အောက်မှာပြထားတဲ့ လက္ခဏာတွေပါ ဖြစ်နေပြီဆိုရင်တော့ အရေးပေါ်ခန်းကို အမြန်သွားပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ပုံမှန်အိမ်မှာတွေ့နေကျ ပင့်ကူကိုက်ခံရတာဆိုရင်တော့ လက္ခဏာသိပ်မပြင်းထန်သလို အိမ်မှာအလွယ်တကူ ကုသလို့လည်း ရပါတယ်။
ပင့်ကူကိုက်ဒဏ်ရာအတွက် အိမ်တွင်းကုထုံးများ
၁။ ပင့်ကူကိုက်ခံရတယ်လို့ သိသိချင်းမှာ အမြန်ဆုံး ဆပ်ပြာနဲ့ ရေနဲ့ ပြောင်စင်အောင်ဆေးပေးပါ။
၂။ ခြောက်အောင်သုတ်ပြီးသွားတဲ့အခါ အရေပြားကို ရေခဲဝတ်ကပ်ပေးတာ၊ သန့်တဲ့အဝတ်ကို ရေခဲတုံးထည့်ပြီး ကပ်ပေးလို့ရပါတယ်။
၃။ အကိုက်ခံရတဲ့ အရေပြားကို ရှားစောင်းလက်ပပ်မှ ရတဲ့အနှစ်လိမ်းပေးခြင်းဖြင့် အဆိပ်ပြေစေသလို၊ ယားယံတာ၊ နီရဲတာအတွက်လည်း ပျောက်တာမြန်ပါတယ်။
၄။ လာဗင်ဒါအပင်၊ နှင်းဆီကရတဲ့ အဆီအနှစ်တွေကို လိမ်းပေးခြင်း၊ နှာခေါင်းနားတေ့ပြီး ရှူခြင်းဖြင့် နာကျင်ကိုက်ခဲတာကို သက်သာစေပြီး အနာကျက်လည်း မြန်စေနိုင်ပါတယ်။
၅။ ပြီးသွားရင် ရေနဲ့ပြောင်အောင် ဆေးပြီး နီးစပ်ရာဆေးခန်းက ပိုးသတ်လိမ်းဆေး သို့မဟုတ် antibiotic ခရင်မ်နဲ့ လိမ်းပေးပါ။ ပြီးသွားမှ ပလာစတာနဲ့ ကပ်ပေးရပါမယ်။
၆။ ဒဏ်ရာကို သန့်ရှင်းအောင်ထားပါ။ ပလာစတာက ရေစိုသွားရင် အသစ်တစ်ခုနဲ့ ချက်ချင်းလဲပါ။ တစ်နေ့ တစ်ခါ ပလာစတာကို အသစ်ပြန်လဲပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။