backup og meta

အဆိပ့်သင့်စေနိုင်တဲ့ အရာတွေကို မှားသောက်မိ၊ အသားနဲ့ထိမိကုန်ပြီလား။

အဆိပ့်သင့်စေနိုင်တဲ့ အရာတွေကို မှားသောက်မိ၊ အသားနဲ့ထိမိကုန်ပြီလား။

လူတစ်ယောက်အနေနှဲ့ သူရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ရှိ အရာတွေက အသုံးဝင်တဲ့ ပစ္စည်းဖြစ်နိုင်သလို အခန့်မသင့်ရင် ဒုက္ခပေးတတ်တဲ့ ပစ္စည်းတွေလည်းဖြစ်သွားနိုင်ပါတယ်။ အက်ဆစ်၊ ပိုးသတ်ဆေး၊ ခေါင်းလျှော်ရည် တွေလိုပေါ့။ ပုံမှန်ဆို လူတွေအတွက် အကျိုးပြုနေတဲ့ အရာတွေဖြစ်ပေမယ့် အခန့်မသင့်ရင် ဘေးဖြစ်စေတယ်တယ်လေ။ အရင်ကတည်းက လူတွေ အတွက် ထုတ်ထားတာ မဟုတ်တော့ တိုက်ရိုက်ထိတွေ့ရတယ်လည်းဆိုရော အဆိပ်ဖြစ်သွားပြီး ဒုက္ခပေးပါလေရော။ ဘယ်သူမှ တော့ မဖြစ်ချင်ပေမယ့် ဖြစ်လာခဲ့ရင်လည်း ပိုဆိုးမသွားအောင် လုပ်သင့်တဲ့ နည်းတွေ၊ မထိသင့်တာတွေ ထိမိရင် ( ဒါမှမဟုတ်) မသောက်သင့်တာတွေ သောက်မိရင် ရှေးဦးသူနာပြုနည်း အနေနဲ့ ဖြစ်ဖြစ်ချင်း ဘာတွေလုပ်သင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

ဘာတွေက အများဆုံး အဆိပ်ဖြစ်စေတတ်သလဲ။ ။

နာမည်ကြီးတွေကတော့ –

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးကို မှားသောက်မိတာ

ကြွက်သတ်ဆေး တွေကိုသောက်မိတာ

အက်ဆစ် အရေပြားေပါ်ကို ထိမိတာ၊ အရေပြားကိုလောင်သွားစေတာ။

ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ စတာတွေကို မျိုချမိတာ၊ သောက်မိတာ၊ ရှူမိတာ ၊ မျက်လုံးထဲဝင်တာ၊ အရေပြားနဲ့ထိမိတာတွေပဲဖြစ်ပါတယ်။ လူတွေအတွက် ဘေးဖြစ်စေတတ်တာတွေဖြစ်လို့ အတတ်နိုင်ဆုံး ပိုဆိုးမသွားအောင် ကာကွယ်ဖို့အတွက် အခုပြောပြထားတဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။

အဆိပ်တွေကို သောက်မိတဲ့ အခါ။ ။ (အက်ဆစ်။ အရက်ပြန်၊ ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး)

လောင်တတ်တဲ့ ပိုးသတ်ဆေး၊ အက်ဆစ်၊ အရက်ပြန်တွေကို မှားသောက်မိ၊ မျိုချမိတဲ့ အခါ လူနာက သတိလည်းရှိသေးတယ်ဆိုရင် ချက်ချင်း ပလုတ်အမြန်ကျင်းခိုင်းပါ။ ဒါမှ ကျန်ခဲ့တဲ့ အဆိပ်တွေ ထွက်သွားမှာပဲဖြစ်ပါတယ်။ ရေလည်းသောက်နိုင်သေးတယ်ဆိုရင်ရေ (ဒါမှမဟုတ်) နို့သောက်ခိုင်းပါ။ ဖြစ်ဖြစ်ချင်းရေသောက်လိုက်တာကြောင့် ရေနဲ့ အဆိပ်တွေ ရောသွားပြီး အဆိပ်ရဲ့ ပြင်းအားလျော့သွားမှာပဲဖြစ်ပါတယ်။ သောက်လိုက်မိတာက ပိုးသတ်ဆေးတွေ၊ အက်ဆစ် တွေဖြစ်မယ်ဆိုရင် ဘူးနောက်ကျောမှာ မှားသောက်မိလို့ အဆိပ်မိသွားရင် ဘာတွေ လုပ်သင့်သလဲဆိုတာ ညွှန်ကြားထားတဲ့အချက်တွေရှိမရှိတစ်ချက်ကြည့်ပါ။ ရှိခဲ့ရင် ဘူးနောက်ကျောမှာ ညွှန်ကြားထားတဲ့ အတိုင်း လုပ်ပါ။ ဒါတွေက လူနာတင်ယာဉ်ကား စောင့်နေစဉ်၊ လုပ်သင့်တဲ့ အရေးပေါ် ပြုစုနည်းတွေပဲဖြစ်ပါတယ်။

မတော်တဆ မျက်လုံးထဲ ဝင်သွားသောအခါ။ ။( အက်ဆစ်၊ ပိုးသတ်ဆေး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်)

မျက်လုံးဆိုတာ များသောအားဖြင့် အကာအကွယ်မရှိဘဲ ပွင့်နေရတဲ့ ကိုယ်ခန္ဓါက အရေးကြီးဆုံးအစိတ်အပိုင်း တစ်ခုဖြစ်လို့ မျက်လုံးထဲ တစ်ခုခုဝင်သွားပြီဆို မပေါဆသင့်ပါ။ ပိုးသတ်ဆေးတွေ ၊ အက်ဆစ်တွေ၊ ဆပ်ပြာရည်တွေ ၊ ခေါင်းလျှော်ရည်တွေ မျက်လုံးထဲ ဝင်သွားရင် အမြန်ဆုံးရေနဲ့ မျက်လုံးကိုဆေးသင့်ပါတယ်။ ရေကို အပေါ်ကနေ လောင်းပြီး မျက်လုံးထဲကို ရေဖြတ်သွားတဲ့ ပုံစံမျိုးနဲ့လောင်းချပါ။ ၁၅ မိနစ် မှ မိနစ် ၂၀ ခန့် ရေဆေးပါ။ မျက်လုံးကို လက်နဲ့ တအားပွတ်တာမျိုးမလုပ်ပါနဲ့။ အဆိပ်တွေ မျက်လုံးထဲပိုပျံ့ သွားပြီး မျက်ကြည်လွှာကို လောင်သွားတတ်လို့ပါ။ ပြီးတာနဲ့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို အမြန်ဆုံးသွားပါ။

အသားနဲ့ ထိမိတဲ့အခါ။ ။ ( အက်ဆစ်၊ ပိုးသတ်ဆေး၊ အခြားသော ဓါတုပစ္စည်းများ)

အဆိပ်ထိသွားတဲ့ အရေပြားနေရာကို အမြန်ဆုံး ရေနဲ့ဆေးချပါ။ ၁၅ မိနစ်မှ ၂၀ မိနစ်လောက်အထိကြာကြာဆေးပါ။ ကပ်ကျန်နေတဲ့ ဓါတုပစ္စည်းတွေကို သန့်စင်ပေးဖို့ ဆပ်ပြာပျော့ပျော့ သုံးပြီးဆေးပါ။ အဝတ်မှာပါ ပေနေရင် အဝတ်အစားတွေ ချက်ချင်းချွတ်ပစ်ပါ။ လောင်သွားလို့ အနာဖြစ်သွားတဲ့ နေရာတွေကို ပိုးမဝင်အောင် အနာကပ်ပလာစတာကပ်တာ၊ အနာကြီးရငိ ပတ်တီးလေး အပေါ်က အုပ်သွားတာမျိုး လုပ်ပြီးမှ ဆေးရုံကိုသွားပါ။ လေထဲမှာ ဖုန်တွေပိုးမွှားတွေ အများကြီးရှိနေနိုင်လို့ပါ။

တစ်ချို့ အဆိပ်ငွေ့တွေ ရှူမိတဲ့ အခါ။ ။( မီးခိုးမွှန်ခြင်း)

