ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 2, 2020 . 2 mins read
Share now

ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ကိုရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ်ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်ခေါင်းကိုက်မယ်၊ နေရထိုင်ရမအီမသာဖြစ်တာတွေပေါ့။

နှာခေါင်းပိတ်တာနဲ့ခေါင်းကိုက်တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလိုဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။တော်တော်များများလည်း သုံးကြတယ်လေ။ ရှူဆေးလေးထုတ်ရှူလိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှူလိုက်တာမျိုးပါ။ ဒီလိုရှူလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တကယ်ရောကောင်းရဲ့လားလို့တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊ မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။

နှာခေါင်းပိတ်ခြင်းနဲ့ ရှူဆေးရှူခြင်း

နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှူရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှူရခက်မယ်၊နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်းနံရံထဲမှာရှိတဲ့သွေးကြောလေးတွေ ရောင်ရမ်းလာတာ ကြောင့်ပါ။ ဒီလိုမျိုးရောင်ရမ်းလာတဲ့အခါ ချွဲတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်တော့ နှာခေါင်းတွင်းမှာ ပိတ်ဆို့ပြီး အသက်ရှူရက်ခတော့တာပေါ့။ နှာခေါင်းပိတ်တဲ့အခါ အသက်ရှူရခက်တာအပြင် ပါးတွေ၊ နဖူး နဲ့ မျက်လုံးနှစ်ခုကြားမှာရောင်ရမ်းနာကျင်မှုကိုပါခံစားရနိုင်ပါတယ်။ နှာခေါင်းထဲမှာ ချွဲတွေပိုများလာလေလေ၊ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ခြေပိုများလေလေပါ။ ဒီလိုဖြစ်မှုကရောဂါတွေကူးစက်ခံရနိုင်ခြေကိုပိုများသွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို ချွဲတွေ အစိမ်းရောင်၊ ဒါမှမဟုတ် အဝါရောင်ဖြစ်နေတာတွေကနေတဆင့် သိရှိနိုင်ပါတယ်။

ဒီလိုဖြစ်တဲ့အခါဆေးခန်းသွားတာမျိုး၊ဆေးသောက်တာမျိုးမလုပ်ခင် အလွယ်တကူဝယ်လို့ရတဲ့ ရှူဆေးကိုရှူလိုက်ကြတာပါပဲ။ အချို့ဆိုအိတ်ထဲမှာတောင် အလွယ်တကူဆောင်ထားတတ်ကြပါသေးတယ်။ ရှူဆေးရှူလိုက်တဲ့အခါ ချက်ချင်း နှာခေါင်းပွင့်သွားပြီး အသက်ရှူရချောင်သွားပေမယ့် ဒီသက်သာမှုက ကာလတိုပါပဲ။ ဒီလိုအသက်ရှူရချောင်သွားတာကလည်း ရှူဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေကြာင့် ရောင်နေတဲ့ သွေးကြောလေးတွေ ကျုံ့သွားတာကြောင့်ပါ။ နောက်ပိုင်းမှာတော့ ရှူဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် နှာခေါင်းပိတ်တာက ပိုဆိုးလာတာမျိုးတောင်ရှိတတ်ပါတယ်။

ရှူဆေးရှူတိုင်းကောင်းရဲ့လား

နှာခေါင်းပိတ်တဲ့အခါ၊ခေါင်းကိုက်တဲ့အခါ အလွယ်တကူရှူတတ်တဲ့ ရှူဆေးက အချိန်တိုအတွင်းမှာ သက်သာသွားစေတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပေါ့ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ရှူဆေးရှူတဲ့အခါ ပါဝင်ပစ္စည်းတွေကြောင့် တစ်ခါတလေမှာအခုလိုမျိုး ဆိုးကျိုးတွေကိုတွေ့ရနိုင်ပါတယ်။

ဒါကြောင့်နှာခေါင်းပိတ်တဲ့အခါ ရှူဆေးမရှူခင်ရေနွေးငွေ့ခံတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကဘေးကင်းကင်းနဲ့ နှာခေါင်းပိတ်တာကို သက်သာစေတဲ့နည်းလမ်းတစ်ခုပါ။နောက်တစ်ချက်ကတော်ရုံလေးစိတ်ရှုပ်တာကြောင့်ဖြစ်လာတဲ့အခြေအနေလေးတစ်ခုကို ရှူဆေးအနံ့ပြင်းပြင်းတွေရှူတာမျိုးမလုပ်ပါနဲ့။ သင့်အနေနဲ့ ရှူဆေးရှူရတာကို နှစ်သက်တယ်ဆိုခဲ့ရင်လည်း သဘာဝအဆီတွေဖြစ်ကြတဲ့ စပါးလင်အဆီလိုမျိုး ဓာတုဆေးမပါတာမျိုးကိုရှူပေးပါ။ ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ကိုယ်တိုင်ပါ။ ကဲ ရှူဆေးက ရှူတိုင်းကောင်းလား၊ မကောင်းဘူးလား ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်…….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

New Year’s goals လို့ခေါ်တဲ့ နှစ်သစ်ကူးရည်မှန်းချက်ဆိုတာမျိုးက ပျက်ယွင်းလွယ်တဲ့ ရည်မှန်းချက်မျိုးပါ။ ပျက်ယွင်းအလွယ်ဆုံးလို့တောင် ဆိုလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read