- လက်ကိုစင်အောင်ဆေးကြောပါ။
- အနာကို သန့်စင်တဲ့ ရိုးရိုးရေနဲ့ဆေးကြောပါ။ အညစ်အကြေးနဲ့အမှုန်အမွှားတွေပါသွားပါလိမ့်မယ်။
- အနာတဝိုက်ဘေးဧရိယာတွေကိုတော့ ဆပ်ပြာအပျော့စားနဲ့ရေနဲ့ဆေးကြောပါ။ အနာကို ဆပ်ပြာတိုက်ရိုက်မသုံးပါနဲ့။
သွေးတိတ်အောင်လုပ်ပါ
- အနာကို ပိုးသတ်ထားတဲ့ gauze သို့မဟုတ် သန့်စင်တဲ့အဝတ်စ နဲ့အုပ်ပြီး သွေးတိတ်တဲ့အထိ ဖိထားပေးပါ။
- gauze မှာသွေးတွေရွှဲလာရင် ဆွဲမဖယ်လိုက်ပါနဲ့။နောက်အသစ်တစ်ခုအပေါ်ကထပ်အုပ်ပါ။
- သွေးတိတ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ ဆက်ဖိထားပေးပါ။
- အနာရှိနေတဲ့အစိတ်အပိုင်း လက် သို့မဟုတ် ခြေထောက်ကိုမြှင့်ထားပေးပါ။
ဆေးထည့်ပါ
- ပိုးသတ်ဆေး၊ အနာထည့်ဆေးတစ်ခုခု ထည့်ပါ။
- ပြီးရင် ပလာစတာလေးကပ်ပြီးရောဂါပိုးမဝင်အောင်ကာကွယ်ပေးပါ။
တကယ်လို့ –
- ကလေးကသွေးအရမ်းထွက်နေရင်
- ၁၀ မိနစ်လောက်ဖိပေးထားတာတောင်သွေးမတိတ်ဘူးဆိုရင်
- ကလေးရဲ့အရေပြားမှာ တစ်စုံတစ်ခုစူးဝင်နေဆဲဖြစ်ရင် (ဥပမာ သံစူးတာ)
- မျက်လုံး သို့မဟုတ် နှာခေါင်း၊ နားရွက်တို့မှာ ရှတဲ့ဒဏ်ရာဆိုရင်
- ဒဏ်ရာကြီးရင်
- အနာက အပေါ်ယံကျက်သလိုနဲ့ ထိလိုက်တိုင်းသွေးပြန်ထွက်နေရင်
- တိရစ္ဆာန်အကိုက်ခံရတာဆိုရင်ဆေးကုသမှုသေချာခံယူသင့်သလို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကာကွယ်ဆေးတွေ ထိုးသင့် ထိုးရပါမယ်။
ညစ်ပေတဲ့အရာဝတ္ထုတွေကြောင့် စူးမိတာ၊ပြတ်ရှတာတွေအတွက်ဆို ဆရာဝန်က မေးခိုင်ကာကွယ်ဆေးထိုးခိုင်းနိုင်ပါတယ်။နောက်ပိုင်းမှာ အနာတဝိုက် နီမြန်းနေတာ၊ ပြည်တည်နေတာ၊ ရောင်ရမ်းနေတာလိုမျိုး လက္ခဏာတစ်ခုခုတွေ့ရရင် ဒါမှမဟုတ် အနာကိုထိလိုက်တဲ့အခါ ပူနေရင် အနာက ပိုးဝင်နေတာဖြစ်နိုင်လို့ အမြန်ကုသမှုခံယူသင့်ပါတယ်။
[embed-health-tool-bmi]