မီးခိုးမွှန်နေတဲ့ နေရာ၊ အဆိပ်ငွေ့တွေ ပျံ့နေတဲ့ နေရာကနေ ချက်ချင်းရွှေ့ပါ။ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းပါ။ ပိတ်မိနေရင်လည်း နှာခေါင်းကို အဝတ်တစ်ခုခု အုပ်ထားပြီးမှ အသက်ရှူပါ။ အတတ်နိုင်ဆုံး လေဝင်လေထွက်ရှိနိုင်မည့်နေရာနား ကပ်နေပါ။ အပြင်ရောက်ရောက်ချင်း ဆေးကုသမှုကို သေချာခံယူပါ။ ။

အခြားလုပ်ဆောင်ရမည့် အချက်များ။ ။

လူနာက အန်နေလျှင် အန်ဖတ်စို့ပြီး အသက်ရှူလမ်းကြောင်း မပိတ်အောင် ခေါင်းကို ဘေးသို့စောင်းထားပေးပါ။

လူနာတင်ယာဉ် မလာခင်( သို့မဟုတ်) ဆေးရုံမရောက်ခင် အချိန်မှာ လူနာက အသက်မရှူဘူး၊ လှုပ်ရှားတာလည်း မရှိတော့ဘူးဆိုရင် အရေးပေါ် ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်ခြင်း( CPR ) ကို အမြန်ဆုံးလုပ်ထားပေးပါ။

ဆေးရုံကိုသွားရင်လည်း လူနာသောက်မိခဲ့တဲ့ အက်ဆစ်ဘူးခွံတွေ၊ ဆေးလုံးတွေ၊ အရက်ပြန်တံဆိပ်တွေ၊ ပိုးသတ်ဆေးဘူးခွံတွေကိုပါ တစ်ပါတည်းယူသွားဖို့ မမေ့ပါနဲ့။

ဒါတွေကတော့ ဓါတုပစ္စည်းတစ်ခုခုနဲ့ ထိမိရင် လူနာတင်ယာဉ်ကားမလာခင်၊ ဆေးရုံမရောက်ခင်စပ်ကြားမှာ လုပ်သင့်တဲ့ လူတိုင်း သိသင့်တဲ့ ရှေးဦးသူနာပြုနည်း တွေပဲဖြစ်ပါတယ်။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးတွေဖြစ်တတ်တာ အများဆုံးဖြစ်လို့ အက်ဆစ်ဘူးတွေကို အိမ်မှာသိမ်းရင် ကလေးတွေနဲ့မမှီတဲ့နေရာ၊ ဝေးတဲ့နေရာမှာ သိမ်းပါ။ တောင်သူဦးကြီးများ အနေနဲ့ ပိုးသတ်ဆေးဖြန်းရင်လည်း အရေပြားနဲ့မထိအောင် သေချာလုံလုံခြုံခြုံဝတ်ပြီးမှ လယ်တောထဲသို့ဆင်းပါ။ ပိုးသတ်ဆေးဘူးတွေကိုလည်း သေချာသိမ်းဆည်းပါ။ ခေါင်းလျှော်ရင်လည်း မျက်လုံးထဲကို ခေါင်းလျှော်ရည် မဝင်အောင် ဂရုစိုက်ပါ။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ မတော်တဆ ဖြစ်ခဲ့ရင်လည်း အသက်နဲ့လဲထားရသော အချိန်လောက် ဘယ်အရာမှ တန်ဖိုးမရှိတဲ့ အတွက် အချိန်မဆွဲပါနှင့်။

ရေးသားသူ-  Dr Thin Yadanar@ Frances

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poisoning: First aid https://www.mayoclinic.org/first-aid/first-aid-poisoning/basics/art-20056657  Accessed date 6.aug.2018

Poisoning https://www.nhs.uk/conditions/poisoning/ Accessed date 6.aug.2018

Chemical burn: First aid https://www.mayoclinic.org/first-aid/first-aid-chemical-burns/basics/art-20056667#:~:text=First%20aid%20for%20chemical%20burns&text=Remove%20contaminated%20clothing%20or%20jewelry,burn%20with%20a%20clean%20bandage. Accessed date 6.aug.2018

Chemical Eye Burns https://www.emedicinehealth.com/chemical_eye_burns/article_em.htm Accessed date 6.aug.2018

What to know about smoke inhalation https://www.medicalnewstoday.com/articles/smoke-inhalation Accessed date 6.aug.2018

 

ယခုပုံစံ

19/09/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ရင် ဂရုစိုက်ရမယ့်အချက်များ

ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုး အန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement