brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။ ဝနေတဲ့သူတိုင်း ဝိတ်ကျချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် ဝိတ်ကျဖို့အတွက်ကလည်း စိတ်ချရတဲ့နည်းဆို လေ့ကျင့်ခန်းလုပ် အစားလျှော့ ဒီ ၂ နည်းပဲရှိတယ်လေ။ ဒီ ၂ နည်းမှာဆို ဘယ်နည်းကို ရွေးတဲ့သူများမယ်ထင်လဲ။ သေချာတာကတော့ ပင်ပန်းတယ်တဲ့ လေ့ကျင့်ခန်းကို ရွေးမယ့်သူ အများကြီးမရှိဘူးဆိုတာပါပဲ။ လူတိုင်းက လေ့ကျင့်ခန်းနဲ့ အစားလျှော့တာဆို အစားလျှော့တာကို ရွေးကြတယ်လေ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

ဘယ်လောက်ပဲ ဝိတ်ကျဖို့ အစားလျှော့မယ် ပြောပြော အပြောကလွယ်ပြီးလိုက်လုပ်ဖို့ ခက်ပါတယ်။ အစားအသောက်တွေကို မြင်တာကြားတာနဲ့တင် ဗိုက်ဆာလာတဲ့သူတွေက ခပ်များများဆိုတော့ အစားလျှော့လည်း တစ်ရက်နှစ်ရက်ပါပဲ။ တောက်လျှောက်ကြီး လျှော့နိုင်တဲ့သူတွေကလည်း ရှားပါတယ်။

ဘာမှ မစားရလေ ပိုစားချင်လေမလား။ ဒီတော့ အချိန်ပိုင်းလေးအစာငတ်ခံပြီး ဝိတ်လေးလည်း လျှော့လို့ရမယ့် နည်းရှိတယ်ဆို စိတ်ဝင်စားကြမလား။ ။ ဒါကို Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) ရှိပါတယ်။

Intermittent fasting ဆိုတာဘာလဲ ။ ။

Intermittent fasting ဆိုတာ အချိန်ပိုင်းစားပြီး အချိန်ပိုင်း အစာအငတ်ခံခြင်းကို ဆိုလိုတာပါ။ သူ့မှာ ပုံစံအမျိုးမျိုးရှိပါတယ်။ ဥပမာ

  • ၁၆ : ၈ – ၂၄နာရီရှိတဲ့ အနက် ၈နာရီအတွင်းပဲ အစားစားပြီး ကျန်တဲ့ ၁၆ နာရီမှာ ဘာမှမစားတာကို ဆိုလိုတာပါ။ ဒီအချိန်က ကိုယ်လိုသလို ညှိလို့ ရပါတယ်။ တချို့က ၁၀ : ၁၄၊ ၂၀ : ၄ စသဖြင့် အမျိုးမျိုး စားကြပါတယ်။
  • ၅ : ၂ – သူကျတော့ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီရဲ့ ၅ပုံတစ်ပုံပဲစားပြီး အဲလိုမျိုး ၁ပတ်ကို ၂ ရက်လောက်စားတာကို ပြောတာပါ။ အဲဒီ ၂ ရက်က ဆက်မနေရပါဘူး။ ဥပမာ ကိုယ်လိုတဲ့ ကယ်လိုရီ ပမာဏက ၂၀၀၀ ဆို ၅၀၀ လောက်ကိုပဲ တစ်ပတ် ၂ ရက်စားရမယ်လို့ ဆိုလိုတာပါ။
  • 24hr fast ကျတော့ တစ်ပတ်တစ်ရက် ( ဒါမှမဟုတ် ) ၁ လတစ်ရက်လောက်ကို ဘာမှ မစားဘဲ နေတာကို ဆိုလိုတာပါ။

Intermittent fasting လုပ်နေသူတိုင်း သိသင့်တဲ့အချက်က

Intermittent fasting ကို တစ်ရက်ခြားမလုပ်သင့်ပါဘူး။ Intermittent fastingကို တစ်ရက်ခြားလုပ်လိုက်တဲ့အခါကျ ပြန်စားတဲ့ရက်ကျရင် ဆာလောင်စိတ်ပိုပြင်းပြနေပြီး အရင်စားနေကျထက် ၂ ဆလောက်ပိုစားမိတတ်လို့ပါ။ စစချင်း လုပ်မယ့်သူဆိုရင် တစ်ပတ်တစ်ရက်လောက်ပဲ စလုပ်သင့်ပါတယ်။ အထူးသဖြင့် extreme fasting ၄နာရီပဲ စားပြီး နာရီ ၂၀လုံးလုံး ဘာမှမစားတဲ့သူဆိုရင် နေ့တိုင်း လုပ်တာမျိုး ရှောင်သင့်ပါတယ်။

ဘာ့ကြောင့် ခုနောက်ပိုင်း Intermittent fasting က နာမည်ကြီးလာရတာလဲ ။ ။

  • လေ့လာချက်တွေအရ လူတွေက ဘောင်ထဲမှာနေရတာကို ပိုကြိုက်တယ်ဗျ။ အဆီများတာမစားနဲ့ အစားလျှော့စား ဆိုပြီး စည်းမရှိတာထက် ဘယ်အချိန်တွေဆိုစားလို့ရတယ် ဘယ်အချိန်တွေတော့ အစားမစားရဘူးလို့ဆိုပြီး သတ်မှတ်ထားပေးရင် ပိုလိုက်နာတတ်တဲ့ သဘောရှိတယ်လို့ Dr Patel က ဆိုပါတယ်။
  • နောက်ပြီး Intermittent fasting မှာ အဆီရှောင်၊ ကာဘိုဟိုက်ဒရိတ် ရှောင် ၊ အသားအများကြီး မစားနဲ့ ဆိုတာမျိုးတွေမရှိဘဲ မစားရမယ့် အချိန်ကသာ အရေးကြီးဆုံး ဖြစ်တာကြောင့် သူက နာမည်ကြီးရေပန်းစားနေရခြင်းပါ။

Intermittent fasting တွေထဲမှာမှ ဘယ်အချိန် အပိုင်းအခြားက နာမည်အကြီးဆုံးလဲ။ ။

၁၆ : ၈ ဖြစ်တဲ့ 12 noon – 8 pm က လူတိုင်းနီးပါးလုပ်နိုင်တဲ့ Intermittent fastingတစ်ခုပါ။ သဘောကတော့ နေ့လည် ၁၂ ကနေ ည ၈ အတွင်းပဲ အစားစားခွင့်ရှိတာပါ။ နောက်ပိုင်းကျန်တဲ့အချိန်တွေမှာ ဘာမှ မစားပါတော့ဘဲ နောက်နေ့ နေ့လည် ၁၂နာရီ ရောက်ရင်တော့ ပြန်စားလို့ရတာကို ဆိုလိုတာပါ။

Intermittent fasting မှာ သတိထားရမယ့် အချက်က စားရမယ့်အချိန်မှာလည်း စားတဲ့ပုံစံကို ထိန်းဖို့ပါ။ တစ်နေ့ကို ၈နာရီပဲ စားတယ်ဆိုပေမယ့် အဲ့ဒီ ၈နာရီအတွင်းမှာ တစ်နေ့တာ ကယ်လိုရီထက် ကျော်လွန်အောင် စားမိမယ်။ အဆီအဆိမ့်နဲ့ အချိုတွေ အစားများမယ်ဆိုရင် ဘာမှမထူးပါဘူး။

နောက်တစ်ချက်က အချိန်ပါ။ ၁၆နာရီ ဘာမှမစားဘူး။ ၈နာရီပဲ စားမယ်ဆိုပေမယ့် စားမယ့် ၈နာရီက ညဖြစ်နေလို့ မရပါဘူး။ ဥပမာ ၈နာရီဖြစ်ရင်ပြီးရော ည ၈နာရီကနေ မနက်၄နာရီထိ စားမယ်လို့ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ် အနားယူတဲ့ ညဘက်အချိန်တွေမှာ အစားရှောင်သင့်ပါတယ်။

ရေးသားသူ− Dr Thin Yadanar@ Frances

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/01/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။