backup og meta

အပူလောင်နာ အမာရွတ်မကျန်စေဖို့

အပူလောင်နာ အမာရွတ်မကျန်စေဖို့
မဖြစ်ခင်က ကြိုတင်ကာကွယ်သင့်တဲ့ထဲမှာ အမာရွတ်ကလည်း တစ်ခုအပါအဝင်ပါ။ ထိခိုက်မှုတိုင်းက အမာရွတ်ြဖစ်စေတာ မဟုတ်ပါဘူး။ အမာရွတ်ဖြစ်နိုင်ခြေများတဲ့ ထိခိုက်မှုထဲမှာ အပူလောင်တာကလည်းတစ်ခုအပါအဝင်ပေါ့။ အပူလောင်တာကလည်းရှောင်လွှဲဖို့ခက်ပါတယ်။ အထူးသဖြင့်လေဒီလေးေတွမှာပိုဖြစ်တတ်ပါတယ်။ ချက်ရင်းပြုတ်ရင်းရနိုင်သလို မီးပူတိုက်ရင်းကလည်း အပူလောင်နိုင်ပါတယ်နော်။ ဒီတော့ မတော်တဆအပူလောင်တာကြောင့် တစ်သက်တာ အမာရွတ်မကျန်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် လမ်းညွှန်ပါရစေနော်။

အပူလောင်ဒဏ်ရာအကြောင်း တစေ့တစောင်း

ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို

  • First-degree burn – အရေပြားအပေါ်ယံလွှာထိခိုက်မိတာပါ။ အနည်းငယ်နာကျင်နိုင်ပြီး နီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။
  • Second-degree burn – အရေပြားအတွင်းပိုင်းလွှာအထိရောက်တဲ့ အပူလောင်ဒဏ်ရာမျိုးပါ။ အရေကြည်ဖုလေးတွေဖြစ်နိုင်သလို အရေပြားမှာ အဖြူရောင်အကွက်မျိုးဖြစ်တာ အရေပြားအပေါ်ယံလွှာပြောင်ပြီး တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။
  • Third-degree burn – အရေပြားအလွှာတွေအားလုံးကို ထိခိုက်ပျက်စီးသွားတဲ့အနေအထားမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။
  • Fourth-degree burn – အရေပြားအလွှာအားလုံးထိခိုက်ပျက်စီးသွားတဲ့အပြင် အဆစ်တွေနဲ့ အရိုးတွေအထိပါ ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။

ဒါတွေကြောင့် အရေပြားမှာ အပူလောင်တာတွေဖြစ်နိုင်ပါတယ်နော်

ပြင်းထန်တဲ့ အပူရှိန်ကြောင့် အရေပြားမှာ အပူလောင်တာတွေဖြစ်နိုင်ပါတယ်။

  • ရေနွေးပူလောင်တာ
  • ဆီပူလောင်တာ
  • မီးပူနဲ့ကပ်မိတာ
  • ဟင်းရည်ပူလောင်တာ
  • ပူပြင်းတဲ့နေရောင်နဲ့ အချိန်ကြာမြင့်စွာထိတွေ့တာ
  • ဓါတုပစ္စည်းေတွလောင်တာကြောင့် အရေပြားမှာ အပူလောင်နာတွေဖြစ်နိုင်ပါတယ်နော်။

အပူလောင်တဲ့အခါ အမာရွတ်ကျန်ရတာ ဒီအချက်ကြောင့်ပါ

အရေပြားကို အရမ်းပူတဲ့အရာတွေနဲ့ ထိတွေ့ အပေါ်ယံအရေပြားက တစ်ရှုးတွေနဲ့ ဆဲလ်တွေကိုထိခိုက်မိသွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ထိခိုက်တာကြောင့် ခန္ဓါကိုယ်ရဲ့ အနာကျက်တဲ့ဖြစ်စဉ်က တာဝန်ယူလှုပ်ရှားမှုကိုစလုပ်ပါတော့တယ်။ ဒီလိုလုပ်တဲ့အခါ ပျက်စီးသွားတဲ့ အရေပြားကိုပြုပြင်ဖို့အတွက် ခန္ဓါကိုယ်ကကော်လာဂျင်လို့ခေါ်တဲ့ပရိုတင်းကို ထုတ်လုပ်ပါတော့တယ်။ ဒီအခြေအနေက အမာရွတ်ကျန်ရှိစေမှုကို စတင်ဖြစ်စေတော့တာပါ။ အပူလောင်နာပြင်းထန်မှုအဆင့်အလိုက် အရေပြားပျက်စီးမှုကကွာခြားပါတယ်။ အရေပြားပျက်စီးမှုများလေလေ အမာရွတ်ကျန်နိုင်လေလေပါ။

