backup og meta

ခရီးအပြန် နေမကောင်းဖြစ်ခြင်း

ခရီးအပြန် နေမကောင်းဖြစ်ခြင်း

ခရီးသွားခြင်းက အကောင်းဆုံး အတွေ့အကြုံတွေနဲ့ အမှတ်တရတွေ အမြဲ ဖန်တီးပေးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ သတိရစရာတွေထက် ပိုတဲ့ အမှတ်တရ အိမ်ပြန်လက်ဆောင် တွေပါလာတတ်ပါတယ်။ ၎င်းကတော့ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။ ခရီးထွက်အပြီး ရလာတဲ့ ဖျားနာမှုတွေဟာ သာမာန် အအေးမိ၊ အစာအိမ်အောင့်တာလောက်ပဲ ဖြစ်ပြီး သိပ်မပြင်းထန်တဲ့

အတွက် စိုးရိမ်ပူပန်စရာ မလိုပါဘူး။ ဒါပေမယ့် တချို့သော ရောဂါ လက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားတွေ့ဖို့ လိုအပ်လာပါပြီ။

ရောဂါ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်၊ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို အောက်တွင် ဆက်လက်ဖော်ပြထားပါတယ်။

ဖျားခြင်း

ငှက်ဖျား အဖြစ်များတဲ့နိုင်ငံ တစ်ခုကိုသွားပြီး ပြန်ရောက်လို့ တစ်လအတွင်းမှာ ဖျားပြီဆိုရင်တော့ ချက်ချင်း ဆေးကုသခံယူဖို့ ဆရာဝန်ဆီ သွားသင့်ပါပြီ။

အဖျား အများစုဟာ စစချင်းမှာ သိပ်မပြင်းထန်ပေမယ့် ငှက်ဖျားကတော့ မတူပါဘူး။ ငှက်ဖျားဆေး သောက်ပေမယ့် အဖျားက ပြင်းထန်နေနိုင်ပါသေးတယ်။ ငှက်ဖျားအများစုမှာ ရောဂါပိုးစဝင်ပြီး တစ်လ(ရက် ၃၀) အတွင်းမှာ စဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ရှားပါးတဲ့ အခြေနေတွေမှာတော့ တစ်နှစ်(သို့) တစ်နှစ်ထက်ပိုပြီးကြာတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်သွားပြပြီဆိုရင်လည်း လပေါင်းများစွာကြာခဲ့ပြီးတဲ့ ခရီးဆိုရင်တောင် ခရီးသွားခဲ့တဲ့အကြောင်းဆရာဝန်ကို ပြောပြဖို့က အရေးကြီးပါတယ်။

ဝမ်းလျှောခြင်း

ရက်အနည်းငယ်အကြာ(သို့) နှစ်ပတ်ထက်ပိုပြီး ဝမ်းလျှောခဲ့မယ်ဆိုရင် ဆရာဝန်နဲ့တွေ့သင့်ပါတယ်။ ဝမ်းကြာရှည်သွားနေခြင်းက အာဟာရတွေကုန်ခမ်းစေနိုင်ပြီး၊ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုတွေဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ ကုသမှုလိုအပ်တဲ့ ကပ်ပါးပိုး ဝင်တာတွေအထိဖြစ်နိုင်ပါတယ်။

အရေပြား ပြဿနာများ

အခြားနိုင်ငံတွေကို ခရီးထွက်ခဲ့တယ်ဆိုရင် အင်ပြင်ထခြင်း၊အနီကွက်တွေဖြစ်ခြင်း၊ မှိုစွဲခြင်း၊ အနာဆိုးဖြစ်ခြင်း၊ပိုးကောင်အကိုက်ခံရခြင်း အစရှိတဲ့ အရေပြားနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်တာတွေက မပြင်းထန်ပေမယ့် အဖျားနဲ့ပါတွဲ ဖြစ်မယ်ဆိုရင်တော့ ရောဂါပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဆရာဝန်နှင့် တွေ့ဆုံခြင်း

အခြားနိုင်ငံမှ ပြန်ရောက်တယ်ဆိုတဲ့ အကြောင်း၊ ခရီးအကြောင်း ကိုတတ်နိုင်သမျှ ဆရာဝန်ကိုအသေးစိတ် ပြောပြဖို့က အရေးကြီးပါတယ်။

  • ဘာတွေလုပ်ခဲ့တယ်။
  • ဘယ်နှရက်နေခဲ့တယ်။
  • ဘယ်လိုနေရာမျိုးမှာ နေထိုင်ခဲ့တယ်။
  • ဘယ်လို အစားအစာတွေ စားခဲ့၊ သောက်ခဲ့တယ်။
  • ပိုးကောင်အကိုက်ခံ ခဲ့ရခြင်း ရှိ/မရှိ။
  • ဘာတွေထိတွေ့ခဲ့တယ်( လိင်ဆက်ဆံခြင်း၊ တက်တူးထိုးခဲ့ခြင်း၊) စသည်တို့ကို အသေးစိတ်ပြောပြ သင့်ပါတယ်။

ခရီးသွားနေစဉ် တစ်လျောက်လုံး ကျန်းမာအောင်နေပါ။

ခရီးသွားပြီးနောက် ရတတ်တဲ့ ဖျားနာမှုတွေကို လျှော့ချဖို့အတွက် အဲဒီလိုဖျားနာမှုတွေကို ဖြစ်စေတဲ့၊ (သို့) ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို ကြိုတင်ကာကွယ်ထား တာပိုကောင်းပါတယ်။ ကြိုတင်ကာကွယ်ထားခြင်းက ကုသခြင်းထက်ပိုမို ကောင်းမွန်ပြီး ထိရောက်ပါတယ်။

လက်ဆေးပါ။

လက်ကိုသန့်ရှင်းအောင်ထားတာက ရောဂါပိုးမဝင်အောင် ထိန်းချုပ်ဖို့ အဓိကကျပြီး ဝမ်းလျှော၊ ပျို့အန်၊ အစာအဆိပ်သင့်၊ အသည်းရောင်အသားဝါ အေပိုးဝင်ခြင်း စတာတွေဖြစ်နိုင်တဲ့ နှုန်းကို နည်းစေပါတယ်။ ဆပ်ပြာနဲ့ ရေမရနိုင်ရင်တော့ လက်ဆေးတဲ့ gel(ဂျယ်လ်)တွေသုံးနိုင်ပါတယ်။ သို့ပေမယ့် ရေ၊ ဆပ်ပြာနဲ့ ဆေးတာလောက်တော့ ထိရောက်မှုမရှိပါဘူး။ ဖြစ်နိုင်ရင် အစာမစားခင် လက်ဆေးသင့်ပါတယ်။ အထူးသဖြင့် အိမ်သာသွားပြီး မဖြစ်မနေ လက်ဆေးရပါမယ်။

ရေသန့်ဘူးလေးတွေ သုံးပါ။

အဲဒီဒေသက ထွက်တဲ့ရေက သန့်၊မသန့် မသေချာဘူးဆိုရင်(သို့) သင်ခရီးသွားတဲ့ နေရာက သန့်ရှင်းမှုသိပ်မရှိဘူးလို့ ထင်ရင် အဲဒီက ထွက်တဲ့ရေကို မသုံးသင့်ပါဘူး။ အဲဒီ ဒေသမှာနေတဲ့ သူတွေက ဘာမှ မဖြစ်ဘူးဆိုရင်တောင် သင့်အတွက် ရောဂါဖြစ်နိုင်ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အစာအိမ်ထဲမှာ ဒေသခံတွေလို ဝင်လာနိုင်တဲ့ ပိုးတွေကိုကာကွယ်ဖို့ ခုခံအား မရှိသေးလို့ပါ။

အစာအဆိပ်သင့်စေနိုင်တာကို သတိထားပါ။

ဖြစ်နိုင်ပါက သင်စားမယ့် အစားအစာတိုင်းက လတ်ဆတ်ခြင်း၊ ကျက်အောင် ချက်ထားခြင်း၊ အဖုံးမဖုံးဘဲ အကြာကြီးဖွင့်မထားခြင်း၊ ပူပူနွေးနွေးချက်ထားခြင်း ရှိမရှိ သေချာအောင်လုပ်ဖို့ အရေးကြီးပါတယ်။

ရေဓါတ်ပြည့်ဝအောင်နေပါ။

ရေဓါတ်ခမ်းခြောက်ခြင်းက အပူကြောင့်ဖြစ်စေတဲ့ အပူရှပ်ခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နှင့်

တစ်ခါတစ်ရံ အရေးပေါ်အခြေအနေထိ ဖြစ်နိုင်ပါတယ်။

ခင်အကိုက်မခံရအောင်နေပါ။

အန္တရာယ်အပေးနိုင်ဆုံး မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ခြင်အကိုက်မခံရ အောင်လည်းသင့်ကိုယ်သင် ကာကွယ်ရပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.everydayhealth.com/digestive-health/easy-ways-to-keep-from-getting-seasick.aspx

ယခုပုံစံ

12/05/2020

Khine Phoo Ngon မှ ရေးသားသည်။

Kyaw Zay Ya မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ

လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ



Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement