကဆိုရင် စက္ကန့် ၃၀ ကြာပလုပ်ကျင်းပေးရုံနဲ့ လည်ချောင်းထဲက အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို သေစေနိုင်မှာဖြစ်ပါတယ်။ လည်ချောင်းနာတာကိုအပေါ်ယံလောက်ပဲ သက်သာစေရုံတင်မကဘဲ ပိုးမွှားတွေကိုပါ တိုက်ဖျက်ပေးနိုင်တဲ့အတွက် အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းလင်းပြီးဖြစ်သလို နောက်ဆက်တွဲဝင်လာမယ့် ရောဂါပိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် လည်ချောင်းနာဝေဒနာကို အပြီးတိုင်သက်သာချင်သူတွေအနေနဲ့ကတော့ ခံတွင်းသန့်ဆေးက အကောင်းဆုံးလို့ပြောပါရစေ။

လည်ချောင်းနာတာကြောင့်နေ့စဉ်လှုပ်ရှားမှုဘဝမှာ အနှောင့်အယှက်မဖြစ်စေဖို့အတွက်ဆိုရင်တော့ လည်ချောင်းနာတာကိုသိတာနဲ့ ခံတွင်းသန့်ဆေးနဲ့ ပလုပ်ကျင်းလိုက်ပါ၊လို့ပြောပါရစေ။ ခံတွင်းသန့်ဆေးရည်က လည်ချောင်းနာတာကို သက်သာစေမယ့်အပြင်နောက်ဆက်တွဲဖြစ်လာမယ့် အဖျားရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။