အပူလောင်နာကြောင့်နောက်ဆက်တွဲ ဒါတွေဖြစ်နိုင်ပါတယ်

အပူလောင်နာကပြင်းထန်ရင်နောက်ဆက်တွဲပြဿနာေတွများနိုင်ပါတယ်နော်။

ကူးစက်ပိုးဝင်နိုင်ပါတယ်

အခြားထိခိုက်ဒဏ်ရာတွေလိုပဲ အပူလောင်တာကြောင့် အနာကပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ အချို့သော ကူးစက်ပိုးဝင်မှုတွေက သိပ်မပြင်းထန်သလို ကုသရလည်းလွယ်ပါတယ်။ ပိုးကသွေးကြောထဲထိရောက်သွားတဲ့အခါမေးခိုင်ပိုးဝင်ပြီး အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။

ရေဓါတ်ခမ်းခြောက်နိုင်တယ်

အပူလောင်နာကရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။ရေဓါတ်အများကြီး ဆုံးရှုံးသွားမှုကသွေးထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တယ်

အပူလောင်တာအရမ်းပြင်းထန်တဲ့အခါ အရေပြားတင်မဟုတ်ဘဲ အရိုးတွေနဲ့ အဆစ်တွေကိုပါထိခိုက်စေနိုင်ပါတယ်။

ကြွက်သား နဲ့ တစ်ရှုးတွေထိခိုက်ပျက်စီးစေတယ်

အပူလောင်တာကြောင့် အပေါ်ယံအရေပြားတင်မဟုတ်ဘဲ အရေပြားအလွှာအောက်က ကြွက်သားတွေနဲ့တစ်ရှုးတွေပါ ထိခိုက်နိုင်ပါတယ်နော်။

စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်တယ်

ကြီးမားတဲ့ အမာရွတ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းစေနိုင်ပါတယ်။ လူမြင်သာတဲ့နေရာမျာဖြစ်နေခဲ့ရင် အမြဲလိုဖုံကွယ်ချသ်စိတ်တွေဖြစ်နေမိမှာပါ။

အမာရွတ်မထင်အောင် ဘယ်လိုလုပ်မလဲ

အပူလောင်နာကြောင့် အမာရွတ်မကျန်စေဖို့ဆိုရင်

  • အပူလောင်နာကိုရေအေး ဒါမှမဟုတ်ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
  • အနာပေါ်မှာ ပဋိဇီဝဆေးဝါးတစ်ခုခုသုံးပါ
  • အပူလောင်ရင် ကပ်တဲ့ ပလာစတာကို ကပ်ထားပါ
  • ဗီတာမင် စီ (ဗီတာမင် C) စားသုံးပေးပါ။

အနာကျက်ချိန်မှာ ဒါတွေဂရုစိုက်ပါ

  • အရည်ကြည်ဖုကို မဖောက်ပါနဲ့။
  • အရည်ကြည်ဖုဖြစ်နေချိန်မှာ ထိခိုက်မှုနည်းအောင်ဂရုစိုက်ပါ။
  • အရည်ကြည်ဖု သူ့အလိုလိုပေါက်သွားတဲ့အထိထားလိုက်ပါ။
  • အပူလောင်ထားတဲ့နေရာကို ပတ်တီးစပါးပါးလေးနဲ့ ဖုံးအုပ်ထားတာဖြစ်ဖြစ်လုပ်ပေးပါ။
  • နေလောင်ကာခရင်မ်လူးဖို့မမေ့ပါနဲ့။
  • နေရောင်နဲ့တိုက်ရိုက် မထိတွေ့ပါစေနဲ့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Burns Cause Scars and How Are Burn Scars Treated?https://www.healthline.com/health/burn-scars Accessed Date 29 April 2019

How Burn Scars Are Treatedhttps://www.verywellhealth.com/burn-scars-treatment-4173075 Accessed Date 29 April 2019

Post-burn scars and scar contractureshttps://www.ncbi.nlm.nih.gov/pmc/articles/PMC3038392/ Accessed Date 29 April 2019

ယခုပုံစံ

14/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူလောင်နာ ဘယ်လိုကုသရမလဲ

အိမ်မှာ အပူလောင်ရင် ဘယ်လို ပြုစုမလဲ



Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement