ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကထိခိုက်မိနိုင်တာပါပဲ။ငြိမ်ငြိမ်လေးထိုင်နေတာတောင် ထိခိုက်နိုင်တဲ့အရာက ကိုယ့်ကိုလာထိခိုက်မိနိုင်သေးတာ။ သွားလာလှုပ်ရှားနေရသူတွေအဖို့ကတော့ အနာကင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အနာဖြစ်လာတဲ့အခါ ခန္ဓါကိုယ်ရဲ့စနစ်က အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးရာမှာလည်း ခန္ဓါကိုယ်က သူ့အလိုလိုလုပ်လိမ့်မယ် ဘာမှလုပ်စရာမလိုဘူးမဟုတ်ပါဘူး။ အနေအထိုင် အစားအသောက်လေးဆင်ခြင်ပေးဖို့တော့လိုတာပေါ့။ ကဲ ဒီတော့ အနာကျက်မြန်အောင်ဘာတွေကို ဂရုစိုက်ဆင်ခြင်မလဲ။
အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။
အနာဖြစ်ပြီဆိုရင် ကြီးကြီးမားမားကျန်းမာရေးပြဿနာမှမဟုတ်တာဆိုပြီး အမှုမဲ့ အမှတ်မဲ့မနေပါနဲ့။ အနာကျက်နှေးစေနိုင်တဲ့ ဒီအစားအစာတွေကို မစားဖြစ်အောင်သတိထားပေးပါနော်။
ဟင်းခတ်အမွှေးအကြိုင်တွေ – ချင်းနဲ့နနွင်းတွေက ဟင်းပွဲတွေကို အရသာပြည့်ဝစေတာတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အတိုင်းအတာတစ်ခုအထိကောင်းကျိုးပြုပေးပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေက ခန္ဓါကိုယ်တွင်းမှာသွေးခဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံစားမယ်ဆိုရင် အနာကျက်မှုဖြစ်စဉ်အတွက်အဓိကအရေးပါတဲ့သွေးခဲမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အနာရှိနေတဲ့အချိန်မှာ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို အများကြီးမစားပါနဲ့။
အဆီထုတ်ထားတဲ့နို့ – အဆီထုတ်ထားတဲ့နို့တွေက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုနဲ့ ခန္ဓါကိုယ်ရဲ့ရောင်ရမ်းမှုကိုဖြစ်စေတဲ့လုပ်ဆောင်မှုတွေအပေါ်မှာ သက်ရောက်တာမျိုးတွေရှိနေပါတယ်။ရောင်ရမ်းမှုက ထိခိုက်ဒဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ကပထမဆုံးတုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုပါ။ ဒီတုံ့ပြန်မှုကြောင့်သွေးတိတ်သွားစေပြီးသွေးခဲအောင်လုပ်ဆောင်ပေးပါတယ်။ အဆီထုတ်နို့ကရောင်ရမ်းမှုဖြစ်စဉ်ကိုအနှောက်အယှက်ဖြစ်စေတာကြောင့် အနာကျက်နှေးစေပြီး မလိုအပ်ဘဲ ပိုးဝင်ကူးစက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်အနာကျက်မြန်ချင်တယ်ဆိုရင် အဆီထုတ်ထားတဲ့နို့တွေကို မသောက်ပါနဲ့။
သကြားဓါတ် –လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက အချိုများတဲ့ အစားအစာတွေက ကျန်းမာရေကိုထိခိုက်စေတယ်ဆိုတာကို လူတိုင်းကသိရှိထားပြီးဖြစ်မှာပါ။ မကြာသေးခင်ကတွေ့ရှိခဲ့တဲ့လေ့လာမှုတွေအရဆိုရင်လည်း အချိုများတဲ့အစားအစာတွေက ရင်သားကင်ဆြာဖစ်နိုင်ခြေကိုမြင့်စေနိုင်သလို အရေပြားထဲကကော်လာဂျင်ပမာဏအပေါ်မှာလည်း သက်ရောက်မှုရှိစေပါတယ်။ အနာကျက်ဖြစ်စဉ်အတွက်ကော်လာဂျင်ဒြပ်ပေါင်းကတော်တော်လေးအရေးပါတာပါ။
နိုက်ထရိတ်များတဲ့ အစားအစာတွေ – ခန္ဓါကိုယ်ရဲ့သွေးကြောတွေက အနာကျက်ဖြစ်စဉ်အတွက်အရေးပါတဲ့ ဓါတုဒြပ်ပေါင်းတွေကို သယ်ပို့ပေးတာပါ။ နိုက်ထရိတ်များတဲ့ အစားအစာတွေကသွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးထဲမှာ နိုက်ထရိတ်ပမာဏများတဲ့အခါသွေးကြောအတွင်းမှာ အဆီတွေကိုဖြစ်စေတဲ့atherosclerosis(သွေးကြောကျဉ်းခြင်း) လို့ခေါ်တဲ့ရောဂါအခြေအနေတစ်မျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါအခြေအနေကိုခံစားရတဲ့ အခါသွေးကြောလေးတွေ ပေါက်ထွက်ပျက်စီးသွားပြီး အနာကျက်တာကိုနှေးစေသလို ပုံမှန်မဟုတ်တဲ့သွေးယိုစီးတာ၊လေဖြတ်တာနဲ့ ရုတ်ရက်နှလုံးရပ်တာတွေအထိခံစားရနိုင်ပါတယ်။ ဒါကြောင့် အနာကျက်မြန်စေချင်တယ်ဆိုရင်ပြုပြင်ထားတဲ့အသားတွေကို မစားဖို့ပြောပါရစေ။
ဒီအစားအစာတွေအပြင် အနာတစ်ခုခုရှိနေတဲ့အခါ မာဂျရင်း လိုမျိုး ကိုယ်တွင်းရေဓါတ်ြဖည့်တင်းမှုဖြစ်စဉ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ပေးပါ။ အချိုရည်တွေကိုရှောင်သင့်ပါတယ်။နောက်တစ်ချက်က ကာဗိုဟိုက်ဒရိတ်နဲ့ပရိုတင်းတွအများကြီးစားသုံးတာမျိုးမလုပ်ဖို့ပါ။ ကြက်သွန်ဖြူလိုမျိုးသွေးကျဲစေနိုင်တဲ့ အစားအစာတွေကိုလည်း အများကြီးမစားသင့်ပါဘူး။ သွေးတွင်းသကြားဓါတ်အပေးမှာ သက်ရောက်မှုရှိနေတဲ့ အယ်လ်ကိုဟောနဲ့ကဖင်းပါတဲ့သောက်စရာတွေကိုလည်း လုံးဝရှောင်ရှားဖို့ပြောပါရစေ။
အနာဖြစ်တဲ့အခါရေများများသောက်၊ အိပ်ရေးဝဝအိပ်၊ အာဟာရပြည့်ဝအောင်စားသုံးပြီး ဗီတာမင် E၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C ြကွယ်ဝတဲ့အစားအစာတွေကို များများစားသုံးပေးပါ။ ဇင့်ဓါတ်ပါတဲ့ အစားအစာတွေကိုလည်း များများစားသုံးပေးပါ။ ဒီလိုလုပ်ပေးတာက အနာကျက်မြန်စေရုံတင်မဟုတ်ဘဲ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကိုကောင်းစေမှပါ။
အနာကျက်စေဖို့ နောက်ဆုံးအနေနဲ့ သတိထားရမှာက အနာရဲ့ သန့်ရှင်းရေးပါ။ အနာကိုသေချာသန့်စင်ဆေးကြောမယ်။ဆေးထည့်မယ်။ တစ်နေ့နှစ်ကြိမ် အနာစစ်ဆေးမယ်။ ပလာစတာကပ်မယ်ဆိုရင် အနာကရောဂါပိုးတွေရဲ့နှောင့်ယှက်မှုမခံရဘဲကောင်းကောင်းမွန်မွန်မြန်မြန်ဆန်ဆန်နဲ့ အနာကျက်မြန်စေမှာပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]